မော်လိုက်နှင့် ထီးချိုင့်တွင် အသက် ၇ နှစ် ကလေးငယ် ၁ ဦး ၊ ၁၆ နှစ်အရွယ် လူငယ် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်thetဖြတ်

Local News

မော်လိုက်နှင့် ထီးချိုင့်တွင် အသက် ၇ နှစ် ကလေးငယ် ၁ ဦး ၊ ၁၆ နှစ်အရွယ် လူငယ် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်thetဖြတ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မော်လိုက်နှင့် ထီးချိုင့်တွင် အသက် ၇ နှစ် ကလေးငယ် ၁ ဦး ၊ ၁၆ နှစ်အရွယ် လူငယ် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်thetဖြတ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ရန်ကုန်၊ ဒီဇင်ဘာ ၂၃

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်တွင် အသက် ၇ နှစ်အရွယ် ကလေးငယ် တစ် ဦး ကို အကြမ်းဖက် စစ်တပ်က ပစ်ခတ်thetဖြတ်ခဲ့ကြောင်း နယ်မြေခံ သတင်း ရင်းမြစ်များထံမှ သိရသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် မော်လိုက်မြို့နယ် ပန်းသာရွာ ဝဲဒေါင့် အနီး တောထဲ၌ ပိတ်မိနေသော စစ်သားများကို ရိက္ခာနှင့် လက်နက် လာပို့ သည့် စစ်တပ် စစ်ကြောင်းနှင့် PDF တပ်ဖွဲ့များ ပန်းသာလမ်းဆုံ၊ အောင်ချမ်းသာရွာထိပ်၌ ထိပ်တိုက်ထိတွေ့မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိတွေ့တိုက်ပွဲအတွင်း စစ်တပ် စစ်ကြောင်းက စစ်ဘေးရှောင် ပြည်သူများ ကိုပါ ဦးတည်းပစ်ခတ်ခဲ့သဖြင့် အသက် ၇ နှစ်အရွယ် ကလေးငယ် ၁ ဦး ကျည် ထိ မှန် thayဆုံးခဲ့ကြောင်းသိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ပေါက်ကုန်းရွာသား ၂ ဦးကို စစ်တပ်က ဖမ်းဆီးthetဖြတ်ခဲ့ကြောင်း Tigyaing Revolution – TR အဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ထီးချိုင့်မြို့နယ်၊ ပေါက်ကုန်းရွာမှ စစ်တပ် ဖမ်းခေါ်သွားသည့် အသက် ၄၉ နှစ် အရွယ် ဒေသခံ ပြည်သူ ဦးဝင်းလှိုင်နှင့် အသက် ၁၆ နှစ်အရွယ် ကိုညီညီအောင် တို့ကို စစ်တပ်က thetဖြတ်ခဲ့ပြီး ရုပ်အလောင်းများကို ကျက်သရေချောင်းရွာ အနီးတွင် စွန့်ပစ်ခဲ့ကြောင်း သိရသည်။

ရေးသားသူ – ခေတ်သစ်မီဒီယာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။