ဟားဗတ်ဥပဒေကျောင်းကနေ ဘွဲ့ရခဲ့တဲ့ အမှိုက်သိမ်းသမား

International News
ဟားဗတ်ဥပဒေကျောင်းကနေ ဘွဲ့ရခဲ့တဲ့ အမှိုက်သိမ်းသမား

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဟားဗတ်ဥပဒေကျောင်းကနေ ဘွဲ့ရခဲ့တဲ့ အမှိုက်သိမ်းသမား ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဟားဗတ်ဥပဒေကျောင်းကနေ ဘွဲ့ရခဲ့တဲ့ အမှိုက်သိမ်းသမား

လေဖြတ်နေတဲ့ ဖခင်ဆေးဖိုး ရဖို့၊ စာသင်မယ့်အချိန် ရဖို့၊ မနက် ၄ နာရီ အိပ်ယာထပြီး အလုပ်လုပ်လေ့ရှိတဲ့ အမှိုက်သိမ်းသမားဟာ နာမည်ကျော် ဟားဗတ်ဥပဒေကျောင်းကနေ ဘွဲ့ရသွားပါပြီ။ မျက်ရည်တွေ၊ ချွေးစက်တွေနဲ့ ပေးဆပ်ခဲ့ရတဲ့ ခရီးရှည်ကြီးက အခုတော့ အဆုံးသတ်လှပခဲ့ပြီလို့ မီဒီယာတွေက ဖော်ပြကြပါတယ်။

ရီဟန်စတာတန်ဆိုတဲ့ ချာတိတ်လေးက ကိုယ်ခံပညာရပ် ထူးချွန်ပြီး ဘောက်ဆင်ပြိုင်ပွဲတွေမှာ အနိုင်ယူ ဗိုလ်စွဲခဲ့သူပါ။ ဒါပေမဲ့ ပခုံးဒဏ်ရာကြောင့် ကိုယ်ခံပညာရှင် အိပ်မက်ကို စွန့်လွှတ်ခဲ့ရပြီး သူ့အဖေကလည်း လေဖြတ်သွားလို့ မိသားစု စားဝတ်နေရေးအတွက် အမှိုက်သိမ်းသမားအဖြစ် အလုပ်ဝင်လုပ်ခဲ့ပါတယ်။ ပညာသင်ဖို့ ကောလိပ်ဝင်ခွင့် လျှောက်ခဲ့ပေမဲ့ ဘယ်ကောလိပ်ကမှ သူ့ကို လက်မခံခဲ့ကြပါဘူး။

ဒါပေမဲ့ ဘဝတူ အမှိုက်သိမ်းသမားတွေရဲ့ နှစ်သိမ့်အားပေးခဲ့ကြပြီး Bowie State တက္ကသိုလ်ဝင်ခွင့်ရအောင် ကူညီပေးခဲ့ကြပါတယ်။ ရီဟန်ကလည်း စာကြိုးစားခဲ့ပြီး အမှတ်တွေကောင်းလာလို့ မေရီလန်းပြည်နယ်တက္ကသိုလ်မှာ တက်ရောက်ခွင့် ရခဲ့တာပါ။ သူ့အကြောင်းကို NBC သတင်းဌာနက ရေးသားခဲ့ပြီးနောက်မှာတော့ လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပြီး အမေရိကန်သရုပ်ဆောင်မင်းသား တေလာပယ်ရီက သူ့အတွက် ကျောင်းလခ ပေးခဲ့ပါတယ်။ ၂၀၂၀ စာသင်နှစ်မှာတော့ ရီဟန်ဟာ ဟားဗတ်ဥပဒေကျောင်း ဝင်ခွင့်ရခဲ့တာပါ။

ပုံမှန်အားဖြင့် ကျောင်းသား/သူတွေက ကျောင်းစောင့်တွေကို ရင်းရင်းနှီးနှီး စကားပြောလေ့မရှိပေမဲ့ ရီဟန်ကတော့ ကျောင်းစောင့်တွေ၊ ကျောင်းဝန်ထမ်းတွေ အားလုံးကို ရင်းနှီးနွေးထွေးစွာ ပြောဆိုနှုတ်ဆက်ပြီး သူတို့ရဲ့ အထီးကျန်မှုကို ဖြေဖျောက်ပေးခဲ့ပါတယ်။ ဒါ့အပြင် ကျောင်းစောင့်တွေ၊ ကျောင်းဝန်ထမ်းတွေကို အသိအမှတ်ပြု ဂုဏ်ပြုဖို့အတွက် Reciprocity Effect အဖွဲ့ကို တည်ထောင်ခဲ့ပြီး ကျောင်းစောင့်တွေ၊ ကျောင်းဝန်ထမ်းတွေကို ဂုဏ်ပြုဆုတွေ ချီးမြှင့်ပေးခဲ့ပါတယ်။

ရီဟန်က အသက် ၂၁ နှစ်အရွယ်ပဲ ရှိသေးပြီး နယူးယော့ခ်မြို့မှ ဥပဒေလုပ်ငန်းတစ်ခုမှာ အလုပ်ရသွားပါပြီ။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။