ကမ္ဘာပေါ်က တစ်နေရာတည်းမှာသာပေါက်တဲ့ ထူးခြားသောအနက်ရောင်နှင်းဆီ

International News Knowledge
ကမ္ဘာပေါ်က တစ်နေရာတည်းမှာသာပေါက်တဲ့ ထူးခြားသောအနက်ရောင်နှင်းဆီ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘာပေါ်က တစ်နေရာတည်းမှာသာပေါက်တဲ့ ထူးခြားသောအနက်ရောင်နှင်းဆီ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘာပေါ်က တစ်နေရာတည်းမှာသာပေါက်တဲ့ ထူးခြားသောအနက်ရောင်နှင်းဆီ

နှင်းဆီပန်းမှာ လူအများစု ရင်းနှီးကြတာ အနီရောင်ဖြစ်ပြီး အဖြူရောင်၊ အဝါရောင် စသဖြင့် နှင်းဆီမှာ အရောင်များစွာရှိပါသေးတယ်။ အဲဒီထဲကမှ အနက်ရောင်နှင်းဆီဟာ အခြားနှင်းဆီတွေလို ကမ္ဘာ့နေရာအနှံ့မှာ သဘာဝအလျောက် ပေါများစွာ မပေါက်ရောက်ပါဘူး။ နှင်းဆီနက်ဟာ သဘာဝအလျောက်ပေါက်ရောက်တဲ့နေရာက ကမ္ဘာပေါ်မှာ တစ်နေရာတည်းသာရှိပါတယ်။ အဲဒီနေရာကတော့ တူရကီနိုင်ငံ တောင်ပိုင်းမှာတည်ရှိတဲ့ Halfeti ဆိုတဲ့ရွာငယ်လေးပါပဲ။

ကမ္ဘာပေါ်မှာ Halfeti ရွာငယ်လေးတစ်နေရာတည်းမှာသာ သဘာဝအလျောက်ပေါက်လို့ နှင်းဆီနက်ကို “Halfeti နှင်းဆီ” လို့လဲခေါ်ပါတယ်။ အဲဒီတစ်နေရာတည်းမှာပဲ ဘာလို့မည်းနက်နေတဲ့နှင်းဆီတွေ ပေါက်တာလဲ? အကြောင်းက Halfeti ကမြေဆီမှာ အလွန်ထူးခြားတဲ့ အခြေအနေတစ်ခုရှိပါတယ်။ အဲဒီကမြေကြီးဟာ သိပ်သည်းဆ အလွန်များပြီး ရေမှာပျော်ဝင်နိုင်တဲ့ ဆေးရောင်ခြယ်ပစ္စည်းဖြစ်တဲ့ Anthocyanins ပါဝင်နေပါတယ်။ အဲဒီရောင်ခြယ်ပစ္စည်းဟာ pH နဲ့လဲတုန့်ပြန်ဓာတ်ပြုနိုင်တယ်။

ဘလူးဘယ်ရီသီး၊ ရက်စ်ဘယ်ရီသီးတွေဟာ အနက်ရောင်ရှိတဲ့အသီးတွေမလား။ အဲဒီအသီးတွေ အနက်ရောင်ဖြစ်နေတာက Anthocyanins ပါဝင်နေလို့ပါပဲ။ ဒီတော့ Halfeti ကမြေကြီးမှာ ပေါက်နေတဲ့ နှင်းဆီတွေအနက်ရောင် ဖြစ်နေခြင်းအကြောင်းကိုတော့ သိရပြီဖြစ်ပါတယ်။ ဒီထက်အံ့သြစရာကောင်းတာတစ်ခုက ဒီနှင်းဆီတွေက တစ်နှစ်ပတ်လုံး အနက်ရောင်ဖြစ်နေတာမဟုတ်ပါဘူး။ တူရကီနိုင်ငံရဲ့ နွေရာသီမှာသာ လုံးဝမည်းနက်တဲ့ နှင်းဆီပန်းတွေ ပွင့်တာပါ။ နွေရာသီမဟုတ်တဲ့ အခြားအချိန်တွေမှာတော့ အနီနဲ့အနက် ရောစပ်ထားတဲ့အရောင်ဖြစ်နေပါတယ်။

ဒီအနက်ရောင်နှင်းဆီဟာ အလွန်ရှားပါးတဲ့အတွက် ခူးယူရောင်းချဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကမ္ဘာပေါ်က တစ်နေရာတည်းမှာသာ သဘာဝအလျောက်ပေါက်တဲ့ပန်းဟာ မရှားဘဲလဲမနေပါဘူး။ နှင်းဆီနက်ရဲ့ မျိုးစေ့ဟာလဲ အလွန်ရှားပြီး မြင်တွေ့ဖို့တောင် မလွယ်လှပါဘူး။ ဒါပေမယ့် ရှားပါးလဲ တူရကီတွေက သိပ်တော့ ခေါင်းထဲလဲမထည့်၊ တန်ဖိုးလဲမထားပါဘူး။ အကြောင်းက သူတို့အဖို့ အနက်ရောင်ဆိုတာ thayခြင်းအဓိပ္ပာယ်လို့လဲယူဆသလို နိမိတ်မကောင်းတဲ့အရာဖြစ်တယ်လို့လဲ ယူဆကြလို့ဖြစ်ပါသတည်း။

ရေးသားသူ –Thoughts

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။