နောက်ထပ် spin-off တွေ ထွက်လာဦးမယ့် The Fast Saga ခေါ် Fast & Furious Franchise

Celebrity International News
နောက်ထပ် spin-off တွေ ထွက်လာဦးမယ့် The Fast Saga ခေါ် Fast & Furious Franchise

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ နောက်ထပ် spin-off တွေ ထွက်လာဦးမယ့် The Fast Saga ခေါ် Fast & Furious Franchise ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

နောက်ထပ် spin-off တွေ ထွက်လာဦးမယ့် The Fast Saga ခေါ် Fast & Furious Franchise

The Fast Saga ခေါ် Fast & Furious franchise ရဲ့ ဆယ်ကားမြောက်ရုပ်ရှင် Fast X ဟာ လက်ရှိမှာရုံတင်ပြသနေလျက်ရှိပြီး ရုံတင်ငွေစုစုပေါင်း ကန်ဒေါ်လာ ၃၁၉ သန်းကျော်အထိရရှိနေပါတယ်။

The Fast Saga ဟာ Fast & Furious 11 နဲ့ အဆုံးသတ်မှာဖြစ်ပေမယ့်လည်း မိန်းမတွေချည်းသီးသန့်ပွဲထုတ်မယ့် spin-off ရုပ်ရှင်တစ်ကားအပါအဝင် တခြား Fast & Furious spin-off တွေကိုလည်း ထုတ်လုပ်ပြသဖို့အစီအစဥ်ရှိကြောင်း The Fast Saga ရဲ့ အဓိကပင်တိုင်သရုပ်ဆောင် Vin Diesel က အတည်ပြုပေးလာပါတယ်။

Fast X' Recap & Ending Explained: The Family Has Fallen!

Fast & Furious spin-off တွေ ထွက်ရှိလာမှာဖြစ်ကြောင်းကို Vin Diesel က ပြီးခဲ့တဲ့စနေနေ့ကကျင်းပခဲ့တဲ့ Charlize Theron Africa Outreach Project (CTAOP) Block Party မှာ အခုလို အတည်ပြုပြောပြလာပါတယ်။

“မိန်းမ spin-off နဲ့အတူ တခြား spin-off တွေကိုလည်း ဇာတ်လမ်းတည်ဆောက်နေတာ ၂၀၁၇ ကတည်းကပါ။ ဇာတ်သိမ်းပိုင်းပြပြီးသွားတာနဲ့ spin-off တွေကိုလည်း မြန်မြန်ပြနိုင်မှာပါ။”

ဒါရိုက်တာ Louis Leterrier ရိုက်ကူးပေးထားတဲ့ Fast X မှာ ယခင် Fast & Furious က သရုပ်ဆောင်တချို့လည်း cameo တချို့ ပါဝင်လာကြတဲ့အတွက် ပရိသတ်တွေရဲ့အာရုံစိုက်မှုကိုရရှိနေပါတယ်။

Fast & Furious ရဲ့ spin-off တွေနဲ့ ပတ်သက်ပြီး မိန်းမတွေကိုသီးသန့်ပြသမယ့် မိန်းမ spin-off ရုပ်ရှင်တစ်ကားကိုလိုချင်နေကြကြောင်း Fast & Furious ရုပ်ရှင်တွေမှာပါဝင်ခဲ့တဲ့ အမျိုးသမီးသရုပ်ဆောင်တွေဖြစ်တဲ့ Charlize Theron, Brie Larson, Jordana Brewstar နဲ့ Michelle Rodriguez တို့က ပြောခဲ့ဖူးပါသေးတယ်။

လက်ရှိ The Fast Saga မှာ spin-off အနေနဲ့ Fast & Furious Presents: Hobbs & Shaw တစ်ခုသာ ထွက်ရှိထားပြီး Dwayne Johnson, Jason Statham နဲ့ Idris Elba တို့ ပါဝင်ထားကြပါတယ်။

Fast X နဲ့ Fast & Furious 11 ဟာ နှစ်ကားတွဲရုပ်ရှင်ဖြစ်ပြီး Fast & Furious 11 ကို ၂၀၂၅ မှာ ရုံတင်ပြသမှာဖြစ်ပါတယ်။

The Fast Saga ကတော့ လမ်းမဆုံးမချင်း၊ ဆီမကုန်မချင်း၊ ကားမပျက်မချင်း မောင်းနေဦးမယ့်သဘော​ပါပဲ။

ရေးသားသူ -Myanmar Varient Entertainment

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။