မင်္ဂလာပွဲပျက်သွားတဲ့သရုပ်ဆောင်မင်းသမီးချော အေးမြတ်သူ

Celebrity

မင်္ဂလာပွဲပျက်သွားတဲ့သရုပ်ဆောင်မင်းသမီးချော အေးမြတ်သူ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မင်္ဂလာပွဲပျက်သွားတဲ့သရုပ်ဆောင်မင်းသမီးချော အေးမြတ်သူ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အပျိုကြီးမမလို့ အားလုံးက ချစ်စနိုးစနောက်ကြတဲ့ သရုပ်ဆောင်မင်းသမီးချော အေးမြတ်သူကတော့မိန်းကလေးတိုင်း အားကျရလောက်တဲ့ ကျစ်လစ်သွယ်လှတဲ့ ခန္ဓာ ကိုယ်အလှကို ပိုင်ဆိုင်ထားသူလေးဖြစ်ပါတယ်။

အေးမြတ်သူကတော့ ကာရိုက်တာတစ်ခုစီတိုင်းမှာ မတူညီတဲ့ အမိုက်စားသရုပ်ဆောင်ကွက်တွေနဲ့အတူကျရာဇာတ်ကောင်နဲ့ ဇာတ်ကားတွေမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့အတွက်ကြောင့်ပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာအပြည့်အဝ ရရှိထားပါတယ်။

သရုပ်ဆောင်ကောင်းသလို ချစ်စရာကောင်းလွန်းသူလေးမို့ ပရိသတ်တွေက အချစ်ပိုနေကြတာပဲဖြစ်ပါတယ် ။အနုပညာ သက်တမ်း တစ်လျှောက်မှာ အောင်မြင်မှုတစ်နေရာကို ရယူထားနိုင်တဲ့ မင်းသမီးချောလေး

တယောက်ပါ။ကျရာဇာတ်ရုပ်ကိုပီပြင်အောင် သရုပ်ဆောင်နိုင်ခဲ့တာကြောင့်လည်း အကယ်ဒမီဆုကိုရယူပိုင်ဆိုင်ထားနိုင်သူပါ။

ဟန်ဆောင်မှုတွေကင်းပြီး စကားပြောပွင့်လင်းကာ ပါးချိုင့်အပြုံးလှလှလေးတွေနဲ့လည်း မြင်သူတိုင်းကိုသဘောကျစေသလို သူမရဲ့ အပြောချိုချိုလေးတွေနဲ့ အပြုံးလှလှလေးအောက်မှာ ကြွေဆင်းခဲ့ရတဲ့ပုရိသတွေကလည်း အများကြီးပါပဲနော်။

ဒီနေ့မှာတော့ နားထောင်ရသူတိုင်း ဝမ်းနည်းပြီးထပ်တူစိတ်မကောင်းဖြစ်ခဲ့ရတဲ့ မင်္ဂလာပွဲပျက်သွားတဲ့အကြောင်းရင်းကို မျက်ရည်တွေနဲ့ ရင်ဖွင့်ပြောပြလာခဲ့ပါတယ်။

“(၁၂) ရက်၊ (၁၂) လ၊ (၂၀၂၁) ခုနှစ် မှာ မင်္ဂလာဆောင်မယ် လို့ ရည်မှန်းထားခဲ့ပေမယ့် အခြေအနေ အကြောင်းကြောင်းကြောင့် ပျက်ခဲ့တယ်။ ဒီကာလ၊ ဒီအနေအထားမှာ အိမ်ထောင်ပြုဖို့ အစီအစဉ် မရှိတော့ဘူး” လို့ပြောလာခဲ့တာဖြစ်ပါတယ်။ အခုဆိုရင်ချစ်သူအသစ် ရနေပြီ ဖြစ်ပြီးချစ်သူအသစ်က သူမအပေါ်အရာရာနားလည်ပေးလို့အဆင်ပြေပါတယ် အိမ်ထောင်ထပ်ပြုဖို့တော့ မတွေးထားရသေးပါဘူး လို့ဖြေကြားခဲ့တာဖြစ်ပါတယ်

ရေးသားသူ – Myanmar Celebrity News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။