အပြန်အလှန်သွင်းဂိုးတွေကို ထပ်မြင်ရဦးမယ့် ဂျော်ဒန်-တောင်ကိုရီးယား မကျေပွဲ

International News Sports
အပြန်အလှန်သွင်းဂိုးတွေကို ထပ်မြင်ရဦးမယ့် ဂျော်ဒန်-တောင်ကိုရီးယား မကျေပွဲ

ယနေ့ည မြန်မာစံတော်ချိန် ၉နာရီခွဲမှာ ယှဥ်ပြိုင်ကစားမယ့် ဂျော်ဒန် – တောင်ကိုရီးယားပွဲကတော့ အုပ်စုတုန်းက မကျေပွဲကို ထပ်နွှဲမယ့် ပွဲလို့ ညွှန်းရပါမယ်။
တစ်အုပ်စုတည်း ကျခဲ့ပြီး အပြန်အလှန် OG ဂိုးတွေနဲ့ ၂ဂိုးစီ သရေကျခဲ့ပြီး တောင်ကိုရီးယားက အုပ်စု ဒုတိယ၊ ဂျော်ဒန်က တတိယနေရာကနေ အသီးသီး တက်လှမ်းလာခဲ့တာပါ။

ဂျော်ဒန်အသင်းအတွက်တော့ ဆီမီးဖိုင်နယ်အဆင့်ကို ပထမဆုံးအကြိမ် တက်လှမ်းလာတာ ဖြစ်ပြီး အာရှဖလား ဗိုလ်လုပွဲကိုတော့ တစ်ကြိမ်မှ မရောက်ဖူးပါဘူး။
တောင်ကိုရီးယားအသင်းကတော့ ဒီနှစ်အာရှဖလားမှာ လိမ်ဖယ်လိမ်ဖယ်နဲ့ တက်လှမ်းလာတယ်လို့ ပြောရမှာ ဖြစ်ပြီး ဆော်ဒီကို နောက်ကျချေပဂိုးနဲ့ ပင်နယ်တီ အဆုံးအဖြတ်ခံယူကာ တက်လှမ်းလာသလို ဩဇီကိုလဲ အချိန်ပို သွင်းဂိုးနဲ့ အနိုင်ယူပြီး တက်လှမ်းလာတာပါ။

ထိပ်တိုက်တွေ့ဆုံမှု

– နောက်ဆုံး ၆ကြိမ်တွေ့ဆုံထားမှုမှာ တောင်ကိုရီးယားက ဂျော်ဒန်ကို မရှုံးဖူးပဲ ၃ကြိမ်နိုင်ပြီး ၃ကြိမ် သရေ ကစားထားပါတယ်။
– ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း ဂျော်ဒန်အသင်းအနေနဲ့ ၇ပွဲကစားထားရာမှာ ၄ပွဲနိုင်ပြီး ဂျပန်နဲ့ ခြေစမ်းပွဲမှာ ၆-၁၊ ဘာရိန်းနဲ့ အာရှဖလား အုပ်စုတွင်းမှာ ၁-၀ တို့နဲ့ ရှုံးထားပါတယ်။

– တောင်ကိုရီးယားကတော့ ၂၀၂၃ ဇွန်တုန်းက ပီရူးနဲ့ ခြေစမ်းပွဲမှာ ၁-၀နဲ့ အရေးနိမ့်ပြီးနောက် ၁၃ပွဲဆက် ရှုံးပွဲမရှိထားတော့ပါဘူး။

သုံးသပ်မှု

– ဂျော်ဒန်က ဒီပြိုင်ပွဲမှာ ထူးထူးခြားခြားနဲ့ ဆီမီးတက်လှမ်းလာတယ်လို့ ပြောရပါမယ်။ ဆီမီးတက်လာတဲ့ ၄သင်းအနက် ကမ္ဘာ့အဆင့် အနိမ့်ဆုံးအသင်းအဖြစ် ၈၇မှာ ရပ်တည်နေတာပါ။ တောင်ကိုရီးယားက ကမ္ဘာ့အဆင့် ၂၃ရှိပြီး အာရှရဲ့ အင်အားကြီး အသင်းတစ်သင်းပါ။ ဂျော်ဒန်အတွက် ဒီအဆင့်မှာ ဘာဖိအား မှ ရှိမနေပေမယ့် တောင်ကိုရီးယားအတွက်တော့ ဖိအားအနည်းငယ်တော့ ရှိနိုင်ပါတယ်။

အုပ်စုတွင်းတုန်းကလဲ သရေကျထားပြီး သူတင်ကိုယ်တင် ကစားထားရလို့ တောင်ကိုရီးယား လွယ် လွယ်တော့ နိုင်ဖို့ မလွယ်ပါဘူး။ ဂျော်ဒန်အတွက် အတွေ့အကြုံနည်းပါးမှုက အားနည်းချက် တစ်ခု ရှိနိုင်ပြီး တောင်ကိုရီးယားတည်တည်ငြိမ်ငြိမ်နဲ့ ကစားနိုင်မယ်ဆိုရင်တော့ မိနစ် ၉၀ အတွင်း အနိုင်ရနိုင်ပါ တယ်။ ဂိုးကတော့ မပြတ်သားနိုင်ပဲ ဂျော်ဒန်အသင်းတိုက်စစ်ဖွင့်ကစားရင် ဂိုးများသွားနိုင်မှာမို့ ခံကစားဖို့ လဲ မဖြစ်နိုင်တဲ့ ဂျော်ဒန်ကြောင့် ဒီပွဲက အပြန်အလှန်သွင်းဂိုးတွေကို ထပ်မံ မြင်တွေ့ရဦးမှာပါ။

ရေးသားသူ –Media Fever 9

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။