မင်္ဂလာပွဲအပြီး သူ့ရဲ့ဖျော်ဖြေပွဲကို အပြေးရောက်လာခဲ့တဲ့ သတို့သမီးရဲ့မင်္ဂလာဂါဝန်ပေါ်မှာ အမှတ်တရလက်မှတ်ရေးထိုးပေးခဲ့တဲ့ အဒဲလ်

Celebrity International News
မင်္ဂလာပွဲအပြီး သူ့ရဲ့ဖျော်ဖြေပွဲကို အပြေးရောက်လာခဲ့တဲ့ သတို့သမီးရဲ့မင်္ဂလာဂါဝန်ပေါ်မှာ အမှတ်တရလက်မှတ်ရေးထိုးပေးခဲ့တဲ့ အဒဲလ်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မင်္ဂလာပွဲအပြီး သူ့ရဲ့ဖျော်ဖြေပွဲကို အပြေးရောက်လာခဲ့တဲ့ သတို့သမီးရဲ့မင်္ဂလာဂါဝန်ပေါ်မှာ အမှတ်တရလက်မှတ်ရေးထိုးပေးခဲ့တဲ့ အဒဲလ် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မင်္ဂလာပွဲအပြီး သူ့ရဲ့ဖျော်ဖြေပွဲကို အပြေးရောက်လာခဲ့တဲ့ သတို့သမီးရဲ့မင်္ဂလာဂါဝန်ပေါ်မှာ အမှတ်တရလက်မှတ်ရေးထိုးပေးခဲ့တဲ့ အဒဲလ်

မကြာသေးခင်ကမှ ကမ္ဘာကျော်အဆိုတော်အဒဲလ်ဟာ မင်္ဂလာပွဲအပြီး သူ့ရဲ့ဖျော်ဖြေပွဲကို အပြေးရောက်လာခဲ့တဲ့ စုံတွဲတစ်တွဲရဲ့အိပ်မက်တွေကို ဖြည့်ဆည်းပေးဖြစ်ခဲ့ပါတယ်။ အီဗန်နဲ့ ဂါဘီ ကိုရစ်တို့စုံတွဲက သူတို့ရဲ့မင်္ဂလာပွဲအပြီးမှာ လပ်ဗီးဂပ်စ်မြို့ က Caesars Palace မှာ ပြုလုပ်နေတဲ့ အဒဲလ်ရဲ့ဖျော်ဖြေပွဲကို ရောက်ချလာခဲ့တာပါ။ အဒဲလ်က When We Were Young သီချင်းကို ဆိုနေရင်း မင်္ဂလာဝတ်စုံနဲ့ အားပေးနေတဲ့ သူတို့စုံတွဲကို မြင်သွားခဲ့တာပါ။

ဒီသီချင်းက အီဗန်နဲ့ ဂါဘီတို့အတွက် အဒဲလ် သီဆိုပေးတဲ့ မင်္ဂလာသီချင်းဖြစ်သွားတယ်လို့တောင် ဆိုရမှာပါ။ အဒဲလ်က သူတို့စုံတွဲဆီ လာပြီး “မင်းတို့ အခုမှ မင်္ဂလာဆောင်ခဲ့တာလား။ ဒီနေ့ မင်းတို့ မင်္ဂလာဆောင်တာလား။ ဂုဏ်ယူပါတယ်နော်”တဲ့။


အဒဲလ်ကို လက်မှတ်ထိုးပေးဖို့ တောင်းဆိုတော့ သီချင်းဆိုနေတာကို မရပ်ဘဲ သတို့သမီးဂါဘီရဲ့မင်္ဂလာဂါဝန်ပေါ်မှာ လက်မှတ်ထိုးပေးခဲ့ပါတယ်။ သူတို့စုံတွဲအတွက် သီချင်းဆိုပေးစေချင်တဲ့ အီဗန်ရဲ့အိပ်မက်ကိုလည်း ဖြည့်ဆည်းပေးရာရောက်ခဲ့ပါတယ်။ သတို့သမီးဂါဘီက ဒါနဲ့ပတ်သက်ပြီး လူမှုကွန်ယက်မှာ မျှဝေပေးခဲ့တာပါ။ အဒဲလ်နဲ့တွေ့ဆုံခဲ့ရတဲ့အခိုက်အတန့်ကို တစ်သက်တာအမှတ်တရအဖြစ် တင်စားပြောဆိုခဲ့တာပါ။

ဂါဘီက ဓာတ်ပုံတွေနဲ့အတူ “ကျွန်မရဲ့ကမ္ဘာကို ဖန်တီးပြီး ကျွန်မ့ဘဝရဲ့အချစ်ကို တွေ့ခဲ့ရတယ်။ ဒီအမျိုးသားက ကျွန်မတို့ရဲ့မင်္ဂလာပွဲမှာ အဒဲလ်ကို သီချင်းဆိုစေချင်ခဲ့တာပါ။ (၇) နှစ်အကြာမှာ ကျွန်မတို့ရဲ့အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့ပါတယ်။ ကျွန်မတို့အတွက် တစ်သက်တာအမှတ်တရကို ဖန်တီးပေးတဲ့အတွက် အဒဲလ်ကို ကျေးဇူးတင်ပါတယ်”တဲ့။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။