ပန်းနာရင်ကျပ်၊ဗိုက်အောင့်ခြင်းနှင့် နားကိုက်ဝေဒနာပျောက်ကင်းသော ရှမ်းနံနံ

Health Knowledge
ပန်းနာရင်ကျပ်၊ဗိုက်အောင့်ခြင်းနှင့် နားကိုက်ဝေဒနာပျောက်ကင်းသော ရှမ်းနံနံ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပန်းနာရင်ကျပ်၊ဗိုက်အောင့်ခြင်းနှင့် နားကိုက်ဝေဒနာပျောက်ကင်းသော ရှမ်းနံနံ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပန်းနာရင်ကျပ်၊ဗိုက်အောင့်ခြင်းနှင့် နားကိုက်ဝေဒနာပျောက်ကင်းသော ရှမ်းနံနံ

ရှမ်းနံနံံသာ ပြောရတယ်၊ ရှမ်းတွေပဲစားကြတဲ့ ဟင်းခတ်မဟုတ်ပါဘူး။ မွန်ဟင်းတွေမှာလည်းပါတယ်၊ ရခိုင်ဟင်းတွေမှာလည်းပါတယ်၊ မြန်မာဟင်းတွေမှာလည်းပါတယ်၊ မြန်မာနိုင်ငံအနှံ့အပြားက နေရာဒေသအမျိုးမျိုးရဲ့ ဒေသအစားအစာတွေမှာ ပါဝင်လေ့ရှိပါတယ်။

ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးများတယ်ဆိုပေမယ့် ကျိုက်ထီးရိုးတောင်ပေါ်မှာ စားခဲ့ရတဲ့ မုန့်ဟင်းခါးမှာ ရှမ်းနံနံတွေနိုင်းချင်းထည့်စားကြတာတွေ့ဖူးတယ်။ရှမ်းနံနံက အစိမ်းပဲစားစား၊ ဟင်းထဲပဲ ခတ်ခတ် အညှီပျောက်တယ်၊ ဟင်းအနံ့ကိုပိုမွှေးစေတယ်လေ။အစကတော့ မြန်မာမှာပဲ သုံးကြတယ်ထင်နေတာ။ သူ့နာမည်က ရှမ်းနံနံဆိုတာကိုး။

ဒါ်ပေမယ့် သူ့အကြောင်းရှာကြည့်လိုက်တော့မှ မက္ကဆီကိုနဲ့ တောင်အမေရိကမှာရော၊ ကာရေးဘီးယား၊ လက်တင်အမေရိကတို့မှာပါ အသုံးများတာသိလိုက်ရတယ်။ဆေးဖက်ဝင်လို့ ဆေးတွေတောင် ထုတ်တာနော်။

သွေးတိုးကျတယ်၊ အစာကြေတယ်၊ စတဲ့ကျန်းမာရေးအကျိုးေျကျးဇူးတွေကြောင့် အရှေ့တောင်အာရှမှာဆို မြန်မာအပြင် အိန္ဒိယ၊ ကိုရီးယား၊ ဗီယက်နမ်နဲ့ထိုင်းမှာလည်း စားသုံးကြပါတယ်။ထိုင်းဟင်းလျာတွေမှာဆို နံနံပင်အမြစ်၊ ရှမ်းနံနံအမြစ်တွေထောင်းထည့်တော့ မွှေးနေရော။

သူတို့တွေဆီမှာ ဘယ်ရောဂါတွေအတွက် သုံးကြလဲဆိုတော့ ပန်းနာရင်ကျပ်၊ ဗိုက်အောင့်ခြင်း၊ နားကိုက်ဝေဒနာ၊ အစာခြေစနစ်ပြဿနာတွေ( သန္ထတာ၊ ဝမ်းပျက်တာ) မြွေ သို့မဟုတ် အင်းဆက် အကိုက်ခံရတာ အဖ်ားတက္တာ ငှက်ဖျားရောဂါ တို့အတွက် ကုသနည်းအဖြစ်တောင် ထည့်သွင်းအသုံးပြုကြပါတယ်။

အာဟာရဓာတ် အရွက်မှာတင်မဟုတ်ဘဲအမြစ်မှာပါ အာဟာရဓာတ်ပြည့်စုံနေတဲ့ ရှမ်းနံနံဟာ သံဓာတ်၊ riboflavin၊ carotene၊ ဗီတာမင် A၊ C နဲ့ ၊ ဗီတာမင် B1 ၊ B2 တို့ပါဝင်နေတာဖြစ်ပါတယ်။ ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ်တွေပါဝင်တာလည်းမနည်းတဲ့အတွက် သက်သတ်လွတ်သမားတွေအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ ခံတွင်းပျက်နေသူတွေအတွက်လည်း အစာစားချင်စိတ်ဖြစ်အောင် နှိုးဆွပေးနိုင်ပါတယ်။

ဘယ်လိုအကျိုးကျေးဇူးတွေရှိတာလဲ မရှိမဖြစ်အရေးပါတဲ့ အာဟာရဓာတ်တွေပါဝင်တယ်။တုပ်ကွေးဖြစ်တဲ့အခါ သက်သာစေတယ်၊သွေးတိုးကျစေတယ်။ပန်းနာရင်ကျပ်ကို သက်သာစေတယ်၊အရောင်ကျစေတယ် နာကျင်တာ၊ ရောင်ရမ်းတာ၊ အဆစ်နာရောဂါတွေကိုသက်သာစေတယ်၊အကိုက်အခဲပျောက်စေတယ် trimethylbenzaldehydes ပါဝင်လို့ နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်တယ်၊ နားကိုက္တာ၊ ဗိုက်အောင့်တာ၊ ခေါင်းကိုက်တာတွေအတွက် ရှမ်းနံနံရေနွေးကြမ်းကို သောက်သုံးကြလေ့ရှိပါတယ်။ဆီးချိုကျစေတယ်၊ ဝမ်းချုပ်ခြင်းကို သက်သာစေတယ်၊ အဖျားကျစေတယ်၊ ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ အအေးမိခြင်း၊ နမိုးနီးယား၊ ဗိုက်အောင့်ဗိုက်နာခြင်းတွေအတွက် ရှမ်းနံနံံကို အသုံးပြုလေ့ရှိပါတယ်။

ပင့်ကူကိုက်ခံရရင် ရှမ်းနံနံရွက်ကိုကြိတ်ခြေပြီးလိမ်းပေး၊ သက်သာတယ်လို့ ဆိုကြပါတယ်။ တခြားကျန်းမာရေးအကျိုးကျေးဇူးတွေလည်း အများကြီးရှိသေးတယ်ဆိုပေမယ့် ဒီလောက်နဲ့တင် ရှမ်းနံနံကို စားသင့်နေပါပြီနော့။ဈေးမှာပေါတော့ ဝယ်ရလည်းလွယ်တယ်၊ အိမ်မှာစိုက်ချင်လည်း အရွက်ကိုသုံးပြီးကျန်တဲ့အမြစ်လေးတွေ ရှိတဲ့ပန်းအိုးထဲထည့်စိုက်ထားလိုက်ရုံပဲ။ လိုမှခူးစားလို့ရတာပေါ့။

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။