ယူကရိန်းတွေကို thetနေတဲ့မြောက်ကိုရီးယားlat natတွေနဲ့ ပိုကြီးမားတဲ့ရိုက်ခတ်မှုတွေ

International News
ယူကရိန်းတွေကို thetနေတဲ့မြောက်ကိုရီးယားlat natတွေနဲ့ ပိုကြီးမားတဲ့ရိုက်ခတ်မှုတွေ

သဲလွန်စတွေ အများကြီးပါလာတဲ့ မြင်ရိုးမြင်ကျမဟုတ်တဲ့ lat nat အပိုင်းအစ
ဆောင်းပါးအချက်အလက်

ဇန်နဝါရီလ ၂၀ ရက်နေ့တုန်းက ယူကရိန်း lat nat စစ် အရာရှိငယ် ခရစ္စတီနာ ကီမာချက် တစ်ယောက် ခါခိဗ်မြို့က အဆောက်အအုံတစ်ခုပေါ်ကို မြင်ရိုးမြင်ကျမဟုတ်တဲ့ ဒုံးကျည်တစ်စင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့ဆိုတဲ့ အစီရင်ခံမှု တစ်ခုကို ရရှိခဲ့ပါတယ်။ ဒီဒုံးကျည်အကြောင်း သူ ပိုပြီး သိနိုင်အောင် ယူကရိန်းစစ်တပ်ထဲက သူ့ရဲ့ အဆက်အသွယ်တွေကို ချက်ချင်းဖုန်းခေါ်ပါတယ်။ အဲဒီနောက် တစ်ပတ်အတွင်းမှာပဲ မြို့တော် ကိယက်ဗ်က လုံခြုံတဲ့နေရာတစ်ခုမှာ ဖြန့်ကြဲထားတဲ့ အဲဒီဒုံးကျည် အပျက်အစီးတွေကြားထဲကို လူကိုယ်တိုင် ဝင်ရောက်မွှေနှောက် လေ့လာခွင့် ရခဲ့ပါတယ်။

ဝက်အူတွေနဲ့ သူ့ရဲ့လက်သည်းခွံထက်သေးငယ်တဲ့ ကွန်ပျူတာချစ်ပ်ပြားလေးတွေအပါအဝင် တစ်စချင်းစီကို သူ ခွဲခြားထုတ်ပြီး ဓာတ်ပုံရိုက် မှတ်တမ်းတင်ပါတယ်။ ဒါဟာ ရုရှားလုပ် ဒုံးကျည်တစ်စင်းမဟုတ်ဘူးဆိုတာကို သူ တန်းပြောနိုင်ပါတယ်။ ဒါပေမဲ့ သူ့အတွက် ခက်ခဲတာက ရုရှားလုပ်မဟုတ်ကြောင်း သက်သေပြဖို့ ဖြစ်ပါတယ်။

ထိုးထိုးထောင်ထောင်ဖြစ်နေတဲ့ ဝါယာကြိုးတွေနဲ့ သတ္တုအပိုင်းအစတွေအောက်ကနေ မစ္စကီမာချက် တစ်ယောက် ကိုရီးယားအက္ခရာသေးသေးလေးတစ်လုံးကို သတိထား မြင်တွေ့ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပိုပြီး အသေးစိတ်ကျတဲ့အကြောင်းအရာတွေ သူ့ခေါင်းထဲ ပေါ်လာပါတယ်။ ၁၁၂ ဆိုတဲ့ နံပါတ်ဟာ lat natကြီးအခွံထဲမှာ ထွင်းထားတာကိုလည်းတွေ့ရပါတယ်။ ဒါဟာ မြောက်ကိုရီးယားပြက္ခဒိန်မှာ ၂၀၂၃ ခုနှစ်ကို ရည်ညွှန်းတာဖြစ်ပါတယ်။ သူ့နိုင်ငံကို တိုက်ခိုက်မှုမှာ မြောက်ကိုရီးယားlat natတွေကို အသုံးပြုနေတယ်ဆိုတာကို သူ့အနေနဲ့ ပထမဆုံးသက်သေခိုင်ခိုင်မာမာရရှိမှုလည်းဖြစ်လာပါတယ်။

‘‘သူတို့တွေ ရုရှားကိုlat natအချို့ပို့တယ်ဆိုတာကို ကျွန်မတို့ ကြားထားတာကြာပြီ။ ဒါပေမဲ့ ကျွန်မ အခုတော့ အရင်တုန်းက ဘယ်သူမှမလုပ်နိုင်ခဲ့တဲ့နည်းလမ်းနဲ့ မြင်နိုင်၊ ထိနိုင်ပြီး စုံစမ်းဖော်ထုတ်နိုင်ပြီ။ သိပ်ကို စိတ်လှုပ်ရှားစရာကောင်းတယ်’’ လို့ သူက ကိယက်ဗ်မြို့ကနေ ကျွန်မကို ဖုန်းကနေ တဆင့် ပြောပါတယ်။

အဲဒီကတည်းက ရုရှားဟာ ဒါဇင်နဲ့ချီတဲ့ မြောက်ကိုရီးယားဒုံးကျည်တွေ သူ့နယ်မြေထဲကို ပဟ်ခတ်နေတာလို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။ အဲဒီဒုံးကျည်တွေကြောင့် လူ ၂၄ ဦးထက်မနည်းthayဆုံးခဲ့ပြီး နောက်ထပ် ၇၀ ဦးဒဏ်ရာရခဲ့ပါတယ်။

နျူကလီးယားစစ်ပွဲတစ်ခု စတင်ဖို့ ပြင်ဆင်နေပြီဆိုတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ မကြာသေးခင်တုန်းက ပြောဆိုထားတာကြောင့် လတ်တလောခြိမ်းခြောက်မှုဟာ လက်ရှိဖြစ်နေတဲ့ စစ်ပွဲတွေကို မြောက်ကိုရီးယားရဲ့ လောင်စာထိုးနိုင်စွမ်းနဲ့ ကမ္ဘာ့မတည်ငြိမ်မှုဖြစ်စေမလားဆိုတာဖြစ်ပါတယ်။

မစ္စကီမာချက်ဟာ ပဋိပက္ခအတွင်းlat natအသုံးပြုမှုဆိုင်ရာသုတေသနအဖွဲ့(CAR) မှာ လုပ်နေတာဖြစ်ပါတယ်။ အဲဒီအဖွဲ့ဟာ စစ်ပွဲအတွင်းမှာ အသုံးပြုထားတဲ့lat natတွေကို ပြန်လည်ကောက်ယူပြီး ဘယ်လို တည်ဆောက်ထားတယ်ဆိုတာကို သိအောင်ကြိုးပမ်းတဲ့အဖွဲ့ဖြစ်ပါတယ်။ သူမက ဒုံးကျည်အပျက်အစီးကို ဓာတ်ပုံရိုက်၊ သူမရဲ့အဖွဲ့ကလည်း အစိတ်အပိုင်းရာချီကို ဆန်းစစ်ပြီးတဲ့နောက်မှာတော့ ပါးစပ်မပိတ်နိုင်ဖြစ်ရလောက်အောင် အံ့သြရတဲ့အချက်ကို တွေ့ရှိခဲ့ရပါတယ်။

အဲဒီဒုံးကျည်ဟာ နောက်ဆုံးပေါ် ပြည်ပနည်းပညာနဲ့ လေကိုခွင်းခဲ့တာဖြစ်ပါတယ်။ ဒုံးကျည်မှာသုံးထားတဲ့ လျှပ်စစ်ပစ္စည်းအစိတ်အပိုင်းအများစုဟာ အမေရိကန်နဲ့ ဥရောပမှာ ပြီးခဲ့တဲ့နှစ်တွေကတည်းက အသုံးပြုနေတဲ့ပစ္စည်းတွေအများစု ပါဝင်နေပါတယ်။ ၂၀၂၃ ခုနှစ်၊ မတ်လမှာထုတ်ထားတဲ့ အမေရိကန်လုပ် ကွန်ပျူတာ ချစ်ပ်ပြားတောင်ပါဝင်ပါတယ်။ ဒါကပဲ မြောက်ကိုရီးယားဟာ lat natတွေအတွက် အရေးကြီးတဲ့အစိတ်အပိုင်းတွေကို တရားမဝင်ဝယ်ယူပြီး နိုင်ငံထဲကို ခိုးသွင်းကာ ဒုံးကျည်ကို တပ်ဆင်၊ နောက် ရုရှားကို လျှို့လျှို့ဝှက်ဝှက်နဲ့ ရောင်းချ၊ အဲဒီနောက် ရုရှားဟာ လပိုင်းအတွင်းမှာပဲ အဲဒီဒုံးကျည်တွေကို ရှေ့တန်းကို ပို့ပြီး ပစ်ခတ်ခဲ့တယ်လို့ ဆိုလိုရာလည်းရောက်ပါတယ်။

”အရေးယူပိတ်ဆို့မှုဒဏ် ပြင်းပြင်းအောက်မှာ နှစ်ပေါင်း ၂၀ လောက်ရှိနေပေမဲ့ မြောက်ကိုရီးယား lat natထုတ်နိုင်ဖို့ လိုတာမှန်သမျှကို လက်လှမ်းမီနေသေးပြီး အတော်လေးကို မြန်တဲ့နှုန်းနဲ့ လုပ်နိုင်တယ်ဆိုတာကို သိပ်အံ့သြစရာအဖြစ် မြင်ရတယ်” လို့ CAR ရဲ့ ဒုတိယညွှန်ကြားရေးမှူး ဒေမီယန် စပလီတာစ်က ပြောပါတယ်။

၂၀၂၃ ခုနှစ်ကို ရည်ညွှန်းတဲ့ ၁၁၂ ကို ဒုံးကျည်အပျက်အစီး အပိုင်းအစမှာ မြင်တွေ့ရ

ဒီတွေ့ရှိချက်ကို ကာကွယ်ရေးဆိုင်ရာတတ်သိပညာရှင်အဖွဲ့ တော်ဝင်ယူနိုက်တက်ဆားဗစ်အင်စတီကျု့ (RUSI)က မြောက်ကိုရီးယားရေး ကျွမ်းကျင်သူ ဂျိုးဇတ် ဘန်းလည်း ထပ်တူထပ်မျှ အံ့သြသင့်ခဲ့ပါတယ်။

”ဥရောပမြေပေါ်မှာ လူတွေကို thetဖို့ မြောက်ကိုရီးယားပဲ့ထိန်းဒုံးကျည်တွေကို သုံးနေတယ်ဆိုတာမျိုး မြင်ရလိမ့်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး” လို့ သူက ပြောပါတယ်။ ရုရှားသမ္မတ ဗလာဒီမီယာပူတင်နဲ့ မစ္စတာ ကင်တို့ရဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလတွေ့ဆုံမှုအတွင်း lat natဆိုင်ရာသဘောတူညီချက်ရရှိခဲ့တယ်လို့ မှတ်ယူခံရပြီးကတည်းက မြောက်ကိုရီးယားက ရုရှားဆီ lat natပို့မှုတွေကို ဘန်းနဲ့ သူ့အဖွဲ့ စောင့်ကြည့်နေခဲ့ကြတာဖြစ်ပါတယ်။

တစ်ကြိမ်တစ်ခေါက်တိုင်းမှာ ကွန်တိန်နာပုံးကြီးတွေ ရာနဲ့ချီတင်ဆောင်ထားတဲ့ ရုရှားကုန်တင်သင်္ဘောကြီးတွေဟာ မြောက်ကိုရီးယားနဲ့ ရုရှားစစ်တပ် ဆိပ်ကမ်းတစ်ခုကြား ကူးချည်သန်းချည် ခုတ်မောင်းခဲ့တယ်ဆိုတာကိုလည်း ဂြိုဟ်တုဓာတ်ပုံတွေကိုအသုံးပြုပြီး လေ့လာနိုင်ခဲ့ပါတယ်။

စုစုပေါင်းဆိုရင် ထရပ်ကားကြီးတွေပေါ်ကနေ အတွဲလိုက်ပစ်ခတ်နိုင်တဲ့ဒုံးကျည်တွေနဲ့ lat natကြီးကျည် ၁ သန်းကျော်ပါတဲ့ကွန်တိန်နာ အလုံးရေ ၇,၀၀၀ နီးပါးခန့် ပို့ခဲ့တယ်လို့ RUSI ခန့်မှန်းပါတယ်။ သူတို့ရဲ့ အခုတွေ့ရှိချက်ကိုလည်း အမေရိကန်၊ ဗြိတိန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့က ထောက်လှမ်းရေးသတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။ ဒါပေမဲ့ ရုရှားနဲ့မြောက်ကိုရီးယားကတော့ lat natကုန်သွယ်မှုကို ငြင်းဆိုထားပါတယ်။

ကွန်တိန်နာတင်သင်္ဘောကြီးတွေနဲ့ ကူးချည်သန်းချည် ပေးပို့ခဲ့တယ်လို့ဆို


”ဒီlat natကြီးကျည်တွေနဲ့ ဒုံးတွေဟာ ဒီနေ့ခေတ် ကမ္ဘာမှာ အလိုအပ်ဆုံးဖြစ်နေတဲ့ lat natခဲယမ်းထဲမှာပါနေသလို အမေရိကန်နဲ့ ဥရောပက ဘယ်လိုlat natတွေကို ယူကရိန်းကို ကူညီမယ်ဆိုတာနဲ့ ပတ်သက်ပြီး တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်နေချိန်မှာ ရုရှားဟာ ယူကရိန်းမြို့ကြီးတွေကို မပြတ်ထုဖို့ အဲဒီကျည်တွေကို အသုံးပြုနေတယ်”

ဝယ်ယူမှုနဲ့ ပစ်ခတ်မှု

စစ်မြေပြင်ကို အဲဒီပဲ့ထိန်းဒုံးကျည်တွေရောက်ရှိမှုဟာ မစ္စတာဘန်းနဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေ စိုးရိမ်မှု အဖြစ်ဆုံးဖြစ်ပါတယ်။ မြောက်ကိုရီးယားရဲ့lat natအစီအစဥ်ကို သူတို့ ဖွင့်ချလိုက်တာကြောင့်ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ ၁၉၈၀ ပြည့်နှစ်တွေကတည်းက ပြည်ပကို lat natရောင်းချနေတာဖြစ်ပြီး လစ်ဗျား၊ ဆီးရီးယားနဲ့ အီရန်အပါအဝင် အရှေ့အလယ်ပိုင်းနဲ့ မြောက်အမေရိကတို့က နိုင်ငံတွေကို အများစု ရောင်းချတာဖြစ်ပါတယ်။ အဲဒီlat natတွေဟာ နာမည်မကြီးလှတဲ့ ဆိုဗီယက်ခေတ် ဒုံးကျည်တွေဖြစ်ပါတယ်။ ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေဟာ အောက်တိုဘာလ ၇ ရက် သူတို့ရဲ့ တိုက်ခိုက်မှုမှာ ပြုံရမ်းရဲ့ ပခုံးထမ်းလောင်ချာတွေကို အသုံးပြုခဲ့နိုင်ခြေရှိတဲ့ သက်သေအထောက်အထားကလည်း ရှိနေပါတယ်။

ဒါပေမဲ့ ဇန်နဝါရီလ ၂ ရက်မှာ မစ္စကီမာချက် တစစီလေ့လာခဲ့တဲ့ ဒုံးကျည်ကတော့ ကီလိုမီတာ ၇၀၀ (၄၃၅ မိုင်)အထိရောက်နိုင်က်နိုင်တဲ့ ပြုံရမ်းရဲ့ နည်းပညာမြင့် တာတိုပစ်ဒုံးကျည် ဟွာဆောင် ၁၁ အမျိုးအစား ဒုံးကျည်ဖြစ်ပါတယ်။

အဲဒီဒုံးကျည်တွေရဲ့ ပစ်မှတ်တိကျမှုကို ယူကရိန်းတွေဘက်က လျှော့ပြောပေမဲ့ မစ်ဒယ်ဘရီ နိုင်ငံတကာလေ့လာရေးအင်စတီကျု့က နျူကလီးယားlat natအသုံးမပြုရေးနဲ့ မြောက်ကိုရီးယားlat natဆိုင်ရာ ကျွမ်းကျင်သူ ဒေါက်တာ ဂျက်ဖရီ လူးဝစ်ကတော့ ထိရောက်မှုအပိုင်းမှာ ရုရှားဒုံးကျည်တွေလောက် မပြင်းတဲ့ပုံပေါ်တယ်လို့ ပြောပါတယ်။

ဒီဒုံးကျည်တွေရဲ့ အားသာချက်ကတော့ စျေးပေါလွန်းတာလို့ ဒေါက်တာ လူးဝစ်က ရှင်းပြပါတယ်။ လက်ရှိရုရှားရဲ့ရည်ရွယ်ချက်လို့ ယူဆရတဲ့ လေကြောင်းကာကွယ်ရေးကို ပိုထိုးဖောက်နိုင်ဖို့ မျှော်လင့်ချက်နဲ့ ဒီဒုံးကျည်တွေကို ပိုဝယ်နိုင်ပြီး ပိုပစ်ခတ်နိုင်တယ်လို့လည်း ဆိုလိုရာရောက်ပါတယ်။

ပဲ့ထိန်းဒုံးကျည်တွေ ထုတ်လုပ်နေတဲ့ မြောက်ကိုရီးယားစက်ရုံ

ဒါကပဲ မြောက်ကိုရီးယားတွေအနေနဲ့ ဒုံးကျည်ဘယ်လောက်များများကို ထုတ်လုပ်နိုင်လဲဆိုတဲ့ မေးခွန်းထွက်ပေါ်လာစေပါတယ်။ တောင်ကိုရီးယားအစိုးရရဲ့မကြာသေးခင်တုန်းက စောင့်ကြည့်လေ့လာချက်အရ မြောက်ကိုရီးယားဟာ ရုရှားကို lat natခဲယမ်း ကွန်တိန်နာပုံး ၆,၇၀၀ ပို့ထားတယ်လို့ ဆိုပါတယ်။ ပြုံရမ်းရဲ့ lat natထုတ်စက်ရုံတွေဟာ အပြည့်အဝ လည်ပတ်နေတယ်လို့ တောင်ကိုရီးယားဘက်က ပြောသလို ဂြိုဟ်တုတွေကနေ ဒီစက်ရုံတွေအကြောင်းလေ့လာနေတဲ့ ဒေါက်တာ လူးဝစ်ကလည်း အဲဒီစက်ရုံတွေဟာ တစ်နှစ်ကို ရာနဲ့ချီထုတ်နိုင်တယ်ဆိုတာကို အတည်ပြုပါတယ်။

ကုမ္ပဏီတွေဟာ မြောက်ကိုရီးယားကို အစိတ်အပိုင်းတွေ ရောင်းချမှု တားမြစ်ခံထားရချိန်မှာ ဒုံးကျည်တွေကို ဒီလောက်ပမာဏနဲ့ မြောက်ကိုရီးယားဘက်က ထုတ်လုပ်နိုင်နေတာ ဘယ်လောက်လက်တွေ့ကျနိုင်လဲဆိုတာကို မစ္စတာ စပလီတာစ်နဲ့ သူ့အဖွဲ့က သိအောင် ကြိုးပမ်းနေကြပါတယ်။

ကွန်ပျူတာ ချစ်ပ်အများစုဟာ ဒုံးကျည်တွေ ပစ်မှတ်ကို လေထုကနေတဆင့် ထိုးခွင်းဖြတ်ပျံမှုကို ထိန်းချုပ် လမ်းညွှန်မှုပါတဲ့ ခေတ်သစ်lat natတွေမှာ ပေါင်းစပ်အသုံးပြုပါတယ်။ အဲဒီကွန်ပျူတာ ချစ်ပ်ကိုပဲ ကျွန်မတို့ရဲ့ ဖုန်းတွေ၊ အဝတ်လျှော်စက်တွေနဲ့ ကားတွေမှာလည်း အသုံးပြုတယ်လို့ မစ္စတာ စပလီတာစ် က ရှင်းပြပါတယ်။

ဒီချစ်ပ်ပြားတွေကို အလုံးအရင်းပမာဏများများနဲ့ ကမ္ဘာတလွှားမှာ ရောင်းချနေပါတယ်။ ထုတ်လုပ်သူတွေဟာ ဖြန့်ဖြူးသူတွေကို သန်းထောင်ချီပမာဏနဲ့ရောင်းပြီး သူတို့က တဆင့် လက်ကားရောင်းသူတွေကို သန်းချီပမာဏနဲ့ ပြန်လည်ရောင်းချပါတယ်။ ဒါကြောင့် ဒီချပ်စ်ပြားတွေဟာ နောက်ဆုံးမှာ ဘယ်သူ့ လက်ထဲရောက်သွားတယ်ဆိုတာကို မသိနိုင်ပါဘူး။

ဒါကြောင့်ပဲ အဲဒီဒုံးကျည်မှာ အနောက်နိုင်ငံထုတ်ပစ္စည်းတွေကို ဘယ်လောက်များများအထိသုံးထားလဲ ဆိုတာကို မစ္စတာဘန်းတစ်ယောက် ပိုပြီး သိချင်စိတ်ရှိနေပါတယ်။ အဲဒီဒုံးကျည်ကပဲ မြောက်ကိုရီးယားရဲ့ ပစ္စည်းဝယ်ယူမှုကွန်ရက် ဘယ်လောက်ကျယ်ပြန့်လဲဆိုတာကို ကိုယ်တိုင်လေ့လာနေတဲ့သူ့ကိုယ်တောင် အံ့သြသင့်စေလောက်အောင် ကျယ်ပြန့်ကြီးမားတယ်ဆိုတာကို သူလေ့လာသိရှိခဲ့ပါတယ်။

သူ့အတွေ့အကြုံအရ ပြည်ပမှာ အခြေချတဲ့မြောက်ကိုရီးယားတွေဟာ ဟောင်ကောင် ဒါမှမဟုတ် တခြားအာရှတိုက်အလယ်ပိုင်းနိုင်ငံတွေမှာ ကုမ္ပဏီအတုတွေ ထူထောင်ပြီး ခိုးရာပါငွေတွေကို သုံးကာ ပစ္စည်းတွေကို ဝယ်ယူနေတာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ တရုတ်နဲ့နယ်စပ် ထိစပ်နေတဲ့အခြမ်းကနေ ပစ္စည်းတွေကို မြောက်ကိုရီးယားထဲကို သွင်းကြပါတယ်။

ဒီကွန်ရက်တွေကို တိုက်ဖျက်ဖို့ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ မထိရောက်ဘူးလို့ မှတ်ယူခဲ့ကြတာ ကြာမြင့်နေပြီဖြစ်ပါတယ်။ ခေတ်ကာလနဲ့ညီအောင် ပုံမှန် ပြင်ဆင်ချမှတ်မှပဲ မျှော်လင့်သလိုဖြစ်လာမယ်လို့လည်း ယူဆကြပါတယ်။ မြောက်ကိုရီးယားအပေါ် ၂၀၁၇ ခုနှစ်ကတည်းက ချမှတ်ထားတဲ့ အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အသစ်ကျင့်သုံးဖို့ ရုရှားနိုင်ငံရော၊ တရုတ်နိုင်ငံကပါ ငြင်းဆိုထားကြပါတယ်။

ပြုံရမ်းက ထုတ်တဲ့lat natတွေကို ဝယ်ရုံနဲ့တင် မော်စကိုဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေနဲ့ အရေးယူဒဏ်ခတ်မှုမှန်သမျှကို ချိုးဖောက်ရာရောက်နေပါတယ်။ အခုနှစ်အစောပိုင်းမှာတင် အရေးယူဒဏ်ခတ်မှု ချိုးဖောက်မှုတွေကို စောင့်ကြည့်တဲ့ ကုလစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့ကို ဖျက်သိမ်းခဲ့ပါတယ်။ စောင့်ကြည့်စစ်ဆေးမှုကို ရှောင်ရှားဖို့ အခုလိုလုပ်ခဲ့တာဖြစ်နိုင်ခြေရှိပါတယ်။

”ကျွန်တော်တို့ အခုမြင်နေရတာက မြောက်ကိုရီးယားပေါ် ကုလသမဂ္ဂက ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ အချိန်နဲ့အမျှ ပြိုပျက်နေပြီး ပြုံရမ်းအတွက် ရှုလွယ်ရှိုက်လွယ်ဖြစ်အောင် ဖန်တီးပေးနေတယ်ဆိုတာကို ကျွန်တော်တို့ မြင်နေရတယ်” လို့ မစ္စတာ ဘန်းက ပြောပါတယ်။

ဒါတွေအားလုံးဟာ ယူကရိန်းက စစ်ပွဲကို ကျော်လွန်တဲ့ သွယ်ဝိုက်ရိုက်ခတ်မှုတွေရှိနေပါတယ်။

”ဒီမှာ တကယ်နိုင်နေတဲ့သူကတော့ မြောက်ကိုရီးယားတွေပဲ” လို့ မစ္စတာ ဘန်းက ပြောပါတယ်။ ”သူတို့က ရုရှားကို သိသိသာသာကူညီထားခဲ့တာ။ ဒါကပဲ သူတို့အတွက် သိသာလွန်းလှတဲ့ ကုတ်အားတွန်းအားတစ်ခုကို ရစေခဲ့တယ်”

ရုရှားကနေ မြောက်ကိုရီးယားကို ရေနံတွေအများကြီး တင်ပို့ခဲ့ပါတယ်ဆိုတာကို RUSI က မတ်လတုန်းက မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဆန်နဲ့ဂျုံတွေတင်ထားတယ်လို့ ယူဆရတဲ့ ရထားတွဲတွေဟာလည်း နှစ်နိုင်ငံနယ်စပ်မှာ ပြည့်နေတာကိုတွေ့ရပါတယ်။ ဒေါ်လာငွေ သန်းရာနဲ့ချီတန်တယ်လို့ယူဆရတဲ့ ဒီသဘောတူချက်ဟာ ပြုံရမ်းရဲ့စီးပွားရေးတင်မက စစ်တပ်ကိုပါ အဆင့်မြှင့်တင်ပေးနိုင်ပါတယ်။

နယ်စပ်က တူမန်ဂန် ကုန်တင်စခန်း

ရုရှားဟာ မြောက်ကိုရီးယားအနေနဲ့ ဒုံးကျည်တွေ ထုတ်နိုင်အောင် ဒါမှမဟုတ် တိုက်ခိုက်ရေးလေယာဥ်တွေ ထုတ်နိုင်အောင် လုပ်နိုင်မယ့်ကုန်ကြမ်းပစ္စည်းတွေကို ထောက်ပံ့ပေးနိုင်ပါတယ်။ အဆုံးအစွန် အထိဆိုရင် မြောက်ကိုရီးယားရဲ့ နျူကလီးယားlat nat တိုးတက်လာအောင်တောင် နည်းပညာထောက်ကူနိုင်ပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားအနေနဲ့လည်း သူ့ရဲ့နောက်ဆုံးပေါ် ဒုံးကျည်ကို တကယ့်စစ်ဖြစ်နေတဲ့အခြေအနေ အခင်းအကျင်းတစ်ရပ်မှာ ပထမဆုံးအကြိမ် စမ်းသပ်ဖို့ အခွင့်အရေးရသွားစေပါတယ်။ ပိုကောင်းတဲ့အချက်အလက်တွေ ထွက်လာမယ်ဆိုရင် မြောက်ကိုရီးယားဟာ သူ့ရဲ့ဒုံးကျည်ကို ပိုကောင်းအောင်တောင် လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

ပြုံရမ်း – ဒုံးကျည် အဓိက ထောက်ပံ့ပေးနေသူလား

ဒါပေမဲ့ ပိုပြီး ပြဿနာရှိနေတာက ယူကရိန်း-ရုရှားစစ်ပွဲဟာ မြောက်ကိုရီးယားအတွက်ကတော့ ကျန်တဲ့ကမ္ဘာတလွှားကို ပစ္စည်းတွေ ခင်းကျင်းပြသနိုင်ဖို့ ဖြစ်လာစေပါတယ်။

ပြုံရမ်းဟာ ဒီlat natတွေကို အစုလိုက်အပြုံလိုက်ထုတ်လုပ်ပြီး နောက်ထပ်နိုင်ငံတွေကို ရောင်းချင်လိုစိတ်ရှိလာမှာဖြစ်ပါတယ်။ ဒီဒုံးကျည်တွေဟာ ရုရှားအတွက်အလုပ်ဖြစ်တယ်ဆိုရင် တခြားသူတွေအတွက်လည်း အလုပ်ဖြစ်မှာလို့ ဒေါက်တာ လူးဝစ်က ပြောပါတတယ်။ အထူးသဖြင့် ရုရှားဟာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်တာ ဘာမှမဖြစ်ဘူးဆိုတဲ့ နမူနာဖြစ်လာတယ်လို့လည်း သူက ပြောပါတယ်။

သူကတော့ တရုတ်-ရုရှား- အီရန် သုံးနိုင်ငံအတွက် ဒုံးကျည်ထောက်ပံ့မှုကြီးကြီးမားမားပြုလုပ်ပေးသူ ဖြစ်လာလိမ့်မယ်လို့ ကြိုတွေး ခန့်မှန်းပါတယ်။ အခုလအတွင်း အစ္စရေးကို အီရန်ရဲ့တိုက်ခိုက်ဖြစ်ပြီးနောက်မှာပဲ မြောက်ကိုရီးယားဟာ သူ့ရဲ့နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဥ်တွေမှာ အီရန်နဲ့အတူ လုပ်နိုင်ခြေကို အတော်လေး စိုးရိမ်တဲ့အကြောင်း အမေရိကန်ဘက်က ပြောထားပါတယ်။

”ဒီပြဿနာအရေးကို ကျွန်တော်တို့ပြောကြတဲ့အခါ စိတ်ပျက်လက်ပျက်ဖြစ်တဲ့မျက်နှာတွေကို ကျွန်တော်တို့ အတော်လေးမြင်ထားရတယ်” လို့ မစ္စတာ စပလီတာစ်ကပြောပါတယ်။

ဒါပေမဲ့ သတင်းကောင်းကတော့ မြောက်ကိုရီးယားအနေနဲ့ ပြည်ပနည်းပညာကို ဘယ်လောက်အထိ အားထားနေရတယ်ဆိုတာကို ကျွန်တော်တို့သိနိုင်ပြီဆိုတော့ ကျွန်တော်တို့လုပ်နိုင်တာ တစ်ခုခုတော့ ရှိလာမှာပါ”

မစ္စတာ စပလီတာစ် ကတော့ နည်းပညာပိုင်းဆိုင်ရာပစ္စည်းထုတ်လုပ်ငန်းတွေနဲ့ ပူးတွဲလုပ်ဆောင်မယ်ဆိုရင် မြောက်ကိုရီးယားကို ပစ္စည်းတွေ ထောက်ပို့ပေးနေတဲ့ကွင်းဆက်ကို ဖြတ်နိုင်မယ်လို့ အကောင်းမြင်ပါတယ်။ သူ့အဖွဲ့သားတွေဟာ ကြီးကြီးမားမားရောင်းချမှုလုပ်တော့မယ့် တရားမဝင်ကွန်ရက်တစ်ခုကို သိအောင်ဖော်ထုတ်ပြီး ပိတ်သွားအောင် လုပ်ထားနိုင်ပါတယ်။

ဒါပေမဲ့ မစ္စတာ စပလီတာစ်ရဲ့အမြင်နဲ့ ဒေါက်တာလူးဝစ်ရဲ့ အမြင်ထပ်တူ ကျမနေပါဘူး။

”သူတို့ ပစ္စည်းဝယ်ရပြုရ ပိုခက်အောင်၊ စျေးတက်လိုက်တာမျိုး၊ အဆင်မပြေအောင်လုပ်တာမျိုး လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဒါတွေက မြောက်ကိုရီးယားကို ဒီlat nat တွေ ထုတ်လုပ်တာမျိုးမလုပ်အောင် ဟန့်တားဖို့ မဖြစ်နိုင်ပါဘူး” လို့ သူက ပြောပါတယ်။ အနောက်နိုင်ငံတွေအနေနဲ့ မြောက်ကိုရီးယားကို ထိန်းကွပ်နိုင်အောင် ကြိုးပမ်းမှုဟာ အဆုံးမှာ မအောင်မြင်ခဲ့ပါဘူး။

အခုဆိုရင် မြောက်ကိုရီးယားရဲ့ဒုံးကျည်တွေဟာ လူတိုင်းမရနိုင်တဲ့အခွင့်တစ်ရပ်လို၊ နိုင်ငံရေးအင်အားရင်းမြစ်တစ်ခုလို ဖြစ်လာရုံသာမက ငွေထုတ်စက်ကြီးလိုလည်းဖြစ်လာနေပြီလို့ ဒေါက်တာလူးဝစ်က ရှင်းပြပါတယ်။ ဒီတော့ ကင်ဂျုံအွန်း တစ်ယောက် ဒီlat nat တွေ ထုတ်လုပ်တာကို အခုမှ ရပ်တန့်ဖို့ရာ ဖြစ်လာနိုင်ပါ့မလား။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။