ကမ္ဘာ့တန်ဖိုးအကြီးဆုံး စမတ်ဖုန်း

International News
ကမ္ဘာ့တန်ဖိုးအကြီးဆုံး စမတ်ဖုန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး စမတ်ဖုန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ကမ္ဘာ့တန်ဖိုးအကြီးဆုံး စမတ်ဖုန်း

လက်ရာမြောက် စမတ်ဖုန်းဒီဇိုင်း ဖန်တီးတဲ့ ရုရှားကုမ္ပဏီ Caviar က ကမ္ဘာ့တန်ဖိုးအကြီးဆုံး စမတ်ဖုန်းကာဗာ ဖန်တီးခဲ့ပါတယ်။ အသစ်ထွက်ရှိလာတဲ့ iPhone 15 Pro Max မော်ဒယ်အတွက် ရွှေဖြူနဲ့ စိန်ပွင့်တွေ အသုံးပြုဖန်တီးထားတဲ့ ဖုန်းကာဗာဟာ အမေရိကန်ဒေါ်လာ ၅၆၄၇၀၀ ကျသင့်မှာဖြစ်ပြီး အဲဒီကာဗာတပ်ဆင်ထားတဲ့ဖုန်းကတော့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး စမတ်ဖုန်း ဖြစ်လာမှာပါ။ ၁၈ ကာရက် ရွှေဖြူနဲ့ လုပ်ထားပြီး စိန်အပွင့်ရေ ၅၇၀ ထက်မနည်း အသုံးပြုထားပါတယ်။

Caviar ရဲ့ စိန်နှင်းပွင့်(Diamond Snowflake) ဖုန်းကာဗာအမျိုးအစားဟာ ပြီးခဲ့တဲ့နှစ်ကတည်းက ထွက်ပေါ်ခဲ့တာဖြစ်ပြီး iPhone 14 အတွက် တန်ဖိုးကြီးကာဗာ ထုတ်လုပ်ခဲ့ဖူးပါတယ်။ Caviar ဟာ iPhone 14 အတွက် စိန်နှင်းပွင့်ကာဗာ ၃ ခုပဲ ထုတ်လုပ်ခဲ့သလို iPhone 15 အတွက်လည်း စိန်နှင်းပွင့်ကာဗာ ၃ ခုပဲ ထုတ်လုပ်ဖို့ ရှိပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။