Aircon မလိုဘဲ အေးမျှစေမယ့် နည်းလမ်းကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိ

International News
Aircon မလိုဘဲ အေးမျှစေမယ့် နည်းလမ်းကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ Aircon မလိုဘဲ အေးမျှစေမယ့် နည်းလမ်းကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

Aircon မလိုဘဲ အေးမျှစေမယ့် နည်းလမ်းကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိ

လေအေးပေးစက်မသုံးဘဲ အေးမြစေမယ့် နည်းလမ်းသစ်တစ်ရပ်ကို သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အနက်ရောင်က အပူဒဏ်ကို စုပ်ယူမှုအားအကောင်းဆုံးဖြစ်ပြီး အဖြူရောင်ကတော့ အပူဒဏ်ကို တန်ပြန်မှုအားအကောင်းဆုံးပါပဲ။

ဒါပေမဲ့ နေအိမ်နံရံတွေနဲ့ ခေါင်မိုးတွေကိုတော့ အဖြူဖွေးဆုံးအရောင်တွေ သုတ်မယ်ဆိုရင်တော့ ပတ်ဝန်းကျင်မှာ နေထိုင်သူတွေရဲ့ အမြင်အာရုံကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် သုတ်ဆေးတွေက အလင်းလှိုင်းတွေကို စုပ်ယူတာကြောင့် အခန်းအပူချိန်ကို မြင့်တက်စေပါတယ်။

ကမ်းဘရစ်ချ်တက္ကသိုလ်က သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့တာကတော့ ဆပ်ပြာပူဖောင်းနဲ့ ပိုးတောင်မာအခွံလို ရောင်ပြေးတွေကို သုံးပြီး အပူချိန်ကို လျှော့ချပေးမယ့် နည်းလမ်းပါပဲ။ သုတေသီတွေဟာ ဆဲလ်လူလျို့(အပင်ဆဲလ်နံရံ)တွေက အလွန်သေးငယ်တဲ့ အရာဝတ္တုတွေကို သုံးပြီး ရောင်ပြေးတွေ ဖန်တီးကာ ကွေးနိုင်၊ ဆံ့နိုင်တဲ့ အဖြူရောင်ဖလင်ပြားနဲ့ ပေါင်းစပ်လိုက်တဲ့အခါ အပူဒဏ်လျှော့ချပေးမယ့် Coating ကို ရရှိတာ ဖြစ်ပါတယ်။

တစ်စတုရန်းမီတာရှိတဲ့ အဲဒီဖလင်ပြားဟာ အပူဒဏ်လျှော့ချပေးနိုင်မှု ၁၂၀ ဝပ်အထိ ရှိပြီး နေ့အချိန်မှာ ၇.၂ ဒီဂရီဖာရင်ဟိုက်၊ ညအချိန်မှာ ၂၀ ဒီဂရီဖာရင်ဟိုက် ပိုအေးမျှစေမှာပါ။ အခန်းနံရံနဲ့ ခေါင်မိုးတွေကို ပိုအေးမျှစေမှာဖြစ်ပြီး အိမ်ခန်းအတွင်း (သို့) ကားအတွင်းပိုင်းကိုလည်း ပိုအေးမျှစေမှာပါ။

အဲဒီဖလင်ပြားကို အရောင်အမျိုးမျိုး ဖန်တီးနိုင်သလို အချောထည်၊ အကြမ်းထည်၊ အနု၊ အရွ အခြေအနေအမျိုးမျိုးနဲ့ ဖန်တီးနိုင်တယ်လို့ ဆိုပါတယ်။ ကုန်ချောအဆင့်မှာ ဈေးသက်သက်သာသာနဲ့ ထုတ်လုပ်နိုင်ဖို့အတွက် ဆယ်လူလျို့အမှုန်တွေကို သစ်သား (သို့မဟုတ်) ချည်ထည်ကနေ ထုတ်ယူထားတယ်လို့ သုတေသနမှာ ပါဝင်သူ ချင်ချန်းရှန်က ဆိုပါတယ်။

ရေးသားသူ – Yoyarlay

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။