အရွယ်ရောက်လာတဲ့သမီးလေးက အရမ်းအားကိုးနေရတာကြောင့် ၀မ်းသာပီတိတွေဖြစ်နေတဲ့ “ခင်ဇာခြည်ကျော်”

Celebrity
အရွယ်ရောက်လာတဲ့သမီးလေးက အရမ်းအားကိုးနေရတာကြောင့် ၀မ်းသာပီတိတွေဖြစ်နေတဲ့ “ခင်ဇာခြည်ကျော်”

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အရွယ်ရောက်လာတဲ့သမီးလေးက အရမ်းအားကိုးနေရတာကြောင့် ၀မ်းသာပီတိတွေဖြစ်နေတဲ့ “ခင်ဇာခြည်ကျော်” ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အရွယ်ရောက်လာတဲ့သမီးလေးက အရမ်းအားကိုးနေရတာကြောင့် ၀မ်းသာပီတိတွေဖြစ်နေတဲ့ “ခင်ဇာခြည်ကျော်”

ပရိသတ်ကြီးရေ ခင်ဇာခြည်ကျော်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ ပရိသတ်အချစ်တော် ဝါရင့်သဘာရင့်မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။ ဆယ်စုနှစ်နဲ့ချီပြီးကို အနုပညာလောကမှာရပ်တည်နေတဲ့ ဝါရင့် အနုပညာရှင် တစ်ယောက်လည်းဖြစ်ပါတယ်။

ခင်ဇာခြည်ကျော် ရဲ့ သားနဲ့သမီးကလည်း လက်ရှိမှာအနုပညာအလုပ်တွေကို လုပ်ကိုင်နေခဲ့ပြီး မိခင်ကြီးတစ်ဖက်တစ်လမ်းကနေ အားကိုးနေရပြီပဲဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်ကတော့ သမီးလေးထင်ထင်က အခုဆိုရင် သူ့ရဲ့စီးပွားရေး လုပ်ငန်းတွေမှာလည်း ဝိုင်းကူးကူညီနေခဲ့ပြီး အားကိုနေရပြီ ဖြစ်တာကြောင့် ဝမ်းသာပီတိဖြစ်ကာ “အသက်အရွယ်ရလာတာနဲ့ အမျှသမီးမိန်းကလေးရဲ့ တန်ဖိုးကိုပိုပိုပြီးသိလာတယ်…အစစ အရာရာမှာအရမ်းလိမ္မာတဲ့သမီး ရထားတာမို့ ကျေနပ် ပီတိ ပေါ့..

သားဆိုတဲ့ အမျိုးက တော့ အသက် ၁၆ နှစ် နောက်ပိုင်း မှာ ကြီးလေ…ချဉ်လေ …သံပုရာသီး စားနေရသလိုပဲ…ဟီးဟီး ” ဆိုပြီး သမီးလေးအတွက် ဂုဏ်ယူစကားလေးနဲ့အတူ သားဖြစ်သူဘုန်းမင်းကိုလည်း စနောက်ထားခဲ့ပါသေးတယ်။ ပရိသတ်ကြီးရေ ထင်ထင်လေးကတော့ တကယ်ကို မေမေအားကိုးရပြီး လိမ္မာတဲ့ကလေးပါပဲနော်။

 

ရေးသားသူ – Let Pan News

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။