ကိုယ်အလေးချိန် ၁၆ ပေါင် ရှိတဲ့ ကလေးကို ဘရာဇီးအမျိုးသမီး မွေးဖွားခဲ့

International News Local News

ကိုယ်အလေးချိန် ၁၆ ပေါင် ရှိတဲ့ ကလေးကို ဘရာဇီးအမျိုးသမီး မွေးဖွားခဲ့

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကိုယ်အလေးချိန် ၁၆ ပေါင် ရှိတဲ့ ကလေးကိုဘရာဇီးအမျိုးသမီး မွေးဖွားခဲ့ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။


ဘရာဇီးနိုင်ငံက အမျိုးသမီးတစ်ဦးဟာ ကိုယ်အလေးချိန် ၁၆ ပေါင်နဲ့ အရပ်အမောင်း ၂ ပေရှိတဲ့ ကလေးကို မွေးဖွားခဲ့ပါတယ်။ အန်ဂါဆန် ဆန်တို့စ်အမည်ရတဲ့ အဲဒီကလေးလေးကို ဇန်နဝါရီ ၁၈ ရက်နေ့က အမေဇုံနက်စ် ပြည်နယ်ရှိ Hospital Padre Colombo ဆေးရုံမှာ ခွဲမွေးခဲ့တာပါ။ ပုံမှန်မွေးကင်းစကလေးတွေထက် ပိုကြီးတဲ့ အန်ဂါဆန်ဟာ အမေဇုံနက်စ်ပြည်နယ်မှာ မွေးဖွားခဲ့တဲ့ကလေးတွေထဲမှာ အရွယ်အစားအကြီးဆုံးဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် ကလေးမိခင် ကလဲဒီယားနီ ဆန်တို့စ်က ဆေးရုံကို လစဉ် ကိုယ်ဝန်လာပြခဲ့တာပါ။ မွေးမလာသေးတဲ့ကလေးလေးက အရမ်းကြီးမယ်လို့ ဆရာဝန်တွေက သိထားတဲ့အတွက် သူ့ကို ခွဲမွေးစေခဲ့တာပါ။ လက်ရှိမှာတော့ ၁၆ ပေါင် ရှိတဲ့ အန်ဂါဆန်ကို မွေးကင်းစကလေးအထူးကြပ်မတ်ကုသဆောင်မှာ စောင့်ကြည့်နေရပါတယ်။ ဒါပေမဲ့ မစိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေပါတယ်။

အန်ဂါဆန်က သူ့မိဘတွေ ဝယ်ထားတဲ့ ကလေးအင်္ကျီတွေနဲ့ မတော်တဲ့အတွက် ဆေးရုံက သူ့အတွက် (၉) လနဲ့ (၁) နှစ်ကြား ကလေးအင်္ကျီတွေ အလှူခံ‌ပေးနေပါတယ်။
အန်ဂါဆန်ဟာ ၂၀၁၄ ခုနှစ်က ကိုယ်အလေးချိန် ၁၄ ပေါင် ၈ အောင်စနဲ့ မွေးဖွားခဲ့တဲ့ ပါဒရို အက်လ်အီဇီအိုရဲ့စံချိန်ကို ချိုးခဲ့တာပါ။ ကမ္ဘာ့ဂင်းနက်စံချိန်မှတ်တမ်းအရ ကမ္ဘာ့အလေးဆုံးမွေးကင်းစကလေးကို ၁၉၅၅ ခုနှစ် စက်တင်ဘာလက အီတလီနိုင်ငံမှာ အလေးချိန် (၂၂ ပေါင် ၈ အောင်စ) နဲ့ မွေးဖွားခဲ့တာပါ။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။