သွေးတိုးကျစေရုံသာမက ဆီးချို ပါထိန်းပေးတဲ့ စောင်းလျားသီး

Health Knowledge
သွေးတိုးကျစေရုံသာမက ဆီးချို ပါထိန်းပေးတဲ့ စောင်းလျားသီး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သွေးတိုးကျစေရုံသာမက ဆီးချို ပါထိန်းပေးတဲ့ စောင်းလျားသီး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သွေးတိုးကျစေရုံသာမက ဆီးချို ပါထိန်းပေးတဲ့ စောင်းလျားသီး

၁။ အူမကြီး ကင်ဆာရောဂါကို ကာကွယ်နိုင်ခြင်း

စောင်းလျားသီးမှာပါတဲ့ဓာတ်တိုးဆန့်ကျင်ဓာတ်တွေက ကင်ဆာရောဂါ မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ ဆေးသိပ္ပံလေ့လာမှုတွေအရ စောင်းလျားသီးမှာပါတဲ့ အမျှင်ဓာတ်က အစာအိမ်အူလမ်းကြောင်းက အဆိပ်အတောက်တွေကို နည်းပါးစေကာ ကင်ဆာဖြစ်ပွားနှုန်းကို လျော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

၂။အရောင်ကျစေခြင်း

စောင်းလျားသီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ဓာတ်တွေနဲ့Flavonoids တွေကြောင့်ရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။ အထူးသဖြင့်အရေပြား ရောင်ရမ်းလူနာတွေ စားသင့်ပါတယ်။ ဒါ့အပြင် စောင်းလျားသီးမှာ ဗီတာမင်စီ များစွာပါတာမို့ ကော်လဂျင်ထုတ်လုပ်မှုကို အားပေးပါတယ်။

၃။ နှလုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း

စောင်းလျားသီးမှာ ပိုတက်စီယမ်ဓာတ်ပါတာမို့ သွေးတိုးကို ထိန်းညှီကာ နှလုံးကျန်းမာရေးကို အထောက်အကူပြုပါတယ်။

၄။နို့တိုက်မိခင်တွေ စားသင့် စောင်းလျားသီးစားတဲ့ နို့တိုက်မိခင်တွေမှာ နို့ပိုထွက်ဖို့ အထောက်အကူပြုတယ်လို့ သိရပါတယ်။

၅။အလေးချိန်ကျစေခြင်း

စောင်းလျားသီးမှာ ကယ်လိုရီ၊ ကာဗွန်ဟိုက်ဒြိတ် နည်းပါးပြီး အမျှင်နဲ့ အာဟာရဓာတ်များစွာပါဝင်တာမို့ ခန္ဓာကိုယ်ရဲ့ အစာခြေချက်မှုကို အားပေးကာ ဝိတ်ကျစေနိုင်ပါတယ်။

၆။ကိုယ်ခံအား ကောင်းစေခြင်း

စောင်းလျားသီးမှာ ဗီတာမင်စီပါဝင်မှုများတာမို့ ပုံမှန်စားရင် ကိုယ်ခံအားကောင်းစေကာ ရောဂါတွေ အလွယ်တကူဝင်လို့ မရတော့ပါဘူး။

၇။ သွေးပေါင်ထိန်းညှီပေးခြင်း

စောင်းလျားသီးမှာပါတဲ့ ကယ်လ်စီယမ်၊ ပိုတက်စီယမ် ဓာတ်တွေက နှလုံးသွေးကြောကျဉ်းတာ၊ သွေးတိုးတာတွေကို ကာကွယ်ပေးပါတယ်။

၈။ အစာကြေ၊ဝမ်းမှန်စေခြင်း

စောင်းလျားသီးမှာ အမျှင်ဓာတ်များစွာပါတာမို့ ပုံမှန်စားရင် လေပွခြင်း၊ ဝမ်းချုပ်ခြင်းမှာကင်းဝေးစေမှာပါ။

၉။ဆီးချိုကို ထိန်းညှီပေးခြင်း

စောင်းလျားသီးမှာ အမျှင်ဓာတ်နဲ့ တခြား ဓာတ်တွေ များစွာပါတာမို့ ဆီးချိုသမားတွေ ဆီးချို တက်နေရင် နေ့စဉ် တလုံး ပုံမှန် စားသင့်ပါတယ်။

၁၀။ အဆီဓာတ်ကို ချပေးခြင်း

စောင်းလျားသီး ပုံမှန်စားရင်ခန္ဓာကိုယ်အတွက် မကောင်းတဲ့ အဆီ LDLကို ချပေးပြီး ကောင်းတဲ့ အဆီ HDLကို တက်စေပါတယ်။ အသည်းအဆီဖုံးရောဂါကို လျော့ပါးစေတယ်လို့ ကြွက်တွေနဲ့ လေ့လာထားမှုအရ သိရပါတယ်။

၁၁။ခန္ဓာကိုယ်ကို သန့်စင်ပေးခြင်း

စောင်းလျားသီးက ဆီးသွားများစေပါတယ်။ ခန္ဓာကိုယ်ထဲ ပိုနေတဲ့ ဆိုဒီယမ်ဓာတ်တွေကို ဆီးထဲ ပါကာ သန့်စင်ပေးနိုင်ပါတယ်။

၁၂။လည်ချောင်းနာခြင်းကို သက်သာစေခြင်း

စောင်းလျားသီးမှာ အရောင်ကျစေတဲ့ အာနိသင်ရှိတာမို့ လည်ချောင်းနာခြင်းကို သက်သာစေပါတယ်။ တံတွေးပိုမိုထွက်စေကာ မကောင်းတဲ့ ပိုးမွှားတွေကို နည်းပါးစေပါတယ်။

၁၃။အိပ်ရေးဝစေခြင်း

စောင်းလျားသီးမှာ မဂ္ဂနီဆီယမ်ကြွယ်၀စွာပါ၀င်ပြီး နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။

၁၄။မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေခြင်း

ဗီတာမင်အေ ကြွယ်၀စွာပါ၀င်လို့ မျက်လုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

ဆေးဖက်အဖြစ်အသုံးပြုပုံ

စောင်းလျားသီးမှ ဖျော်ရည် (သို့မဟုတ်) စောင်းလျားသီးမှည့်ကို ငါးပြေမနှင့် ချက်စားက ကျောက်ကပ် ကျောက်တည်ခြင်း၊ ဆီးအိမ်နှင့် သည်းခြေ အိတ်တို့တွင် ကျောက်တည်ခြင်း တို့ကို သက်သာ ပျောက်ကင်း စေပါသည်။

စောင်းလျားသီးကို စားပေးခြင်းဖြင့် ဆီးရောဂါ၊ ဝမ်းရောဂါ၊ သည်းခြေ၊ ကျောက်ကပ် စတဲ့ရောဂါများကို ကာကွယ်ပေးပါတယ်။

ဆီးချိုရောဂါရှိသူများ စောင်းလျားသီးအစိမ်းကို ငါးပြေမ သို့မဟုတ် အခြားငါးများနဲ့ ဓါတ်စာအဖြစ် မကြာခဏ ချက်စားပါ။ ရောဂါကို ထိန်းပေးနိုင်ပါတယ်။

အသီးမှည့်ကို စားပေးခြင်းဖြင့် ဝမ်းချုပ် ရောဂါ၊ ရေငတ် ရောဂါ ပျောက်ကင်းစေသည်။

စောင်းလျားသီးမှည့်ကို သကြားနှင့် စားပါက အော့အန်ခြင်း၊ အစာမကြေခြင်းကို ပျောက်ကင်းစေသည်။

စောင်းလျားသီးမှည့် ရှာလပတ်ရည် သောက်ပေးပါက အဖျားကို ပျောက်စေသည်။

စောင်းလျားသီးကို အခြား ဟင်းလျာများနှင့် ချက်၍ စားပါက နှုတ်ကို မြိန်စေသည်။

အတွင်း လိပ်ခေါင်း ရောဂါ အတွက် စောင်းလျားသီးမှည့်ကို ဓာတ်စာအဖြစ် စားပေးရသည်။

စောင်းလျားသီးကို ချဉ်ရည်ဟင်း ချက်စား ပေးပါက ဆီးနှင့်ဝမ်း ကို မှန်စေသည်။

နှုတ်မမြိန်ခြင်း၊ အစားအသောက် ပျက်ခြင်း၊ အစာမကြေခြင်း ဖြစ်လျှင် စောင်းလျားသီး အစိမ်းကို ပါးပါးလှီး၍ ငါးနှင့် ချက်စားခြင်းဖြင့် ပျောက်နိုင်သည်။

ရင်ဘတ်နာ၊ လေနာ၊ မီးယပ် ဝမ်းပျက်၊ အသံပျက် ရောဂါများအတွက် စောင်းလျားသီးမှည့် ၂၀ လုံး၊ သကြား ၅ ကျပ်သား၊ ပျားရည် ၁၂ ကျပ်ခွဲသား၊ စမုန်စပါး၊ စမုန်နီ၊ စမုန်ဖြူ၊ စမြိတ်မှုန့် ၂ ပဲစီ ထည့်၍ မွှေပြီး ၁၀ ရက်ခန့် ထားပါ။

ထို့နောက် ည၊ နံနက် ဆေးရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကျ သောက်ပေးခြင်းဖြင့် အဆိုပါ ရောဂါများကို သက်သာ ပျောက်ကင်း စေနိုင်ပါသည်။

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။