အယ်လ်ဂျာဇီရာ သတင်းထုတ်လွှင့်မှု အစ္စရေးအစိုးရ ပိတ်သိမ်း

International News
အယ်လ်ဂျာဇီရာ သတင်းထုတ်လွှင့်မှု အစ္စရေးအစိုးရ ပိတ်သိမ်း

အစ္စရေး၊ အယ်လ်ဂျာဇီရာ ရုပ်မြင်သံကြား
,အစ္စရေးရဲ့ ဆုံးဖြတ်ချက်ကို အယ်လ်ဂျာဇီရာ ရှုတ်ချ

အစ္စရေးနိုင်ငံမှာ အယ်လ်ဂျာဇီရာ ရုပ်မြင်သံကြား ထုတ်လွှင့်မှုတွေ ပိတ်သိမ်းတော့မယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နက်တာညာဟုက ထုတ်ဖော်ကြေညာလိုက်ပါတယ်။

ကာတာနိုင်ငံပိုင် အယ်လ်ဂျာဇီရာ သတင်းဌာနဟာ သွေးထိုးလှုံ့ဆော်မှုတွေ လုပ်နေတယ်လို့ မစ္စတာ နက်တာညာဟုက စွပ်စွဲပြောကြားခဲ့ပြီး ဒီလို ပိတ်သိမ်းဖို့ ကက်ဘိနက်ဝန်ကြီးအဖွဲ့က တစ်ညီတညွတ်တည်း ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အယ်လ်ဂျာဇီရာ သတင်းဌာနကတော့ ဒီလိုလုပ်တာဟာ “ရာဇဝတ်မှု မြောက်တယ်” ဆိုပြီး ရှုတ်ချ ပြောဆိုလိုက်ပါတယ်။

ဂါဇာဒေသထဲကို နိုင်ငံခြားသား သတင်းထောက်တွေ ဝင်ရောက် သတင်းယူခွင့် တားမြစ်ခံထားရပြီး အဲဒီမှာ အယ်လ်ဂျာဇီရာ သတင်းထောက်တွေနဲ့ သတင်းထောက်တချို့ပဲ မြေပြင်အခြေအနေကို သတင်းယူခွင့်ရတာ ဖြစ်ပါတယ်။

အယ်လ်ဂျာဇီရာ သတင်းဌာနဟာ အစ္စရေး ဆန့်ကျင်တဲ့ တဘက်သတ် သတင်းကွန်ရက် ဖြစ်တယ်လို့ အစ္စရေး အစိုးရတာဝန်ရှိသူတွေက နှစ်ပေါင်းများစွာ စွပ်စွဲလာခဲ့ကြတာပါ။

ဒါပေမဲ့ လူပေါင်း ၁၂၀၀ thayဆုံးခဲ့ပြီး ၂၅၀ ကျော် ဓားစာခံ ဖမ်းဆီးခံခဲ့ရတဲ့ အောက်တိုဘာလ ၇ ရက်နေ့ ဟားမတ်စ် ရဲ့ တိုက်ခိုက်မှု ဖြစ်ခဲ့ပြီးကတည်းက အယ်လ်ဂျာဇီရာ သတင်းဌာနအပေါ် စွပ်စွဲမှုတွေ ပိုပြင်းထန်လာခဲ့ပါတယ်။ ဓားစာခံ ၁၂၈ ဦး ခုချိန်ထိ ပျောက်နေဆဲ ဖြစ်ပြီး အဲဒီထဲက အနည်းဆုံး ၃၄ ဦးက thayဆုံးသွားပြီလို့ ယူဆထားပါတယ်။

အဲဒီ အောက်တိုဘာလ ၇ ရက်နေ့ကစပြီး ဂါဇာဒေသမှာ ပါလက်စတိုင်းလူမျိုး အနည်းဆုံး ၃၄၆၈၃ ဦးthayဆုံးခဲ့ပြီး ၇၈၀၁၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ဟားမတ်စ်အဖွဲ့ရဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အပြောအရ သိရပါတယ်။

အယ်လ်ဂျာဇီရာ သတင်းဌာနဟာ ဟားမတ်စ်အဖွဲ့နဲ့ နီးစပ်တဲ့ ဆက်နွှယ်မှုတွေ ရှိနေတယ်လို့ အစ္စရေးအာဏာပိုင်တွေက ပြောပါတယ်။ အယ်လ်ဂျာဇီရာ ကတော့ ဒါကို ခါးခါးသီးသီး ငြင်းဆိုထားပါတယ်။

ဟားမတ်စ်ကို ဆန့်ကျင်တဲ့ စစ်ပွဲအတွင်း နိုင်ငံတော် လုံခြုံရေးကို ထိပါးအန္တရာယ်ပေးနိုင်မယ်လို့ ယူဆရတဲ့ နိုင်ငံခြားအသံလွှင့်ဌာနတွေကို အစိုးရက ယာယီပိတ်သိမ်းနိုင်ခွင့် ဥပဒေတစ်ရပ်ကို ပြီးခဲ့တဲ့လတုန်းက အစ္စရေးပါလီမန်က အတည်ပြုပြဌာန်းခဲ့ပါတယ်။

ဒီပိတ်သိမ်းမှုဟာ ချက်ချင်း အသက်ဝင်မယ်လို့ အစ္စရေး ဆက်သွယ်ရေးဝန်ကြီး ရှလိုမို ကာဟီက ပြောပါတယ်။

ဒါက ယာယီပိတ်သိမ်းမှု ဖြစ်တဲ့အတွက် ၄၅ ရက်ကြာတိုင်း ပြန်အတည်ပြုဖို့ လိုမှာ ဖြစ်ပါတယ်။

အဲဒီယာယီပိတ်သိမ်းမှု ဥပဒေအရ ရုံးဌာနတွေ ပိတ်သိမ်းခံရမှာ ဖြစ်သလို ဝက်ဆိုက်တွေ ဖြုတ်ချခံရ၊ စက်ပစ္စည်းတွေ သိမ်းဆည်းခံရမှာ ဖြစ်ပါတယ်။

အယ်လ်ဂျာဇီရာ သတင်းဌာနရဲ့ ရုံးချုပ်ရှိရာ ကာတာနိုင်ငံရဲ့ အစိုးရကတော့ ၇ လနီးပါးကြာနေပြီဖြစ်တဲ့ ဂါဇာစစ်ပွဲ အဆုံးသတ်ရေးနဲ့ ပတ်သက်လို့ အစ္စရေးနဲ့ ဟားမတ်စ်အကြား ကြားဝင်ညှိနှိုင်းပေးနေပါတယ်။ ကာတာအစိုးရ ကြားဝင်စေ့စပ်ခဲ့တဲ့ ကနဦး ညှိနှိုင်းမှုတွေကြောင့် ယာယီအပစ်ရပ်သဘောတူမှု တစ်ခုရနိုင်ခဲ့ပြီး အစ္စရေးဓားစာခံ ၁၀၅ ဦး ပြန်လွတ်လာခဲ့ပါတယ်။

အယ်လ်ဂျာဇီရာ သတင်းဌာနက အစ္စရေးအစိုးရဟာ သူတို့ရဲ့ ဝန်ထမ်းတွေကို တမင် ပစ်မှတ်ထားခဲ့တာလို့ စွပ်စွဲပြောဆိုထားပါတယ်။

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအတွင်း အယ်လ်ဂျာဇီရာရဲ့ ဂါဇာဗြူရိုအကြီးအကဲ ဝါအယ်လ် အယ်လ် ဒါဒိုရဲ့ သားဖြစ်သူ ဟမ်ဇာ အယ်လ် ဒါဒို အပါအဝင် သတင်းထောက်တွေ thayဆုံးခဲ့ပါတယ်။ အစ္စရေးကတော့ သတင်းထောက်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ မဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

အစ္စရေးအစိုးရအနေနဲ့ သတင်းထောက်တွေကို thetဖြတ်၊ ဖမ်းဆီးနေတဲ့ သူတို့ရဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် လွတ်လပ်စွာ သတင်းဖော်ပြခွင့်ကို ဖိနှိပ်နေပေမဲ့လည်း အယ်လ်ဂျာဇီရာ သတင်းဌာနရဲ့ တာဝန်ထမ်းရွက်မှုတွေကိုတော့ တားဆီး ဟန့်တားလို့ ရမှာ မဟုတ်ပါဘူး လို့ သတင်းဌာန ပိတ်သိမ်းခံခဲ့ရအပြီး ထုတ်ပြန်ခဲ့တဲ့ အယ်လ်ဂျာဇီရာ သတင်းကွန်ရက်ရဲ့ တုံ့ပြန်ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။