စီးပွားတက်ချင်ရင် သံပုရာနဲ့နှင်

Astrology
စီးပွားတက်ချင်ရင် သံပုရာနဲ့နှင်

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ စီးပွားတက်ချင်ရင် သံပုရာနဲ့နှင် ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

စီးပွားတက်ချင်ရင် သံပုရာနဲ့နှင်

တစ်ခါတစ်လေ မိသားစုထဲမှာ ဟိုလူကအလုပ်အကိုင်မကောင်းလိုက် ဒီလူကကျန်းမာရေးမကောင်းလိုက် ဟိုလူကပြသနာဖြစ်လိုက် ဒီလူကထိခိုက်ဒဏ်ရာရလိုက်နဲ့
တစ်အိမ်သားလုံး ကံနိမ့်သလိုဖြစ်တတ်ပါတယ်။

အဲ့လိုကိုယ့်အိမ်မှာ တစ်ခုပြီးတစ်ခု တစ်ယောက်ပြီးတစ်ယောက်ဆက်တိုက်ဖြစ်နေပြီဆိုရင်အိမ်ပူတယ်လို့လို့ခေါ်ပါတယ်။ဒီနည်းက မဖြစ်ပဲနဲ့လုပ်နိုင်ရင်လည်းကျန်းမာရေး စီးပွားရေး လူမှုရေးပိုပြီးကောင်းသထက်ကောင်းပိုပြီးအဆင်ပြေလာနိုင်ပြီးတစ်ကယ်တိုက်ဆိုင်/ဖြစ်နေလို့လုပ်တဲ့သူတွေကလည်းမိမိတို့အိမ်မှာရှိနေတဲ့အခက်အခဲတွေ အပူတွေသောကတွေအားလုံး၉ ရက်ပြည့်ပြီးတာနဲ့ယူပစ်သလိုရှင်းသွားပါလိမ့်မယ်။

လုပ်ရမှာကသံပုရာသီးအစိမ်းလှလှတစ်လုံးကိုကိုယ့်အိမ်ရဲ့ အဝင်အထွက်တံခါးမကြီးရဲ့အပေါ်တန်းမှာ၉ ရက်တိတိ သံနဲ့ကပ်ရိုက်ထားရမှာဖြစ်ပါတယ်သံနဲ့ရိုက်ဘို့အဆင်မပြေတဲ့သူတွေကပြုတ်မကျအောင်တိပ်နဲ့ကပ်လို့ရပါတယ်။လုပ်ရမယ့်နေ့က လုပ်ချင်တဲ့နေ့လုပ်လို့မရပါဘူးအကျိုးသက်ရောက်ဘို့အတွက်အမြိတ္တစုတ်ရက်မှာပဲလုပ်ရမှာဖြစ်ပါတယ်။

တစ်လမှာ အမြိတ္တစုတ်ရက်က၂ ရက် သို့မဟုတ် ၃ရက်ရှိပါတယ်မြန်မာပြက္ခဒိန်ကိုကြည့်လိုက်ရင်အမြိတ္တစုတ်ရက်ဆိုပြီးရေးထားပါတယ်။

တနင်္ဂနွေနေ့
လဆန်း/လဆုတ် ၈ ရက်နဲ့တိုက်ရင်
တနင်္လာနေ့
လဆန်း/လဆုတ် ၃ ရက်နဲ့တိုက်ရင်
အင်္ဂ ါနေ့
လဆန်း/လဆုတ် ၇ ရက်နဲ့တိုက်ရင်
ဗုဒ္ဓဟူးနေ့
လဆန်း/လဆုတ် ၂ ရက်နဲ့တိုက်ရင်
ကြာသာပတေးနေ့
လဆန်း/လဆုတ် ၄ ရက်နဲ့တိုက်ရင်
သောကြာနေ့
လဆန်း/လဆုတ် ၁ ရက်နဲ့တိုက်ရင်
စနေနေ့
လဆန်း/လဆုတ် ၅ ရက်နဲ့တိုက်ရင်
အဲ့ဒီနေ့တွေမှာပဲ လုပ်ရမှာဖြစ်ပါတယ်။

၉ ရက်တိတိ သံနဲ့ရိုက်ထားပြီး၁၀ရက်မြောက်တဲ့နေ့မှာ ပြန်ဖြုတ်ပြီးရေမှာသွားမျှောရမှာဖြစ်ပါတယ်။ဒီလထဲမှာနယုန်လဆုတ် ၃ ရက်နေ့အင်္ဂလိပ်လို ၅ရက်နေ့ပြီးခဲ့တဲ့တနင်္လာနေ့ကအမြိတ္တစုတ်ရက် တစ်ရက်ပြီးသွားပြီမိုလို့နောက်ထပ်ကျန်တဲ့တစ်ရက်ဖြစ်တဲ့အင်္ဂလိပ်လို ၂၅ ရက်နေ့ပထမဝါဆိုလဆန်း ၈ ရက်နေ့တနင်္ဂနွေနေ့မှာ လုပ်လို့ရမှာဖြစ်ပါတယ်။

တစ်လမှာ အနည်းဆုံးအမြိတ္တစုတ်ရက်က ၂ ရက်ရှိတာမိုလို့လုပ်ခွင့် ၂ ခါရပါတယ်
လတိုင်းလုပ်နိုင်ရင်ကျန်းမာရေး စီးပွားရေး လူမှုရေးမိသားစုအရေးအစစအရာရာအားလုံးပြည့်စုံချမ်းသာပြီးအပူအပင်သောကများအားလုံးကင်းဝေးသွားပါလိမ့်မယ်အားလုံး ကျန်းမာချမ်းသာပြီးအနာရောဂါနှင့် အပူသောကများအားလုံး ကင်းဝေးကြပါစေ။

ရေးသားသူ –ဆရာ လင်းမြတ်ဘုန်းအောင် ဗေဒင် ယတြာ အင်းစမ အစီအရင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။