တောင်ကိုရီးယားသံရုံးတချို့ အကြမ်းဖက် ခြိမ်းခြောက်မှု တပ်လှန့်

International News
တောင်ကိုရီးယားသံရုံးတချို့ အကြမ်းဖက် ခြိမ်းခြောက်မှု တပ်လှန့်

,လာအိုက တောင်ကိုရီးယားသံရုံးမှာ မြောက်ကိုရီးယားတွေ ခိုလှုံတတ်

မြောက်ကိုရီးယားကနေ သံတမန်တွေကို တိုက်ခိုက်လာမှာ စိုးလို့ တောင်ကိုရီးယားသံရုံးတချို့မှာ အကြမ်းဖက် ခြိမ်းခြောက်မှုအဆင့် တပ်လှန့် ထားပါတယ်။

မြောက်ကိုရီးယားသူလျှိုတွေကို လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်အပြင် တရုတ်က ရှန်ယန်းနဲ့ ရုရှားက ဗလာဒီဗော့စတော့ကိုပါ ပို့တယ် ဆိုတဲ့ အချက်အလက်တွေ ရကြောင်း တောင်ကိုရီးယား အစိုးရက ပြောပါတယ်။

တောင်ရော မြောက်ကိုရီးယား နှစ်နိုင်ငံလုံး ဒီနေရာ ငါးခုလုံးမှာ သံရုံး၊ ကောင်စစ်ဝန်ရုံးတွေ ရှိကြပါတယ်။

ဒီသူလျှိုတွေက တိုက်ခိုက်မယ့် ပစ်မှတ်တွေ ရှာနေတယ်လို့လည်း ဆိုပါတယ်။

ပြည်ပမှာ တာဝန်ချထားတဲ့ မြောက်ကိုရီးယားသံတမန်နဲ့ အဆင့်မြင့် အရာရှိ အများအပြား မနှစ်က ဘက်ပြောင်း ခိုလှုံတာတွေ ဖြစ်ခဲ့ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးဌာနက ဘီဘီစီကို ပြောပါတယ်။

ဒီကိစ္စအတွက် မြောက်ကိုရီးယားက တောင်ကိုရီးယား အစိုးရကို အပြစ်တင်ပြီး လက်တုံ့ပြန်ဖို့ စောင့်နေတယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယား စစ်နဲ့ နိုင်ငံရေးတက္ကသိုလ်ရောက် ကင်ဂျုံအွန်း

ကိုဗစ်ကပ်ဘေးအတွင်း ပြည်ပမှာ ပိတ်မိနေခဲ့တဲ့ မြောက်ကိုရီးယား အထက်လွှာက လူတွေ မြောက်ကိုရီးယား နယ်စပ်ပြန်ဖွင့်ချိန်မှာ အိမ်မပြန်ချင်လို့ ဘက်ပြောင်းခိုလှုံမှု များလာတာနဲ့ ဆက်စပ်နိုင်ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးက ပြောပါတယ်။

မြောက်ကိုရီးယား သူလျှိုတွေကို တရုတ်၊ အရှေ့တောင်အာရှနဲ့ အရှေ့အလယ်ပိုင်းလို နေရာတွေကို စေလွှတ်ပြီး အဲဒီနိုင်ငံတွေက တောင်ကိုရီးယား သံရုံးတွေကို ပိုတိုး စောင့်ကြည့်တာနဲ့ တောင်ကိုရီးယား နိုင်ငံသားတွေကို အကြမ်းဖက်ပစ်မှတ်အဖြစ် ရှာဖွေတာတွေ လုပ်နေတယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့က အေအက်ဖ်ပီ သတင်းဌာနကို ပို့တဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီလို ဘက်ပြောင်းခိုလှုံတာကို မြောက်ကိုရီးယားမှာ ကြီးလေးတဲ့ ပြစ်မှုအဖြစ် သတ်မှတ်ပြီး ကျူးလွန်သူတွေနဲ့ မိသားစုတွေအပြင် နည်းနည်းပါးပါး ပတ်သက်မိသူတွေကိုပါ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ပေးတယ်လို့ သိရပါတယ်။

ဒီလို မြောက်ကိုရီးယားသံဝန်ထမ်းတွေ သူတို့သဘောဆန္ဒနဲ့သူတို့ ဘက်ပြောင်းသွားတာကို ပြင်ပပယောဂကြောင့်ဆိုပြီး ကျန်ခဲ့တဲ့ သံရုံးဝန်ထမ်းတွေက အစီရင်ခံစာတွေ ရေးနိုင်တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးက ပြောပါတယ်။

ဒါကြောင့် မြောက်ကိုရီးယားက တောင်ကိုရီးယား သံရုံးဝန်ထမ်းတွေအပေါ် လက်တုံ့ပြန်တာတွေ လုပ်နိုင်တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးက ဖြည့်စွက်ပြောပါတယ်။


ဗလာဒီဗော့စတော့ရောက် ကင်ဂျုံအွန်းရဲ့ သက်တော်စောင့်များ

မြောက်ကိုရီးယားမှာ နိုင်ငံ ၁၅ဝ ကျော်နဲ့ သံတမန် အဆက်အသွယ်ရှိပေမယ့် ဘဏ္ဍာရေး ကျပ်တည်းမှုကြောင့် ၁၉၉၀ ပြည့်လွန်နှစ်တွေကတည်းက ပြည်ပသံရုံးတွေကို လျှော့ချခဲ့ရပါတယ်။

တောင်ကိုရီးယားကို မနှစ်က မြောက်ကိုရီးယား ၁၉၆ ယောက် ဘက်ပြောင်းခိုလှုံကြောင်းလည်း တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက ဆိုပါတယ်။ ဒီထဲမှာ မြောက်ကိုရီးယား ထိပ်တန်းအလွှာထဲက လူ ၁ဝ ယောက်လောက်ပါပြီး သံတမန်တွေနဲ့ သူတို့ သားသမီးတွေ ဖြစ်နိုင်ပါတယ်။

ဒါဟာ ၂၀၁၇ နောက်ပိုင်း အများဆုံး ဘက်ပြောင်းတဲ့ မြောက်ကိုရီးယား အထက်လွှာ အရေအတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုဗစ်ကပ်ဘေး ပြီးဆုံးသွားလို့ မြောက်ကိုရီးယားမှာ ပိတ်မိနေတဲ့ ထောက်လှမ်းရေးသူလျှိုတွေ အပြင်ထွက်ပြီး လှုပ်ရှားခွင့်ရသလို တောင်ကိုရီးယားတွေလည်း လွတ်လပ်စွာ သွားလာခွင့်ရကြောင်း ကိုရီးယား အကြမ်းဖက် လေ့လာရေး အဖွဲ့ ဥက္ကဋ္ဌ လီမန်ဂျုံးက အေအက်ဖ်ပီ သတင်းကို ပြောပါတယ်။

ကင်မိသားစုကို ကိုးကွယ်ရတဲ့ မြောက်ကိုရီးယားပြည်သူတွေ

ကိုဗစ်ကပ်ဘေးအတွင်း ပြည်ပမှာ နေချိန် ပိုရလိုက်တဲ့ မြောက်ကိုရီးယားတွေအတွက် သူတို့နိုင်ငံက တံခါးပိတ်အစိုးရအပေါ် သံသယတွေ ပိုများလာစေကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။

နိုင်ငံခြားမှာ နေတုန်း ကလေးတွေကို ရိုးရိုးပုံမှန်ကျောင်းတွေပို့နိုင်ပြီး ဝါဒဖြန့်ပညာရေးနဲ့ မြောက်ကိုရီးယားအစိုးရအပေါ် နာခံမှုကို ဒီမြောက်ကိုရီးယားတွေ ရှောင်နိုင်လာကြောင်း မြောက်ကိုရီးယား လေ့လာရေး ကမ္ဘာ့သိပ္ပံက အန်ချန်အီးလ်က အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။ ချန်အီးလ်ကိုယ်တိုင်လည်း မြောက်ကိုရီးယားက ဘက်ပြောင်းလာသူ ဖြစ်ပါတယ်။

ဒီလို အထက်လွှာက ပြည်ပရောက် မြောက်ကိုရီးယားတွေ ထွက်ပြေးတာတွေ များလာလို့ ပြည်ပရောက် မြောက်ကိုရီးယား သံဝန်ထမ်းတွေမှာ ပိုပြီး ထုချေလွှာတွေ တင်လာရသလို မြောက်ကိုရီးယားအစိုးရဆီက ဖိအားတွေ ပိုများလာတယ်လို့လည်း ချန်အီးလ်က ပြောပါတယ်။ ဒါကြောင့် ပြည်ပရောက် တောင်ကိုရီးယားတွေကို မြောက်ကိုရီးယားက အကြမ်းဖက် တိုက်ခိုက်တာတွေ မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူးလို့လည်း သူက ဆိုပါတယ်။

ကမ္ဘာအနှံ့က မြောက်ကိုရီးယား လက်ချက်တွေ

ရန်ကုန် အာဇာနည်ကုန်းမှာ thayဆုံးတဲ့ တောင်ကိုရီးယားတွေအတွက် အောက်မေ့ဖွယ်နေရာ

၁၉၉၆ က တောင်ကိုရီးယား ကောင်စစ်ဝန်ကို ဗလာဒီဗာ့စတော့မြို့မှာ လုပ်ကြံthetဖြတ်ခဲ့မှု နောက်ကွယ်မှာ မြောက်ကိုရီးယား ရှိတယ်လို့ သံသယ ရှိကြပါတယ်။ ဒီတုန်းက လူthetသမား ဘယ်သူလဲ ဆိုတာကိုလည်း မသိခဲ့ရပါဘူး။

မြောက်ကိုရီးယားရဲ့ မူးယစ် မှောင်ခိုလုပ်ငန်းနဲ့ ငွေအတုလုပ်တာလို တရားမဝင်လုပ်ငန်းတွေကို ဒီကောင်စစ်ဝန်က စောင့်ကြည့်နေခဲ့ကြောင်း တောင်ကိုရီးယားဘက်က ပြောပါတယ်။

၁၉၈၃ တုန်းကလည်း မြန်မာပြည် ရန်ကုန်မြို့ အာဇာနည်ကုန်းကို လာတဲ့ အဲဒီအချိန်က တောင်ကိုရီးယားသမ္မတ ချန်ဒူးဝမ်ကို မြောက်ကိုရီးယားက ဗုံးခွဲလုပ်ကြံခဲ့ပါတယ်။ ချန်ဒူးဝမ် မthayပေမယ့် လူ ၂၁ ယောက် thayပြီး ဒီထဲမှာ တောင်ကိုရီးယား ဝန်ကြီးတချို့ပါပါတယ်။

တောင်ကိုရီးယားဟာ မြောက်ကိုရီးယားရဲ့ အဓိက ရန်သူ ဆိုပြီး မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းက ကြေညာထားပါတယ်။

သူ့နယ်မြေပိုင်နက်ကို ၀.၀၀၁ မီလီမီတာ ကျူးရင်တောင် စစ်တိုက်မယ်လို့ ခြိမ်းခြောက်ထားတာပါ။

၂၀၀၄ က ခြိမ်းခြောက်မှုကြောင့် စောင့်ကြည့်ခဲ့ရတဲ့ ဘန်ကောက်က တောင်ကိုရီးယားသံရုံး

မြောက်ကိုရီးယား အစိုးရ သတင်းမှာတော့ ဒီအကြမ်းဖက် စွပ်စွဲချက်တွေကို အမေရိကန်ရဲ့ ဝါဒဖြန့်မှုအဖြစ် တုံ့ပြန်ပြောကြားခဲ့ကြောင်း ရိုက်တာ သတင်းမှာ ပါရှိပါတယ်။

၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက တောင်ကိုရီးယား လေကြောင်းပိုင် လေယာဉ်တစင်းကို ဗုံးခွဲမှုနဲ့ ဆိုးလ်လေဆိပ် ဗုံးခွဲမှုတွေလို အရပ်သားတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှု အများအပြား မြောက်ကိုရီးယား ကျူးလွန်တယ် ဆိုပြီး စွပ်စွဲခံခဲ့ရပါတယ်။

နောက်ပြီး အမေရိကန်က မြောက်ကိုရီးယားကို အကြမ်းဖက် နိုင်ငံစာရင်း ၂၀၁၇ ကတည်းက ပြန်ထည့်ထားပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ အဖေတူ အမေကွဲ အစ်ကို ကင်ဂျုံနမ်းကို မလေးရှား လေဆိပ်မှာ thetဖြတ်မှုမှာ VX အာရုံကြော အဆိပ်ကို သုံးခဲ့လို့ ဖြစ်ပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။