ပရိသတ်တွေမသိသေးတဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် မင်းသားအောင်ရဲလင်း ရဲ့ဘဝဇာတ်ကြောင်း

Celebrity Local News
ပရိသတ်တွေမသိသေးတဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် မင်းသားအောင်ရဲလင်း ရဲ့ဘဝဇာတ်ကြောင်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပရိသတ်တွေမသိသေးတဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် မင်းသားအောင်ရဲလင်း ရဲ့ဘဝဇာတ်ကြောင်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပရိသတ်တွေမသိသေးတဲ့ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် မင်းသားအောင်ရဲလင်း ရဲ့ဘဝဇာတ်ကြောင်း

အောင်ရဲလင်း ကိုတော့ ၁၉၈၈ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့မှာမွေးဖွား ခဲ့ပါတယ်။ အစ်ကို တစ်ယောက်ရှိပြီး နာမည် ကတော့ ဖြိုးရဲလင်း လို့ခေါ် ပါတယ်။ ဇာတိ ကတော့ ရန်ကုန်ဇာတိပဲဖြစ် ပါတယ်။ ၁၉၉၅ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အထိ မူလ တန်း အဆင့်ကို အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ကမာရွတ်မြို့နယ် မှာ တက်ရောက် ခဲ့ပါတယ်။ အလယ်တန်း နဲ့ အထက်တန်း ကိုတော့ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း၊ ဒဂုံမြို့နယ်မှာ တက်ရောက် ပညာသင်ကြား ခဲ့ပါတယ်။၂၀၀၅ ခုနှစ်မှာတော့ John Lwin Model Trainning သင်တန်း ကို တက်ရောက်ခဲ့ပါတယ်။ အဲ့ဒီသင်တန်းမှာပဲ Modeling နဲ့ Catwalk လျှောက်တာတွေ ကို Professional ကျကျ သင်ကြားခဲ့ပါတယ်။

John International Modeling Ageney ရဲ့ Model အဖြစ်နဲ့ advertising show ပေါင်းများစွာမှာ ပါဝင်ခဲ့ရင်း Model တစ်ဦးအဖြစ် အချိန်အတော်ကြာ ရပ်တည်ခဲ့ပါတယ်။ Model တစ်ဦးအဖြစ် လူသိလာချိန်မှာ ကြော်ငြာများစွာကိုလည်း လက်ခံရိုက်ကူးခဲ့ပါတယ်။ ရုပ်ရှင်နယ်ပယ်ထဲ ကိုတော့ ၂၀၀၆ ခုနှစ်ဝန်းကျင်မှာ စတင်ဝင်ရောက် ခဲ့ပါတယ်။ Snow White Film production နဲ့ချိတ်ဆက် ခဲ့ပြီး သရုပ်ဆောင်တစ်ဦးအဖြစ် စတင်ခဲ့ပါတယ်။ Model နဲ့ ကြော်ငြာလောကမှာ သူရဲ့ ကြိုးစားခဲ့ မှုတွေကြောင့် သရုပ်ဆောင် လောကမှာလည်း အလျင်အမြန်ပဲ နာမည်ရလာ ခဲ့ပါတယ်။ ကြော်ငြာနဲ့ Musie Video တော်တော်များများ ကို ရိုက်ကူးခဲ့ပြီး ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်ပုံ တွေကြောင့် မိန်းကလေး ပရိသတ် အခိုင်အမာ ရရှိခဲ့ပါတယ်။

အထူးသဖြင့် ဗီဒီယိုကားပေါင်းများစွာကို ရိုက်ကူးခဲ့ရာ ကနေ နိုင်ငံသိမင်းသား တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ မှတ်မှတ်ရရ အဓိကဇာတ်ဆောင်အဖြစ် ပါဝင် ရိုက်ကူးခဲ့တဲ့ကားကတော့ ရေသူမဆိုတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကို တော့ ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးခဲ့ပြီး မင်းသမီးကတော့ သင်ဇာဝင့်ကျော် ပဲဖြစ်ပါတယ်။ လက်ရှိ အချိန်မှာတော့ တောင့်တင်း ကျစ်လစ်တဲ့ ခန္ဓာကိုယ်နဲ့ အမျိုးသမီးပရိသတ် အခိုင်အမာ ရရှိထားတဲ့ မင်းသား တစ်လက်လည်းဖြစ်ပါ တယ်။ ရုပ်ရှင်ကားကြီးတွေကိုလည်း လက်ခံရိုက်ကူးလျှက်ရှိပြီး အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်လျှက်ရှိပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။