၃ နှစ်ကြာစစ်သင်တန်းတက်ရောက်သွားမယ့် စပိန်အိမ်ရှေ့စံမင်းသမီး

International News
၃ နှစ်ကြာစစ်သင်တန်းတက်ရောက်သွားမယ့် စပိန်အိမ်ရှေ့စံမင်းသမီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ၃ နှစ်ကြာစစ်သင်တန်းတက်ရောက်သွားမယ့် စပိန်အိမ်ရှေ့စံမင်းသမီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

၃ နှစ်ကြာစစ်သင်တန်းတက်ရောက်သွားမယ့် စပိန်အိမ်ရှေ့စံမင်းသမီး

ထီးနန်းဆက်ခံသူဖြစ်တဲ့ စပိန်အိမ်ရှေ့စံမင်းသမီးလီယိုနိုရ်ဟာ အနာဂတ်နိုင်ငံအကြီးအကဲအဖြစ်ကြိုတင်ပြင်ဆင်ဖို့အတွက် ဒီနှစ်နောက်ပိုင်းလောက်မှာ ၃ နှစ်ကြာစစ်သင်တန်းတက်ရောက်သွားမယ်လို့ စပိန်ကာကွယ်ရေးဝန်ကြီး မာဂါရီတာ ရိုဘယ်စ်ဟာ ဗုဒ္ဓဟူးနေ့က အတည်ပြုခဲ့တာပါ။

လီယိုနိုရ်က စပိန်ဘုရင်ဖေလီပီရဲ့သမီးနှစ်ယောက်ထဲမှာ အကြီးဆုံးဖြစ်တဲ့အတွက် အရင်ဆုံးထီးနန်းဆက်ခံရမှာဖြစ်ပါတယ်။ သူ့ဖခင် ဘုရင်ရာထူးကနေ ဆင်းခဲ့ရင် (ဒါမှမဟုတ်) ကွယ်လွန်နတ်ရွာစံသွားခဲ့ရင် သူက စစ်တပ်ရဲ့စစ်ဦးစီးချုပ်ဖြစ်လာမှာပါ။ သူ့ရဲ့စစ်သင်တန်းတက်ရောက်မှုက စပိန်စစ်တပ်မှာ ၁ နှစ်၊ ရေတပ်မှာ ၁ နှစ်၊ လေတပ်မှာ ၁ နှစ် စုစုပေါင်း ၃ နှစ်ကြာမြင့်မှာပါ။

လီယိုနိုရ်ရဲ့စစ်သင်တန်းတက်ရောက်မှုက UWC Atlantic College မှာ ပညာသင်ကြားပြီးနောက် ဩဂုတ်လ (သို့မဟုတ်) စက်တင်ဘာလမှာ စတင်သွားမှာပါ။ စစ်သင်တန်းတက်ရောက်ပြီးသွားပါက လီယိုနိုရ်ဟာ ရေတပ်မှာ ဒုဗိုလ်အဆင့်၊ စစ်တပ်၊ လေတပ်နဲ့အာကာသကွပ်ကဲရေးမှာ ဗိုလ်ကြီးအဆင့်တွေ ရရှိသွားမှာပါ။ အဲ့ဒီနောက် တက္ကသိုလ်ဘွဲ့တစ်ခုအတွက် သင်ယူနိုင်မှာဖြစ်ပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။