နေ့အလိုက်အရပ်မျက်နှာဗေဒင်များ

Astrology
နေ့အလိုက်အရပ်မျက်နှာဗေဒင်များ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နေ့အလိုက်အရပ်မျက်နှာဗေဒင်များ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နေ့အလိုက်မသွားသင့်သောအရပ်များ

နက္ခတ်ဗေဒင်သုံး ငွေကြေးစီးပွားယတြာများ – ဗေဒင်သုတ

၁။တနင်္ဂနွေနေ့ ၊ သောကြာနေ့များတွင်အနောက်အရပ်ကို မသွားကောင်းပေ ။ အန္တရာယ်ကြုံတတ်သည် ။

၂။တနင်္လာနေ့ ၊ စနေနေ့များတွင် အရှေ့အရပ်ကို မသွားကောင်းပေ ။ အန္တရာယ် ကြုံတတ်သည် ။

၃။အင်္ဂါနေ့ ၊ ဗုဒ္ဓဟူးနေ့များတွင် မြောက်အရပ်ကို မသွားကောင်းပေ ။ အန္တရာယ် ကြုံတတ်သည် ။

၄။ကြာသပတေးနေ့တွင် တောင်အရပ်ကို မသွားကောင်းပေ ။ အန္တရာယ် ကြုံတတ်သည် ။

ခရီးဝေးသွားမလို့လားမိတ်ဆွေ

အရှေ့တိုင်းနက္ခတ်ဗေဒင်ပညာ: ဂြိုဟ်တို့ပိုင်စိုးသောနေရာ(အရပ်မျက်နှာ)

တနင်္ဂနွေသားသမီးဖြစ်ရင်ကြာသပတေးနေ့မှာမြောက်အရပ်ကိုမသွားသင့်ပါဘူးဗျာ။
တနင်္လာသားသမီးဖြစ်ရင်သောကြာနေ့မှာအနောက်တောင်အရပ်ကိုမသွားသင့်ပါဘူးဗျာ။
အင်္ဂါသားသမီးဖြစ်ရင်စနေနေ့မှာအရှေ့မြောက်အရပ်ကိုမသွားသင့်ပါဘူးဗျာ။
ဗုဒ္ဓဟူးသားသမီးဖြစ်ရင်တနင်္ဂနွေနေ့မှာအရှေ့အရပ်ကိုမသွားသင့်ပါဘူးဗျာ။
ကြာသပတေးသားသမီးဖြစ်ရင်တနင်္လာနေ့မှာအရှေ့တောင်အရပ်ကိုမသွားသင့်ပါဘူးဗျာ။
သောကြာသားသမီးဖြစ်ရင်အင်္ဂါနေ့မှာတောင်အရပ်ကိုမသွားသင့်ပါဘူးဗျာ။
စနေသားသမီးဖြစ်ရင်ဗုဒ္ဓဟူးနေ့မှာအနောက်အရပ်ကိုမသွားသင့်ပါဘူးဗျာ။

လဆန်းလပြည့်ကျော်သတိနော်

ကျွန်တော်တို့ မြန်မာ့ရိုးရာ ဗေဒင်ပညာရပ် အယူအဆတစ်ခုမှာ မြန်မာလတွေရဲ့ လဆန်းရက်ပဲဖြစ်ဖြစ်၊ လပြည့်ကျော်ရက်ပဲ ဖြစ်ဖြစ်မလုပ်သင့်တဲ့ အလုပ်မျိုးတွေ ရှိပါတယ်။
ဗဟုသုတအနေနဲ့မျှဝေပေးရမယ်ဆိုရင်…ဘယ်မြန်မာလမဆို

လဆန်း(၂)ရက်နေ့မှာ သစ်ပင်မခုတ်သင့်ပါဘူး။

လဆန်း(၄)ရက်နေ့မှာ တောင်တက်ခရီးမသွားသင့်ပါဘူး။

လဆန်း(၈)ရက်နေ့မှာ သစ်ပင်မစိုက်သင့်ပါဘူး။

လဆန်း(၁၀)ရက်နေ့မှာ အပျော်ခရီးမသွားသင့်ပါဘူး။ရေလမ်းခရီးမသွားကောင်းပါဘူး။

လဆန်း(၁၂)ရက်နေ့မှာ ကာမမကြူးအပ်ပါဘူး။

လဆန်း(၁၄)ရက်မှာ ဘာပဲလုပ်လုပ်သတိတရားနဲ့လုပ်ပါ။မင်္ဂလာကိစ္စမပြုလုပ်ကောင်းပါ။

ဘယ်မြန်မာလမဆို

လပြည့်ကျော်(၃)ရက်မှာအရောင်းအဝယ်ကတိသတိပြုသင့်ပါတယ်။လယ်ယာစိုက်ပျိုးခြင်းနဲ့ရိတ်သိမ်းခြင်းမလုပ်သင့်ပါဘူး။

လပြည့်ကျော်(၇)ရက်မှာ အထက်မင်းအကြီးအကဲတွေဆီကိုအဝင်၊အထွက်၊အပေး၊အယူကိစ္စတွေမပြုလုပ်သင့်ပါဘူး။

လပြည့်ကျော်(၉)ရက်မှာ မြေတွင်း၊မြေကျင်းတူးဆွတဲ့အလုပ်မျိုးတွေမလုပ်သင့်ပါဘူး။

လပြည့်ကျော်(၁၃)ရက်မှာ ဘာပဲလုပ်လုပ်သတိတရားနဲ့လုပ်ပါ။မင်္ဂလာကိစ္စမပြုလုပ်ကောင်းပါဘူး။

ရေးသားသူ – စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။