ကြံ့ခိုင်ရေးပါတီနဲ့ ရုရှားအာဏာရပါတီတို့ကြား ဆက်ဆံရေးထူထောင်ဖို့ ခြေလှမ်း

Local News

ကြံ့ခိုင်ရေးပါတီနဲ့ ရုရှားအာဏာရပါတီတို့ကြား ဆက်ဆံရေးထူထောင်ဖို့ ခြေလှမ်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကြံ့ခိုင်ရေးပါတီနဲ့ ရုရှားအာဏာရပါတီတို့ကြား ဆက်ဆံရေးထူထောင်ဖို့ ခြေလှမ်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ရဲ့ ကျောထောက်နောက်ခံရရှိထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဟာ ရုရှားအာဏာရပါတီနဲ့ ဆက်ဆံရေးထူထောင်ဖို့ အားထုတ်နေတယ်လို့ သိရပါတယ်။

အဲဒီအတွက် စစ်ကောင်စီ လဝက ဝန်ကြီးဟောင်းလည်းဖြစ်၊ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးခင်ရီနဲ့ ရုရှား-မြန်မာချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr.Alexander OSTROVSKIY တို့ နေပြည်တော်မှာ မနေ့ ဒီဇင်ဘာလ ၂၀ ရက်တုန်းကတွေ့ဆုံချိန် အသင်းကတဆင့် နှစ်ပါတီပူးပေါင်းလုပ်ဆောင်နိုင်ရေးအတွက် ပြောဆိုဆွေးနွေးခဲ့တာလို့ ဖြစ်စဥ်သိရှိသူတွေထံကသိရပါ။

ရုရှား-မြန်မာချစ်ကြည်ရေးအသင်း ဒုဥက္ကဋ္ဌနဲ့ ဦးခင်ရီ ဓာတ်ပုံ

ကြံခိုင်ရေးပါတီနဲ့ အာဏာရ ရုရှားပါတီ United Russia တို့ကြား ဆက်သွယ်ဆက်ဆံရေး ပိုတိုးနိုင်မယ့် ဆက်ဆံရေးလမ်းကြောင်းတစ်ရပ် တည်ဆောက်နိုင်ရေး ဆွေးနွေးခဲ့တယ်လို့ ကြံ့ခိုင်ရေးပါတီဘက်က ပြောထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ၂၀၂၃ ခုနှစ်မှာ ကျင်းပဖို့ ပြင်နေတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပြင်ဆင်ဆောင်ရွက်နေတဲ့အခြေအနေတွေကိုလည်း ဆွေးနွေးထားတယ်လို့ ဆိုပါတယ်။

ပြည်တွင်းမှာ စစ်အာဏာသိမ်းမှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် တိုင်းရင်းသားပါတီကြီးတွေဟာ ပါတီနိုင်ငံရေး လှုပ်ရှားမှု မရှိဖြစ်နေချိန်မှာ စစ်ဗိုလ်ချုပ်ဟောင်းတွေ ခေါင်းဆောင်နေတဲ့ ကြံ့ခိုင်ရေးပါတီကတော့ ရွေးကောက်ပွဲအသစ်အတွက်ရည်ရွယ်ပြီး ပါတီဝင်တွေနဲ့ တွေ့ဆုံတာတွေ ရှိနေပါတယ်။

ဒါ့အပြင် ကြံ့ခိုင်ရေးပါတီဟာ ရက် ၉၀ စီမံကိန်းဆိုပြီး မကြာသေးခင်တုန်းကမှ ပါတီဥက္ကဋ္ဌ ရာထူး ယူထားတဲ့ ဦးခင်ရီကိုယ်တိုင် တိုင်းနဲ့ပြည်နယ်အချို့က ပါတီဝင်တွေနဲ့ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း တွေ့ဆုံတာတွေ ပြုလုပ်ထားပါတယ်။

ရေးသားသူ – BBC Burmese

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။