ဆန်းကျမ်းဗေဒင်ဖြင့်နာမည်ပေးခြင်း

Astrology
ဆန်းကျမ်းဗေဒင်ဖြင့်နာမည်ပေးခြင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆန်းကျမ်းဗေဒင်ဖြင့်နာမည်ပေးခြင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆန်းကျမ်းဗေဒင်ဖြင့်နာမည်ပေးခြင်း

ဆန်းကျမ်းဗေဒင်ဖြင့် နာမည်ပေးရာတွင် သိရှိထားရမည့် အခြေခံအချက်များအား
အခန်း(၂) တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ အချုပ်အားဖြင့်ဆိုရသော် အောက်ပါအချက်များ အကျုံးဝင်ရမည်။

(၁) မဟာဘုတ်ဖွားဇာတာခွင် (အကြွင်းခွင်) အရ မရဏ ဌာနမှာဂြိုဟ်ကင်းရခြင်း။
(၂) နာမက္ခရတိုင်အရ တိုင်စဉ်မှန်ခြင်း။
(၃) အဓိပ္ပာယ်ရှိခြင်း။
(၄) အသားအရောင် (ဝဏ္ဏ) မှန်ရခြင်း။
(၅) ခန္ဓာကိုယ် (ဒြဗ်) ကိုက်ရခြင်း။
(၅) စာဖို၊ စာမ၊ ဒွေးဒဟ ကိုက်ညီရခြင်း။
(၆) ဥပရ၊ မဇ္ဈ၊ ဟေဋ္ဌ (မြတ်၊ လတ်၊ ယုတ်) ခွဲခြားနိုင်ရခြင်း။
(၇) သရ၊ နိန္ဒယ၊ ကရဇ နာမည် (၃)ပါး ခွဲခြားနိုင်ရခြင်း။
(၉) မိတ်၊ ရန်၊ ဓာတ်၊ ဥဒါသိန် ကိုက်ညီရခြင်း။
(၁၀) ဋ္ဌာန်ကိုက်ညီရခြင်း

ယင်းအချက်များမှာ ဆန်းကျမ်းဗေဒင်များလာ အချက်များမှညှိ၍ ချုံ့ထားခြင်းဖြစ်သည်။ အမှန်မူ ငယ်ရွယ်စဉ် နာမည်ပေးခြင်းထက်ကြီးပြင်းအရွယ်ရလာသူအား နာမည်ပေးခြင်း၌သာ ယင်းအချက် (၁၀)ခုတို့ ပိုမိုအသုံးတည့်ပါသည်ဟု စာရေးသူ သုံးသပ်မိပါသည်။

ငယ်ရွယ်သော ရက်သား (ဝါ) လသား (ဝါ) (၃) နှစ်အောက်ကလေးငယ်များအား နာမည်ပေးရာတွင် အသားအရောင်ကို မိဘများအားကြည့်၍ မှန်းဆနိုင်သည်မှလွဲ၍ အပိန်၊ အဝ၊ အမြင့်၊ အပု စသောဒြဗ်ပင် မှန်းဆရမလွယ်ပါချေ။

သို့ဖြစ်ပါ၍ (၁) မဟာဘုတ်ဇာတာခွင်အရမရဏ ဌာနမှ ဂြိုဟ်ကင်းလွတ်ရခြင်း၊
(၂) နာမက္ခရ တိုင်စဉ်မှန်ရခြင်း၊
(၃) အသားအရောင်ကိုက်ညီရခြင်း၊ (၄) အဓိပ္ပါယ်မှန်ရခြင်း အချက်
(၄) ချက်သာ နာမည်ပေးရာ၌ အဓိကလိုအပ်ပါသည်။ စာရေးသူ အတွေ့
အကြုံအရ ယင်း (၄) ချက်နှင့် ကိုက်ညီလျှင်ပင် ကိုယ်ခံအားကောင်းမွန်
စေမည့်နာမည် ဖြစ်ပါပြီ။

ကိုယ်ခံအားကောင်းသော နာမည် ဟု ဆို၍ စာရေးသူအားအဆန်းထွင်ပြောသည်ဟု မထင်စေလိုပါ။ နာမည်ပေးရာတွင် အထက်ပါအချက် (၄)ချက်အရ ကိုက်ညီစေရာ၌ ဖွားမြင်သောနှစ်ကြွင်း မဟာဘုတ်ဇာတာမှာပုံသေဖြစ်၍ ပြောင်းလဲ၍မရသောကြောင့် အဓိကအကျဆုံးဖြစ်သည်။

ယင်းမဟာဘုတ် ဇာတာအရ အကောင်းဆုံးဖြစ်စေရန် စဉ်းစား၍နာမည် ပေးပြီးနောက် အသက်အရွယ်အလိုက် ကောဇာနှစ် ရွေ့လျောပြောင်းလဲမှုကို တစ်နှစ်ပြီး တစ်နှစ်ကြုံရပေမည်။ ယင်းကောဇာနှစ်ကြွင်းဇာတာ (ကောဇာမဟာဘုတ်ဇာတာ)အရ နာမည်အရင်းလုံး (အစ)နှင့်အဖျားလုံး(အဆုံး) တို့ ပြောင်းလဲကြမည်ဖြစ်ပေရာ ကောဇာအရ
ကောင်း၊ မကောင်း ကွဲပြားမှု ဖြစ်ပေါ်ရပေမည်။

မူလဖွား ဇာတာအရ အကောင်းဆုံး နာမည်မှာ ကိုယ်ခံအားကောင်းသော နာမည်ဖြစ်၍ (ဖွားသောနှစ်အရ ပုံသေ)၊ ကောဇာတွင်မကောင်းလျှင် ခံနိုင်ရည်ရှိစေပြီး၊ ယတြာစသည် ပြုပြင်ရလွယ်ပေသည်။ဖွားဇာတာအရ ညံ့လှသော နာမည်ကား ကိုယ်ခံအားနည်းသော သဘောဆောင်၍ ကောဇာနှစ်အရညံ့လျှင် ခံနိုင်ရည်မရှိဖြစ်ကာ ပြုပြင်မှု (ယတြာ)ပြုရခက်ပေမည်။ ဤသဘောကို စဉ်းစားကြည့်ရာ၏။

ဖွားသောနှစ်မှာ ပြုပြင်၍မရ ပုံသေဖြစ်၍ ယင်းဖွားသောနှစ်အရ အကောင်းဆုံးဖြစ်အောင် ကြံဆ၍ နာမည်ပေးခြင်းအားသာပညာရှင်တို့ လုပ်ဆောင်ပေးနိုင်၏။ တစ်သက်လုံး အမြဲကောင်းမည့်နာမည်မျိုးကား မည်သို့ ကြံစည်ပေးရပါမည်နည်း?။ အထက်တွင် ဆိုခဲ့ကိုယ်ခံအား ကောင်းသော အမည်ဖြစ်စေရန် စဉ်းစားရွေးချယ်ပေးပြီး၊ မကောင်းသောနှစ်တွင် ပြုပြင်မှု (ယတြာ) ကို စီမံပေး၍ လွန်မြောက်စေရန်သာ ဆောင်ရွက် ပေးနိုင်ပေမည်။

ရေးသားသူ –ဇာဇာ ဗေဒင် ယတြာ

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။