မင်းသမီးချောမိုးဟေကိုနေ့တိုင်းပြုလု်ပတဲ့ ယောဂလေ့ကျင့်ခန်း(၄)ခု

Celebrity Health Local News
မင်းသမီးချောမိုးဟေကိုနေ့တိုင်းပြုလု်ပတဲ့ ယောဂလေ့ကျင့်ခန်း(၄)ခု

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ မင်းသမီးချောမိုးဟေကိုနေ့တိုင်းပြုလု်ပတဲ့ ယောဂလေ့ကျင့်ခန်း(၄)ခု ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

မင်းသမီးချောမိုးဟေကိုနေ့တိုင်းပြုလု်ပတဲ့ ယောဂလေ့ကျင့်ခန်း(၄)ခု

ဒီတစ်ပတ်တော့ မိုးကိုယ်တိုင် လည်း ဝါသနာ ပါပြီး စိတ်တည်ငြိမ်မှု နဲ့ ခန္ဓာကိုယ် ကြံ့ခိုင် သန်မာမှုအတွက် အထောက်အကူဖြစ်စေတဲ့ Yoga ကစားနည်းလေးကို ချစ်တဲ့ပရိသတ်တွေနဲ့ Moerians လေးတွေအတွက် Sharing လုပ်ပေးလိုက် ပါတယ်။ မိုးလည်း ကျွမ်းကျင်အဆင့်မဟုတ်ပေမဲ့ စိတ်ရှည်ရှည် နဲ့ ကစားခဲ့တာ နှစ်အနည်းငယ်ကြာခဲ့ပါပြီ။ ဒီလိုပဲ အားကစားနဲ့ ပတ်သက်ရင် တစ်ခု မဟုတ်တစ်ခု ကို စိတ်ရှည်ရှည်နဲ့ အမြဲဆော့ဖြစ်တယ်၊ အချိန်ပေးဖြစ်တယ်။ ဒါကလည်းလှပဖို့ ဆိုတာထက် ခန္ဓာကိုယ်ကျန်းမာဖို့ကို အဓိကဦးစားပေးတာပါ။

နောက်လည်း မိုး ကစားဖြစ်တဲ့ အားကစားနည်းလေးတွေ ကို သိသလောက် ပြော ပြပေးသွားပါမယ်ရှင့်။ ပုံတစ်ပုံချင်းစီမှာ ကစားဖို့ နည်းလမ်းလေးတွေရေးပေး ထားလို့ တစ်ပုံချင်း ထောက်ကြည့်ပေးနော်။ ယောဂလေ့ကျင့်ခန်းထဲမှာပါတဲ့ အကြောလျှော့တဲ့လေ့ကျင့်ခန်းက နာတာရှည်ဝေဒနာ ဖြစ်ပွားစေနိုင်တဲ့ အခြေအနေတွေကို လျှော့ချပေးနိုင်ခြင်း စိတ်လက်ပေါ့ပါးစေခြင်းကြွက်သားနဲ့ အရွတ်တွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေခြင်းနာကျင်မှုကိုသက်သာစေခြင်း စတဲ့ အကျိုးတွေဖြစ်ပေါ်စေတဲ့အပြင် ပုံမှန်ကစားပေးမယ်ဆိုရင် တစ်ရှူးတွေကို အထောက်အပံ့ဖြစ်စေတဲ့ ချောဆီကို ထုတ်လုပ်ပေးနိုင်ပြီး ကြွက်သားတွေကို ပိုမို သက်သောင့်သက်သာနဲ့ သန်မာစေနိုင်ပါတယ်။

Side Plank ဘေးတိုက် Plank ထောက်ခြင်း

လှုပ်ရှားမှုတိုင်းမှာ ခန္ဓာကိုယ် ဟန်ချက် ညီစေဖို့ အထောက်အကူဖြစ်စေခြင်း ခန္ဓာကိုယ်ဝမ်းဗိုက်ရှိ ကြွက်သား များကို သန်မာစေခြင်း ပေါင်အတွင်းပိုင်းကြွက်သားများကို ပြေလျော့စေပြီး တင်ပါးကြွက်သားများ စွင့်ကားစေခြင်း ခြေထောက်နှင့် လက်များအားပိုမိုသန်မာ စေခြင်း ခန္ဓာကိုယ်လှုပ်ရှားမှုများအား ပိုမိုလျင်မြန်ဖျတ်လတ်စေခြင်း

ခြေထောက်၊ ဒူး နဲ့ ခြေကျင်းဝတ်ရှိတဲ့ အကြောများကို ပြေလျော့စေပြီး သန်မာ စေခြင်း ပေါင်ခြံ၊ ကျောရိုး၊ ရင်ဘတ်၊ အဆုတ် နဲ့ ပုခုံးကြောများကို ပြေလျော့စေ ခြင်း ဝမ်းဗိုက်အတွင်းသားများကို လှုံ့ဆော်ပေးခြင်း သက်လုံအားကောင်းစေခြင်း


အစာခြေစနစ်နဲ့ ကိုယ်ခံအားကောင်းစေခြင်း ခန္ဓာကိုယ်ဟန်ချက် ညီမျှစေခြင်း ခန္ဓာကိုယ်တစ်ခုလုံးကို တည်ငြိမ်အောင် ထိန်းထားပေးနိုင်ခြင်း ခြေဖဝါး နဲ့ ခြေချင်းဝတ်မှာရှိတဲ့ ကြွက်သားလေးတွေကို သန်မာစေခြင်း ခါး၊ ကျော နဲ့ ဝမ်းဗိုက်ကြွက်သားများကိုလည်း သန်မာစေခြင်း ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းချုပ်နိုင်သည့်အတွက် မတော်တဆ လဲကျခြင်း၊ ချော်လဲခြင်းမှ ကာကွယ်ပေး နိုင်ခြင်း Bandhas Yoga နည်းပညာဖြစ်ပြီး ကိုယ့်ခန္ဓာကို ထိန်းနိုင်ခြင်း၊ ပေါ့ပါး စေခြင်း ခန္ဓာကိုယ်ကို အနေအထားတစ်ခုတွင် ကောင်းမွန်စွာထိန်းချုပ်နိုင်ခြင်း ဆိုပြီးသူမရဲ့နေ့စဉ်ယောဂလေ့ကျင့်ခန်းများကို ပရိတ်ကြီးအတွက် သေချာရှင်းပြပေးထားတာဖြစ်ပါတယ်။

ရေးသားသူ –SPF Myanmar

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။