လရဲ့ ဆင်းဖို့ခက်ခဲတဲ့ တောင်ဝင်ရိုးစွန်းမှာ အိန္ဒိယ အာကာသယာဉ်ပထမဆုံးဆင်းသက်

International News
လရဲ့ ဆင်းဖို့ခက်ခဲတဲ့ တောင်ဝင်ရိုးစွန်းမှာ အိန္ဒိယ အာကာသယာဉ်ပထမဆုံးဆင်းသက်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ လရဲ့ ဆင်းဖို့ခက်ခဲတဲ့ တောင်ဝင်ရိုးစွန်းမှာ အိန္ဒိယ အာကာသယာဉ်ပထမဆုံးဆင်းသက် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လရဲ့ ဆင်းဖို့ခက်ခဲတဲ့ တောင်ဝင်ရိုးစွန်းမှာ အိန္ဒိယ အာကာသယာဉ်ပထမဆုံးဆင်းသက်

အိန္ဒိယရဲ့ ချန်ဒရာယန်း-၃ အာကာသ ခရီးစဥ်ဟာ လရဲ့ တောင်ဝင်ရိုးစွန်းမှာ ပထမဆုံး ဆင်းသက်တဲ့ အာကာသခရီးစဥ် ဖြစ်လာပါတယ်။


အာကာသယာဥ်ရဲ့ အစိတ်အပိုင်းဖြစ်တဲ့ လဆင်းယာဥ် ဗီခရမ်က လမျက်နှာပြင်ပေါ် ဆင်းသက်လိုက်ပြီး မကြာခင်မှာပဲ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီက “လပေါ်ကို အိန္ဒိယ အခု ရောက်ပါပြီ” လို့ ကြေညာလိုက်ပါတယ်။

လဆင်းယာဥ်ထဲမှာ လပေါ်သွားလာမယ့် ဘီးခြောက်လုံးတပ် ပရက်ယန်း ပါလာပါတယ်။ အစီအစဥ်ချထားတဲ့အတိုင်း ဖြစ်လာမယ်ဆိုရင် လမျက်နှာပြင်ရဲ့ ပုံရိပ်တွေနဲ့ အချက်အလက်တွေကို ဒီယာဥ်က လေ့လာစုဆောင်းမှာပါ။

လရဲ့ အမြဲအရိပ်ကျနေတဲ့ အမှောင်ခြမ်းက ချိုင့်ဝှမ်းကြီးတွေထဲမှာ အေးခဲနေတဲ့ ရေတွေ ရှိမယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ထားကြပါတယ်။
အိန္ဒိယရဲ့ လစူးစမ်းရေး ခရီးစဥ် ကြိုးပမ်းမှုဟာ ရုရှားရဲ့ လူမပါတဲ့ လူနာ-၂၅ အာကာသယာဥ် ထိန်းချုပ်မှုကင်းမဲ့သွားပြီး လကို ဝင်တိုက်မိသွားပြီးနောက် ရက်ပိုင်းအကြာမှာ ဖြစ်လာတာပါ။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။