သရုပ်ဆောင်အသစ်တယောက်ကို အများကြီးအားပေးကြလို့ ပရိသတ်ကိုကျေးဇူးတင်စကားဆိုလာတဲ့ ရှိန်းတင်ထူး

Celebrity Local News
သရုပ်ဆောင်အသစ်တယောက်ကို အများကြီးအားပေးကြလို့ ပရိသတ်ကိုကျေးဇူးတင်စကားဆိုလာတဲ့ ရှိန်းတင်ထူး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သရုပ်ဆောင်အသစ်တယောက်ကို အများကြီးအားပေးကြလို့ ပရိသတ်ကိုကျေးဇူးတင်စကားဆိုလာတဲ့ ရှိန်းတင်ထူး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သရုပ်ဆောင်အသစ်တယောက်ကို အများကြီးအားပေးကြလို့ ပရိသတ်ကိုကျေးဇူးတင်စကားဆိုလာတဲ့ ရှိန်းတင်ထူး

ပရိသတ်ကြီးရေ… လက်ရှိ မဟာ ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေတဲ့ “လောင် ” ဇာတ်လမ်းတွဲကို ကြည့်ရှုအားပေးကြမယ်ထင်ပါတယ်။ စက်တင်ဘာလ (၉) ရက်နေ့မှာတော့ “လောင် ” ဇာတ်လမ်းတွဲရဲ့ Fan Meeting ပွဲလေးကို ကျင်းပပြုလုပ် ခဲ့ရာ သရုပ်ဆောင်သစ် ရှိန်းတင်ထူးကလည်း သူ့ကိုချစ် တဲ့ ပရိသတ်တွေဆီက ချစ်ခြင်းမေတ္တာတွေများစွာကို ရရှိခဲ့တယ်လို့ ဆိုပါတယ်။

ရှိန်းတင်ထူးက”ကျွန်တော်ရဲ့ပရိတ်သတ်တွေ ကျွန်တော်ကို ထင်မထားလောက်အောင် အားပေးကြလို့ ကျွန်တော်အရမ်းကိုပျော်ရွှင်ရပါတယ် ကျွန်တော်ကိုချစ် ပေး အားပေးကြတဲ့ပရိတ်သတ်တွေအတွက် ကျွန်တော် ဒီထက်ပိုပြီး အများကြီးကြိုးစားပါမယ် ဒီနေ့အမှတ်တရ လက်ဆောင်လေးတွေပေးကြတဲ့ ချစ်ပရိတ်သတ်ကြီးကို ကျေးဇူးတင်ပါတယ်ဗျ အကုန်လုံးကိုကြိုက်ပါတယ်။ လက်ဆောင်မပေးလိုက်ရတဲ့ Fanလေးတွေကိုလဲ တောင်းပန်ပါတယ်ဗျ နောက်တစ်ခေါက်ဆုံကြမယ် ” ဆိုပြီး ကျေးဇူးတင်စကားပြောလာပါတယ်။

ရှိန်းတင်ထူးကတော့ သူ့လို သရုပ်ဆောင်သစ်တစ် ယောက်ကို အားပေးပြီး ချစ်ပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားပြောလာပါတယ်။ ပရိသတ်ကြီးလည်း ရှိန်းတင်ထူးရဲ့ အနုပညာ လှုပ်ရှားမှုတွေကို အားပေးကြည့်ရှုပေးကြပါဦးနော်။

ရေးသားသူ – Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။