၂၀၂၄ ခုနှစ် မေလ ၆ ရက်နေ့ မှ မေလ ၁၂ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

Astrology
၂၀၂၄ ခုနှစ် မေလ ၆ ရက်နေ့ မှ မေလ ၁၂ ရက်နေ့အထိ တစ်ပတ်စာ ၁၂ ရာသီခွင်အလိုက် ဟောစာတမ်းများ

ရာသီခွင်အလိုက် ယေဘူယျ အကျဉ်းချုပ် ဟောစာတမ်းများဖြစ်ပါသည် ။ အကောင်းအဆိုး ၊ အကြောင်းအကျိုးကို ဆင်ခြင်ပြုမူဆောင်ရွက်နိုင်ရန်အတွက်သာဖြစ်သည်။

မိဿရာသီခွင် – Aries ( May 6 to May 12 )
===============================================

ယခုအပတ်တွင် Aries ရာသီခွင်တို့သည် အလုပ်တာဝန် များပြားနေသည့် ကြားမှ ကျန်းမာရေးသည် ပုံမှန်ထက် ကောင်းမွန်နေပါမယ်။ သို့သော် ပေ့ါပေါ့ဆဆ မနေပါနှင့်။ မိမိ၏ ကျန်းမာရေးကို လေးစားပီး ကောင်းမွန် မျှတသော လုပ်ရိုးလုပ်စဉ်ဖြင့် ထိန်းသိမ်းပေးပါ။

သီတင်းပတ် အစတွင် ငွေကြေး ကိစ္စများ အဆင်ပြေနိုင်သော်လည်း သီတင်းပတ် အကုန်တွင် အကြောင်း ကိစ္စ တစ်ခုခု သို့မဟုတ် အခြားအရာတို့ကြောင့် ကုန်ဆုံးရဖွယ် ရှိနေပါတယ်။ ငွေ‌ကြေး အဟန့်အတားများ ရှိနေတတ်ပါတယ်။ မှန်ကန်သော နည်းဗျူဟာဖြင့် ငွေကြေး သုံးစွဲပါ။

ဤကာလအတွင်း မိသားစု ဘဝတွင် သာယာပျော်ရွင်မှုများ ရှိနေပါမယ်။ ကြုံတွေ့နေရသော ပြဿနာ အမျိုးမျိုးမှ လွတ်မြောက်ကာ လေးစားမှုကို တိုးတက်စေမှာ ဖြစ်ပါတယ်။

ပြိဿရာသီခွင် – Taurus ( May 6 to May 12 )
===============================================

ယခုအပတ်တွင် Taurus ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတို့ကြောင့် ပင်းပန်းနွမ်းနယ် နေနိုင်ပါမယ်။ အရာရာကို အလိုမကျကာ စိတ်တို၊ ဒေါသ ဖြစ်လွယ်နေပါမယ်။ ဒါကြောင့် အလုံအလောက် အနားယူပေးပါ။ တရားထိုင်ခြင်း ကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ မြှင့်တင်မှုများ ပြုလုပ်ပေးရန် လိုအပ်ပါမယ်။

အကယ်၍ အစိုးရကဏ္ဍနှင့် ပက်သက်နေပါက ယခုအပတ်တွင် သတိထားပေး ရပါမယ်။ အကျိုးအမြတ်များ ရရှိနိုင်သလို အတိုက်အခိုက်များလည်း ရှိနေတတ်ပါတယ်။ စီးပွားရေး လုပ်ကိုင်ကြသူများ အနေနှင့် ကောင်းမွန်သော အမြတ်အစွန်းများ ရရှိနိုင်ဖွယ် ရှိနေပါတယ်။

ဤကာလအတွင်း Taurus ရာသီခွင်တို့၏ မိသားစု ဘဝတွင် အပြုသဘောဆောင်သော အပြောင်းအလဲများ ရှိနေတတ်ပါတယ်။

မေထုန်ရာသီခွင် – Gemini ( May 6 to May 12 )
===============================================

ယခုအပတ်တွင် Gemini ရာသီခွင်တို့သည် ကျန်းမာရေးနှင့် ပက်သက်၍ အနည်းငယ် ညံ့ဖျင်းနေတတ်ပါတယ်။ အထူးသဖြင့် သက်သက်လွတ် စားသုံးကြသူများ အနေနှင့် ကိုယ်ခံအားနည်းနေနိုင်ပါတယ်။ ဒါကြောင့် အာဟာရဓာတ် ပြည့်ဝအောင် အစားအစာများကို စားသုံးပေးပါ။ ဒါ့အပြင် အစာစားပီးတိုင်း မိနစ် အနည်းငယ်ခန့် လမ်းလျှောက်ပေးပါ။

ငွေရေးကြေးအားဖြင့် ရရှိလာ‌သော ငွေ‌ကြေးထက် ပိုမိုသုံးစွဲရဖွယ် ရှိနေပါတယ်။ အထူးသဖြင့် မိသားစုရေးရာ ကိစ္စရပ်များအတွက် ငွေကြေး သုံးစွဲရတတ်ပါတယ်။

ဤကာလအတွင်း မိသားစုဝင်များ အပေါ် မိမိ၏ ဂရုစိုက်မှု၊ ချစ်ခြင်မေတ္တာတို့ကို ထုတ်ဖော် ပြသပေးရန် လိုအပ်ပါလိမ့်မယ်။

ကရကဋ်ရာသီခွင် – Cancer ( May 6 to May 12 )
===============================================

ယခုအပတ်တွင် Cancer ရာသီခွင်တို့၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ ကြီးကြီးမားမား နားမကျန်းမှု မရှိနိုင်ပေ။ ကျန်းမာရေးနှင့် ညီညွတ်ပြီး ဗီတာမင် C ကြွယ်ဝသော အစားအစာများကို ပုံမှန်စားသုံးပေးပါ။

ဤကာလအတွင်း ငွေကြေးအရ တိုးတက်မှုများ ရှိနေပါမယ်။ မိမိ၏ အိမ်ထောင်ဖက် မိသားစု သို့မဟုတ် ဘိုးဘွားပိုင် ပစ္စည်းမှရုတ်တရက် အကျိုးခံစားခွင့်များ ရရှိနိုင်ပါတယ်။ ဒါကြောင့် ဤကာလအတွင်း အခွင့်အရေးများကို မှန်ကန်စွာ အသုံးချပါ။

မိသားစုများအား အချိန်ပိုပေးနိုင်ပါလိမ့်မယ်။ အတိတ်က အကြောင်းအရာ အချို့နှင့် လွမ်းဆွေး တမ်းတစေနိုင်ပါတယ်။

သိဟ်ရာသီခွင် – Leo ( May 6 to May 12 )
===============================================

ယခုအပတ်တွင် Leo ရာသီခွင်တို့သည် စိတ်ပိုင်းဆိုင်ရာအားဖြင့် ပိုမိုကောင်းမွန်လာပါမယ်။ သို့သော် အခြားသူများနှင့် စကားပြောဆိုရာတွင် အနည်းငယ် ချိတုံချတုံ ခံစားနေရတတ်ပါတယ်။ အထူးသဖြင့် အတိတ်ကာလမှ ရုန်းထွက်ကာ ဘဝသစ် တစ်ခု စတင်ရန် ကြိုးစားခြင်းက ပိုမိုကောင်းမွန်စေပါမယ်။

ငွေကြေး အရ အချိန်အတော်ကြာ ပြဿနာ ကြုံတွေ့နေရပါက အတိုင်းအတာ တစ်ခု အထိ ကျော်လွှားနိုင်ပါမယ်။ ဥပဒေရေးရာ ကိစ္စရပ်များနှငိ့ ရင်ဆိုင်နေရသူများ အနေနှင့် ကံကြမ္မာ၏ အလေးပေးမှုကို ရရှိနိုင်ပါမယ်။ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် အ‌ကျိုး‌အကြောင်းဘက်စုံ တွေးပီးမှသာ ချမှတ်ပေးပါ။

ဤကာလအတွင်း မိသားစုဝင် အ‌ချို့၏ လစာတိုးခြင်းကြောင့် ငွေကြေး အကျိုးခံစားခွင့်များ ရရှိနိုင်ပါမယ်။ ဒါ့ကြောင့် အိမ်ပြုပြင်ခြင်း စသော ကိစ္စရပ်များ လုပ်ဆောင်ရတတ်ပါတယ်။

ကန်ရာသီခွင် – Virgo ( May 6 to May 12 )
===============================================

ယခုအပတ်တွင် Virgo ရာသီခွင်တို့သည် ကျန်းမာရေးအားဖြင့် ကောင်းမွန်နေပါမယ်။ ရောဂါကြီးကြီးမားမားမား မဖြစ်ပေါ်နိုင်ပေ။ စိတ်ပိုင်းဆိုင်ရာ တက်ကြွမှုနှင့် အတူ အလုပ်များကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပါမယ်။

ငွေရေးကြေးရေးအားဖြင့် ကံတရား ကောင်းမွန်နေမည့် အချိန်ကာလ ဖြစ်ပါတယ်။ ငွေကြေး အခွင့်အလမ်းများနှင့် အတူ တိုးတက်မှုများ ရှိနေပါမယ်။ ကိုယ်ပိုင်း စီးပွားရေး လုပ်ကိုင်ကြသူများ အနေနှင့်လည်း မိမိမျှော်မှန်းထားသည်ထက် သာလွန်သော အမြတ်အစွန်းများ ရရှိနိုင်ပါမယ်။

သို့သော် မိသားစုရေးရာ ကိစ္စရပ်တွင်မှု အနှောင့်အယှက် အချို့ ရှိနေတတ်ပါတယ်။ အကယ်၍ ခရီးထွက်ရန် စီစဉ်နေပါက မိသားစုဝင် တစ်ဦး၏ ကျန်းမာရေးချို့တဲ့မှုကြောင့် အချိန်အတိုင်း အတာတစ်ခုအထိ ရွှေ့ဆိုင်းခံရဖွယ် ရှိနေပါတယ်။

တူရာသီခွင် – Libra ( May 6 to May 12 )
===============================================

ယခုအပတ်တွင် Libra ရာသီခွင်တိုသည် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ တိုးတက်မှုများ ရှိနေပါမယ်။ အမှောင်ထုထဲတွင် ပိတ်လှောင် မနေဘဲ တက်တက်ကြွကြွဖြင့် တရက်တာကို ဖြတ်သန်းပေးပါ။

ငွေရေးကြေးရေးအရ စိတ်လှုပ်ရှားဖွယ် အခိုက်အတန့်များဖြငိ့ ကြုံတွေ့ရတတ်ပါတယ်။ ကောင်းမွန်သော ငွေကြေး အကျိုးခံစားခွင့်များ ပေးစွမ်းနိုင်ရုံ သာမက ဘဏ္ဍာရေး အခြေအနေသည် ယခင်ထက် ပိုမို အားကောင်း လာစေပါမယ်။

ယခုအပတ်မှာတော့ မိသားစုဝင်များ၏ အကူအညီဖြင့် လူမှုရေးရာ ကိစ္စရပ်များ လုပ်ဆောင်ရဖွယ် ရှိနေပါတယ်။ ထိုသို ပြုလုပ်ခြင်းဖြင့် အခြားသူများ၏ လေးစားမှုကို ရရှိကာ မိမိ၏ ယုံကြည်မှုကိုလည်း ပိုမိုအားကောင်း လာစေပါမယ်။ ဒါ့အပြင် ဘာသာရေး လှုပ်ရှားမှုများတွင်လည်း ပါဝင်လုပ်ဆောင်ရတတ်ပါတယ်။

ဗြိစ္ဆာရာသီခွင် – Scorpio ( May 6 to May 12 )
===============================================

ယခုအပတ်တွင် Scorpio ရာသီခွင်တို၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ ယုံကြည်မှု အားကောင်းနေသောကြောင့် ဆုံးဖြတ်ချက်များကို အလျင်အမြန် ချမှတ်နိုင်ပါလိမ့်မယ်။

အထူးသဖြင့် ဤကာလအတွင်း Scorpio ရာသီခွင် အမျိုးသမီးများ ‌အနေနဲ့ ငွေကြေးကိစ္စများ ပြောဆိုဆောင်ရွက်ရာတွင် အထူးဂရုစိုက်ရန် လိုအပ်ပါမယ်။ တခြားသူများထံမှ ငွေကြေး အကူအညီ တောင်းဆိုမှုများ ရှိလာနိုင်ပါတယ်။

ယခင် အတိတ်တွင် အသက်မွေးဝမ်းကြောင်းနှင့် ပက်သက်၍ စိတ်ပျက်စရာ ကိစ္စရပ်များ ကြုံတွေ့ခဲ့ရပါက ယခုအပတ်တွင် အရာအားလုံး ပြန်လည် ကောင်းမွန်လာပါလိမ့်မယ်။

ဓနုရာသီခွင် – Sagittarius ( May 6 to May 12 )
===============================================

ယခုအပတ်တွင် Sagittarius ရာသီခွင်တို၏ ကျန်းမာရေးသည် ပုံမှန် အနေအထားတွင် ရှိနေပါိလိမ့်မယ်။ သိုသော် ရက်သတ္တပတ် အစောပိုင်းတွင် ညံ့ဖျင်းနေတတ်၍ ပိုမို ဂရုစိုက်ပေးပါ။

ငွေရေးကြေးရေးအရ အရောင်းအဝယ် ကိစ္စရပ်များ ပြုလုပ်ရာတွင် သတိထားပေး ရပါမယ်။ လိမ်လည် လှည့်ဖျားမှုတိုနှင့် ကြုံတွေ့နိုင်ခြေ ရှိနေပါတယ်။ မှန်ကန်သော လမ်းကြောင်းတိုဖြင့်သာ ငွေကြေး ရှာဖွေပါ။

ဤကာလအတွင်း Sagittarius ရာသီခွင်တို၏ မိသားစု ဘဝတွင် ပျော်ရွှင်စရာကောင်းသော အချိန်ကာလကို ပိုင်ဆိုင်နိုင်ပါမယ်။ မိသားစုဘဝကို အေးချမ်းစွာ ဦးဆောင်နိုင်ပါမယ်။

မကာရရာသီခွင် – Capricorn ( May 6 to May 12 )
===============================================

ယခုအပတ်တွင် Capricorn ရာသီခွင်တိုသည် ကြုံတွေ့နေရသော ကျန်းမာရေး ပြဿနာများမှ လွတ်မြောက်နိုင်ပါမယ်။ အထူးသဖြင့် အအေးစာများ၊ ရက်လွန် အစားအစာများကို ရှောင်ရှားပေးပါ။ မျက်စိနှင့် ပက်သက်၍ ဂရုစိုက်သင့်ပါတယ်။ ကျန်းမာရေးနှင့် အညီ ရေများများ သောက်သုံးပေးပါ။

ငွေရေးကြေးရေး အရ ပျမ်းမျှထက် ပိုမိုကောင်းမွန်သော ရလာဒ်များဖြင့် သက်သေပြနိုင်ပါမယ်။ မိမိ၏ ဘဏ္ဍာရေး အခြေအနေကို ခိုင်မာစေသော အခွင့်အလမ်းများစွာ ပေါ်ပေါက်နိုင်ခြေ ရှိနေပါတယ်။

အကယ်၍ Capricorn ရာသီခွင်တို၏ မိသားစု ဘဝတွင် အိမ်ထောင်သည် မိသားစုဝင် ရှိပါက ကလေးနှင့် ပက်သက်၍ သတင်းကောင်း ကြားသိရနိုင်ပါမယ်။ အပြုသဘောဆောင်သော အပြောင်းအလဲတိုဖြင့် စိတ်ဖိစီးမှုများကို ဖယ်ရှားပေး ပါိလိမ့်မယ်။

ကုမ်ရာသီခွင် – Aquarius ( May 6 to May 12 )
===============================================

ယခုအပတ်တွင် Aquarius ရာသီခွင်တို၏ ကျန်းမာရေးသည် ကောင်းမွန်နေမည့် အနေအထားတွင် ရှိနေပါမယ်။ အာရုံစူးစိုက်မှု အားကောင်းကာ အလုပ်များကို ကောင်းမွန်စွာ လုပ်‌ဆောင်နိုင်ပါမယ်။ ဒါ့အပြင် ဘာ‌သာရေးဆိုင်ရာ ကိစ္စ ပြုလုပ်ရန် အချိန်အကြာကြီး စိတ်ကူးနေပါက ယခုရက်သတ္တပတ်သည် အထူး ကောင်းမွန်နေပါမယ်။

အစိုးရကဏ္ဍနှင့် ဆက်စပ်လုပ်ကိုင်ကြသူများ အနေနှင့်လည်း ငွေကြေး အကျိုးခံစားခွင့်များ ရရှိတတ်ပါတယ်။ ကောင်းမွန်သော ငွေကြေးတိုဖြင့် ဘဏ္ဍာရေးသည် ခိုင်မာနေပါမယ်။

ဤကာလအတွင်း မိမိ၏ နေအိမ်သို ဧည့်သည်များ လာရောက်လည်ပတ်နိုင်ဖွယ် ရှိနေပါမယ်။ ပျော်ရွှင်ဖွယ် အခိုက်အတန့်တိုဖြင့် အချိန်အတူတူ ကုန်ဆုံးရနိုင်ပါမယ်။

မိန်ရာသီခွင် – Pisces ( May 6 to May 12 )
===============================================

ယခုအပတ်တွင် Pisces ရာသီခွင်တို၏ ကျန်းမာရေးသည် ကောင်းမွန်နေပါမယ်။ သိုသော် အတွေးလွန်ခြင်း အလေ့အထကို ဖယ်ပျောက်ပေးပါ။ မဟုတ်ပါက စိတ်ဖိစီးမှုကို ခံစားရစေကာ ကျန်းမာရေးအတွက် ဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်။

ငွေကြေး ကိစ္စရပ်နှင့် ပက်သက်၍ ရလာဒ်ကောင်းကို ရရှိစေနိုင်ပါတယ်။ ဘဏ္ဍာရေး အခြေအနေ တိုးတက်မှုများ ရှိနေပါမယ်။ စီးပွားရေး လုပ်ငန်းသစ်များ စတင်ရန်အတွက် သင့်တော်သော အချိန်ကာလ ဖြစ်ပါတယ်။

ယခုအပတ်တွင် မိတ်ဟောင်းဆွေဟောင်း၊ သူငယ်ချင်းဟောင်းများနှင့် ပြန်လည်တွေ့ဆုံ ရတတ်ပါတယ်။

ရေးသားသူ –Care Your Future – ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။