စနေဂြိုဟ်အိပ်နှင့်နေ့နံအသီးသီးကံဇာတာ

Astrology
စနေဂြိုဟ်အိပ်နှင့်နေ့နံအသီးသီးကံဇာတာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စနေဂြိုဟ်အိပ်နှင့်နေ့နံအသီးသီးကံဇာတာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စနေဂြိုဟ်အိပ်နှင့်နေ့နံအသီးသီးကံဇာတာ

စနေ …စနေဂြိုဟ်အိပ် စနေသက်ရောက် စသည်ဖြင့် စနေအသံကြားတာနဲ့ တော်တော်များများ ကြောက်ကြ လန့်ကြတတ်ပါတယ် ။ကြောက်မယ်ဆိုလည်း သိပ်တော့ အပြစ်မဆိုနိုင်ပါ ။သက်ရောက်ပညာခန်းကိုတော့ ကျွန်တော် လုံး၀လွှတ်ထားတာဖြစ်လို ကျွန်တော်လေ့လာလိုက်စားခဲ့တဲ့ဂြိုဟ်အိပ် နဲ့ ဒသာ ပညာခန်း နှစ်ခုထဲက ဂြိုဟ်အိပ်ပညာခန်းဖြင့်သာ နေ့နံအားလုံးကို ခြုံငုံပြီး အနဲငယ် တင်ပြပေးခဲ့ပါ့မယ် ။

စနေဂြိုဟ်အိပ်ကိုတနင်္ဂနွေသားသမီးများသည်အသက် ၄၇နှစ်သို့ စတင်၀င်ရောက်ချိန်မှ (၅၆)နှစ်ကြားမှာ ဖြတ်သန်းရပါတယ် ။

တနင်္လာနေ့ဖွားများကတော့ အသက် (၄၀)တင်းတင်းပြည့်ပြီးသွားချိန်မှ (၅၀)အတွင်း ဖြတ်သန်းကြရပါတယ် ။

အင်္ဂါနေ့ဖွားတွေကတော့ သူတို့ထက် ပိုစောပြီး အသက် (၂၆)နှစ်သို့ စတင်၀င်ရောက်ချိန်ကနေ အသက် (၃၅)နှစ်အတွင်း ဖြတ်သန်းကြရပါတယ် ။

ဗုဒ္ဓဟူး/ရာဟုနေ့ဖွားတွေကတော့ နုစဉ်ကာလ ဖြစ်တဲ့ အသက် (၁၈)နှစ်သို့စတင်၀င်ရောက်ချိန်မှ(၂၇)နှစ်အတွင်း ကြုံတွေ့ဖြတ်သန်းကြရပါတယ် ။

စနေနေ့ဖွားတွေကတော့ အစောဆုံးပါပဲခင်ဗျ ။ မွေးစ ကနေ အသက်(၁၀)နှစ်အတွင်းဟာ စနေဂြိုဟ်အိပ်ဖြစ်ပြီး ဖြတ်သန်းကြရစမြဲဖြစ်ပါတယ် ။

သောကြာနေ့ဖွားတွေကတော့ အထူး နောက်ကျလှပြီး အသက်အားဖြင့် (၆၈)နှစ်သို့ စတင်၀င်ရောက်ချိန်မှ (၇၇)နှစ်အတွင်း ကြုံတွေ့ဖြတ်သန်းကြရပါတယ် ။

ကြာသပတေးနေ့ဖွားတွေအတွက်ကတော့ ဘ၀မှာ (ယခုခေတ် လူ့သက်တမ်း နဲ့ ဆိုရင် ကြုံဖို့တောင်မလွယ်အောင် အသက်အားဖြင့်(၉၉)နှစ်သို့အ၀င်မှ (၁၀၈)နှစ်အတွင်း )သာ ကြုံကြိုက်ခွင့်ရှိကြပါလိမ့်မယ် ။

ဒါကြောင့် စနေဂြိုဟ်အိပ်ဆိုတာကို အစောဆုံး ကြုံရမယ့် နေ့နံသည် .စနေနေ့ဖွားများဖြစ်ကြပြီး ၊ ဘ၀မှာ ကြုံကြိုက်ဖို့တောင်မလွယ်ကူတဲ့ နေ့နံကတော့ကြာသာပတေးနေ့ဖွားများဖြစ်ကြပါတယ် ။

စနေဂြိုဟ်အိပ်ကို ယျေဘုယျအားဖြင့်သင်္ချာသဘောသက်သက် အောက်ပါအတိုင်းအဆိုးအကောင်း အင်အား ခွဲခြားနိုင်ပါတယ် ။

စနေဂြိုဟ်အိပ်ချိန်

ဗုဒ္ဓဟူး/ရာဟုနေ့ဖွားများ ကံကောင်းအား ၁၀၀% ။
တနင်္ဂနွေနေ့ဖွားများ …. ကံကောင်းအား ၇၅% ။
ကြာသာပတေးနေ့ဖွားများ…ကံကောင်းအား ၅၀% ။
စနေနေ့ဖွားများ …………….ကံအင်အား ၀ ၊ (ကောင်းအားဆိုးအားမျှ) ။
အင်္ဂါနေ့ဖွားများ ……………. ကံဆိုးအား ၅၀% ။
သောကြာနေ့ဖွားများ ………. ကံဆိုးအား ၇၅% ။
တနင်္လာနေ့ဖွား …………… ကံဆိုးအား ၁၀၀% ။

ဒီလောက်ဆိုရင် .စနေဂြိုဟ်အိပ်ဆိုတာနဲ့ ဘယ်နေ့နံဖွားတွေအတွက် ပိုမိုခက်ခဲမှုများတတ်တယ် ဆိုတာကို ယေဘုယျအဆင့် သိရှိနိုင်ပါလိမ့်မယ် ။

အသေးစိတ်အဆင့်မှာတော့ နာမည်တွေအရလည်းကောင်း မူလမွေးမဟာဘုတ်ဇာတာများအရလည်းကောင်း ၊ ရုပ်ဆင်းအသွင် အရပ်အမောင်း စတာတွေသည်လည်းကံအင်အားအနိမ့်အမြင့်ကို ပြောင်းလဲသွားစေနိုင်တာကို အထူး သတိပြုရပါမယ် ။

ဘာပဲဖြစ်ဖြစ် အခြေခံအဆင့်အားဖြင့် ဒီမျှ သိရှိထားပြီဆိုရင်ကို အကျိုးမမဲ့လှပါခင်ဗျာ ။

ရေးသားသူ –စာရေးဆရာ သာထက်ဇော်(မကွေး) တဲရော့ ၊ ဗေဒ ၊ လက္ခဏာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။