5G ထက် အဆ ၂၀ မြန်တဲ့ 6G wireless ကိရိယာတစ်ခုကို ဂျပန်လုပ်ငန်းစုတွေ ဖန်တီး

International News Tech
5G ထက် အဆ ၂၀ မြန်တဲ့ 6G wireless ကိရိယာတစ်ခုကို ဂျပန်လုပ်ငန်းစုတွေ ဖန်တီး

ဂျပန်နိုင်ငံမှ ဆက်သွယ်ရေးလုပ်ငန်းစုတွေ ပူးပေါင်းထားတဲ့ အဖွဲ့အစည်းတစ်ခုဟာ 5G ထက် အဆ ၂၀ မြန်တဲ့ 6G wireless ကိရိယာတစ်ခု ဖန်တီးခဲ့ပါတယ်။ အဲဒီကိရိယာဟာ ပေ ၃၃၀ အကွာအဝေးအတွင်း တစ်စက္ကန့်ကို 100 gigabits (Gbps)နှုန်း ဒေတာတွေ ပို့လွှတ်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

DOCOMO ၊ NTT Corporation ၊ NEC Corporation ၊ Fujitsu လုပ်ငန်းစုတွေ ပူးပေါင်းထားတဲ့ အဖွဲ့အစည်းဟာ ၂၀၂၁ ခုနှစ်ကတည်းက 6G ကိရိယာကို သုတေသနပြု၊ ဖန်တီးခဲ့ကြတာပါ။ အခုချိန်မှာတော့ ဂျပန်နိုင်ငံရဲ့စစ်ဘက်ဆိုင်ရာတွေမှာ စတင်စမ်းသပ်အသုံးပြုသွားမှာဖြစ်ပြီး ၂၀၃၀ အစောပိုင်းမှာ လူထုကြားဖြန့်ချီမယ်လို့သိရပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။