မိုးပျံပူပေါင်း ယတြာ

Astrology
မိုးပျံပူပေါင်း ယတြာ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မိုးပျံပူပေါင်း ယတြာ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မိုးပျံပူပေါင်း ယတြာ

ဒီနည်းလေး ကို စကြာ၀ဌာ ရဲ့ စွမ်းအင်ကို အသုံးပြုပြီး ၊ စကြာ၀ဌာ နဲ ဆက်သွယ်၊ စကြာ၀ဌာ ထံက အကူအညီ တောင်းခံခြင်း လို့ ဆိုကြပါတယ်။ ဉပမာ မြန်မာ နဲ အာရှ နိုင်ငံတချို့မှာ တန်ဆောင်မုန်းလ မီးပုံပျံ လွှတ်ကြတာမျိုးပါ။

စိတ်ထဲက ဆန္ဒကို မီးပုံငယ်လေး မှာ ရေး သား ပြီးကောင်းကင် ကို လွတ်တင် ကြတယ်။ စကြာဝဌာ ထံက အကူအညီ တောင်းတယ် လို့ ဆိုကြပါတယ်။
လက်တွေ့ ဘ၀ မှာ တော့ မီးပုံပျံ က မလွယ်လှပါ။ အဲဒါ ကြောင့်ဘဲ ထင်ပါတယ်။ နိုင်ငံတာက မှာ ဓါတ်ငွေ့ထည့်ထားတဲ့ ပူပေါင်းကို လွှတ်တင်ကြပါတယ်။ အထူးသဖြင့် လုပ်ငန်း တခု စတင် ချိန် မှာ အောင်ပွဲ ကျင်းပ ချိန် များမှာ သုံးကြပါတယ်။ ရည်ရွယ်ချက် နဲ့ ဆိုလို ရင်းကတော့ အတူတူပါဘဲ။

လူတဉီး တယောက် အတွက် ကိုယ်ရေးကိုယ်တာ အတွက် သုံးမယ် ဆိုရင်တော့ အောက်ပါနည်း လမ်းလေး ကို သုံးကြည့်ပါ။
သင့်ရဲ့ လိုအင် ဆန္ဒပူပေါင်း တလုံးမှာ ရေးပါ။ ဆန္ဓဆိုတဲ့ နေရာ မှာ ကိုယ်မလိုချင်တာ ရော ကိုယ်လိုချင်တာ ပါ ရေးနိုင်ပါတယ်။ ပူပေါင်း တလုံးမှာတော့ ဆန္ဒတခု သာ ရေးပါ။

ဉပမာ ..မောင်မောင် ကျမအနား က ဝေးရာ ကို ထွက်သွားပါစေ။ သို့မဟုတ် မောင်မောင် ကျမ အနား အမြန်ရောက်လာပါစေ။
ဒါမှမဟုတ် အကြွေး အမြန် ဆပ်နိုင်ပါစေ။ သို့မဟုတ် အကြွေး အမြန် ပြန်ရပါစေ။
ပူပေါင်း ဆိုရာမှာလည်း ဟီလီယမ်ဓါတ်ငွေ့ Helium gas balloom ကိုသာ သုံးရပါမယ်။

မွေးနေ့ ပစ်စည်း ရောင်းတဲ့ ဆိုင်များမှာ ရောင်းတဲ့ ဓါတ်ငွေ့ ဖြည့်ထားတဲ့ ပူပေါင်း မှ ရပါမယ်။ အဆင်သင့်ကို ဝယ်မရလည်း ပါတီ တွေ အတွက် ရည်ရွယ် ထုတ်တားတဲ့ ပူပေါင်း ထုတ်နဲ့ ဓါတ်ငွေ့ ဗူးလေး ၀ယ်ပါ။

ဘယ်နေ့ လုပ်ရမယ် လို့ ကန့်သတ်ချက် မရှိပေမဲ့ အချိန် က တော့ ည သန်းခေါင် ကျော်မှသာ လုပ်လို့ ရပါတယ်။
ကိုယ့်ဆန်ဒ ကို စိတ်က ရည်စူး ပါ ပူပေါင်းမှာ ချည်ထားတဲ့ ကြိုးစ ကို လွှတ်လိုက်ရင် ပူပေါင်းကလေပေါ် ပျံ တက် သွားပါတယ်။

အဲဒီ မှာ စောင့်ကြည့်ဖို့တော့ လိုပါတယ်။
ပူပေါင်းလေးက လေ နဲ့ အတူ မိုးပေါ် အမြင့်ကို လွတ်လပ်စွာ ပျံတက် သွားရင် တော့ သင့် ဆန်ဒ တွေ လွယ်ကူချောမွေ့စွာ အောင်မြင်ပါလိမ့်မယ်။

တကယ်လို့ သင့်ရဲ ဆန္ဒက ကူညီမယ့်သူ ပေါ်လာပါစေ ချစ်သူ ရပါစေ တို့ အိမ်အမြန်ရောင်းရပါစေ စသည် တို့ ဖြစ်ခဲ့ရင်တော့ ပူပေါင်း လွင့်သွားတဲ့ အရပ်ကို ကြည့်ပါ။ ဉပမာ တောင်ဖက် အရပ်ကို လွင့်သွားရင် သင်မျှော်လင့် နေသူက တောင်အရပ်က လာပါလိမ့်မယ်။

သစ်ပင် အဆောက်အဉီး တစုံတခု နဲ့ ညိပြီး ပူပေါင်းက မတက် နိုင်ဘဲ ရပ်သွားရင် သင့်ဆန္ဒမပြည့် နိုင်သေးပါ။ တပါတ်လောက်နေမှ တခါ ထပ်ကျိုးစား ကြည့်ပါ။
သင့်ဆန္ဓက ကြီးမား တဲ့ ခက်ခဲ တဲ့ အရာ ဖြစ်နေရင်တော့ တကြိမ်နဲ့ မအောင်မြင် ရင် မကြာခန လုပ်ပေးပါ။

မိတ်ဆွေအားလုံး လိုအင်ဆန်ဒ များ ပြည့်၀ ကြပါစေ။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။