ကဆုန်လအတွက် အကောင်းဆုံးယတြာ

Astrology
ကဆုန်လအတွက် အကောင်းဆုံးယတြာ

ကဆုန်လဆန်း(၁)ရက်နေ့ (8.5.2024) မှ ကဆုန်လကွယ်(6.6.2024)အထိ တစ်လတာလုံး

“​ပန်းကန်လုံး(သို့မဟုတ်)ဇလုံ အသေးတစ်လုံးထဲတွင်
ရေသန့်တစ်ဝက်နီးပါးထည့်၍ ထိုရေများထဲတွင်
နှင်းဆီပန်းပွင့်အနီ (၉)ပွင့်ကို စိမ်၍ ထည့်လိုက်ရမည်။

ဤယတြာကို ဘုရားကျောင်းဆောင် ပေါ်သို့တင်၍
မြတ်စွာဘုရားရှင်အား‌ လှူဒါန်းပေး‌ထားရပါမည်။

ယခုလတစ်လတာတွင် ဇီးဖျော်ရည်တစ်ခွက် ကို
နေ့စဥ်မြတ်စွာဘုရားရှင်အား ကပ်ပေးနေခြင်းဖြင့်လည်းမိမိအတွက်ထူးခြားမှူဖြစ်စဥ်များကောင်းကျိုးများစွာကိုလည်း ရရှိခံစား‌နေရမည်ဖြစ်သည်။
ကံချေကန်တော့ခြင်းကို လုပ်ဆောင်ဖို့ရန် မမေ့ပါနှင့်။

*နေ့စဥ်အောက်ဖော်ပြပါဂုဏ်တော်များကိုရွတ်ဖတ်ပါ။*
ဣတိပိသောဘဂဝါ ဝိဇ္ဇာစရဏသမ္ပန္နော=၁၇ခေါက်
ဣတိပိသောဘဂဝါ သုဂတော=၁၀ခေါက်
ဣတိပိသောဘဂဝါ သမ္မာသံဗု‌ဒ္ဓေါ=၈ခေါက်

ကဆုန်လနေ့စဥ်လာဘ်ပွင့်အရပ်မျက်နှာများ

တနင်္ဂနွေနေ့=မြောက်အရပ်
တနင်္လာနေ့=တောင်အရပ်
အင်္ဂါနေ့=အရှေ့တောင်အရပ်
ဗုဒ္ဓဟူးနေ့=အနောက်အရပ်
ကြာသပတေးနေ့=အရှေ့အရပ်
သောကြာနေ့=မြောက်အရပ်
စနေနေ့=တောင်အရပ်
အထက်ပါအတိုင်းနေ့အလိုက်နေ့စဥ်အရပ်မျက်နှာမူ
ဧဟိလာဘံ ဟူ၍(၂၇)ခေါက်တိတိရွတ်ပေးရပါမည်။

ဆုတောင်းစာ

“အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံးသည်ယခုကဆုန်လ တစ်လတာလုံးတွင် ကိုယ်ရောကျန်းမာ၊စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊အတိုက်အခိုက် များ မှန်သမျှ ကင်းရှင်းစေရပြီးကောင်းခြင်းမင်္ဂလာအဖြာဖြာတို့ဖြင့် အောင်မြင်‌၍စီးပွားလာဘ်လာဘ တိုးတက်အဆင်ပြေနေရပါလို၏။”

ဤယတြာအစီအရင်ကို တစ်နေ့တာတစ်နေ့ နေ့စဉ် အထက်ပါနည်းအတိုင်း သတိတရလေးနှင့် တိကျစွာ ပြန်လည်၍လုပ်ဆောင်ပေးနေခြင်းဖြင့် ကဆုန်လ အတွင်း ကံကောင်းခြင်းများ ရယူပိုင်ဆိုင်လိုက်ပါဗျ။နှင်းဆီပန်းများကို နှင်းဆီပန်း အပွင့် သီးသန့်ကိုသာအသုံးပြု၍ ယတြာကို လုပ်ဆောင်ရပါမည်။

အခုယတြာကို ယုံကြည်စွာဖြင့် ကဆုန်လတစ်လတာလုံးနေ့တိုင်း လုပ်ဆောင်ပေးနိုင်သလို (၃)ရက်လျှင် တစ်ကြိမ်စီယတြာလုပ်ဆောင်ပေးမည်ဆိုလည်း အဆင်ပြေပါတယ်။ဤယတြာကို ကဆုန်လ တစ်လတာလုံးအတွင်း၌မည်သည့်နေ့ရက်မှမဆို စတင်၍လုပ်ဆောင်နိုင်သည်။

ဤယတြာအစီအရင်သည် ရိုးရှင်း၍ အစွမ်းထက်ထိရောက်သောကြောင့် ယုံယုံကြည်ကြည်လုပ်ပါက ကဆုန်လ တစ်လတာလုံး အတွင်း၌ မိမိသည်အတိုက်အခိုက် အနှောင့်အယှက်များ ကင်းဝေးစေ၍စီးပွား လာဘ်ရွှင် သုခ ချမ်းသာခြင်းများ ရရှိပါမည်။

ရေးသားသူ –ဗေဒင်နှင့်အထူးယတြာပေးပညာရှင်ဆရာပေါက်ကျိုင်း

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။