ကားအမြန်ရောင်းထွက်စေလိုသော်

Astrology
ကားအမြန်ရောင်းထွက်စေလိုသော်

တနင်္ဂနွေသားသမီးများ(ကားအမြန်ရောင်းထွက်စေလိုသော်)

စနေနေ့ နံနက် (၇) နာရီတွင် မြတ်စွာဘုရားအား ဆွမ်း (၃) ပွဲကပ်လှူပါ။ တနင်္ဂနွေနေ့ နံနက် (၇) နာရီ (၁၃) တွင် ရွက်လှ (၁၇) ညွှန့်ဖြင့် (၁၇) ချက်မြောက်ဘက်အရပ်မှနေ၍ရိုက်ပါ။ ယမန်နေ့မှ အလှူဒါနကိုသစ္စာပြုပါ။

တနင်္လာသားသမီးများ(ကားအမြန်ရောင်းထွက်လိုသော်)

တနင်္ဂနွေနေ့ညနေ(၅) နာရီတွင် ရေတွင်ကျက်စားသောသတ္တဝါများအား သစ်သီးသစ်ရွက်များကျွေးပါ။ တနင်္လာနေ့ ညနေ (၅) နာရီ (၁၅) မိနစ်တွင်သပြေ(၂၁) ညွှန့်ဖြင့်(၂၁) ချက်တောင်ဘက်အရပ်မှရိုက်ပါ။

.အင်္ဂါသားသမီးများ(ကားအမြန်ရောင်းထွက်စေလိုသော်)

တနင်္လာနေ့ညနေ(၃) နာရီတွင် လမ်းဘေး တောင်းရမ်းသူအား ကိတ်မုန့် (၂) ချပ်ကျွေးပါ။ နောက်တစ်နေ့ အင်္ဂါနေ့ ညနေ (၃) နာရီ (၁၀) မိနစ်တွင် အုန်း (၆) ညွှန့်ဖြင့် (၆) ချက်ရိုက်ပါ။ ပြီးလျှင် ယမန်နေ့မှ အလှူဒါနကို သစ္စာပြုပါ။

ဗုဒ္ဓဟူးသားသမီးများ(ကားအမြန်ရောင်းထွက်စေလိုသော်)

အင်္ဂါနေ့ နေ့လည် (၁) နာရီတွင် အဘဘိုးမင်းခေါင်အား ပေါင်မုန့် (၅) ချပ်လှူပါ။ နောက်တစ်နေ့ ဗုဒ္ဓဟူးနေ့ နေ့လည် (၁) နာရီ (၁၂) မိနစ်တွင် ဇော်စိမ်း (၈) ညွှန့်ဖြင့် (၈) ချက် အနောက်မြောက်ထောင့်မှနေ၍ ရိုက်ပါ။ ပြီးလျှင် ယမန်နေ့မှအလှူကိုသစ္စာပြုဆုတောင်းပါ။

ကြာသပတေးသားသမီးများ(ကားအမြန်ရောင်းထွက်စေလိုသော်)

ဗုဒ္ဓဟူးနေ့ နေ့လည် (၁၂) နာရီတွင် ကြာသပတေးသားသမီးတစ်ဦးအား အုန်းသီးပါသောမုန့်လှူပါ။ နောက်တစ်နေ့ ကြာသပတေးနေ့ နေ့လည် (၁၂) နာရီ (၁၄) မိနစ်တွင် မေမြို့ (၁၉) ပွင့်ဖြင့် (၁၉) ချက် အရှေ့ထောင့်မှရိုက်ပါ။ ယမန်နေ့မှအလှူကို သစ္စာပြုပါ။

သောကြာသားသမီးများ(ကားအမြန်ရောင်းထွက်စေလိုသော်)

ကြာသပတေးနေ့ နံနက် (၁၁) နာရီတွင် ဘိုးတော်သကြားမင်းအား ရေ (၄) ခွက်ကပ်ပါ။
နောက်တစ်နေ့ သောကြာနေ့ နံနက် (၁၁) နာရီ (၁၆) မိနစ်တွင် နှင်းဆီ (၁၀) ပွင့်ဖြင့် (၁၀) ချက် အရှေ့မြောက်ထောင့်မှနေ၍ရိုက်ပါ။ပြီးလျှင် ယမန်နေ့မှ အလှူဒါနကိုသစ္စာပြုပါ။

စနေသားသမီးများ(ကားအမြန်ရောင်းထွက်စေလိုသော်)

သောကြာနေ့ နံနက် (၉) နာရီတွင် ရှင်ဥပဂုတ္တမထေရ်မြတ်ကြီးအား နွားနို့ (၂) ခွက်လှူပါ။ နောက်တစ်နေ့ စနေနေ့ နံနက် (၉) နာရီ (၁၁) မိနစ်တွင် ကံကော် (၁၅) ညွှန့်ဖြင့် (၁၅) ချက် အနောက်ထောင့်မှရိုက်ပါ။ ပြီးလျှင် ယမန်နေ့မှ အလှူကိုသစ္စာပြုပါ။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။