ခုနစ်ရက်သားသမီးများအတွက် 1.10.2023မှ7.10.2023ထိ တစ်ပတ်စာကံကြမ္မာဟောကိန်း

Astrology
ခုနစ်ရက်သားသမီးများအတွက် 1.10.2023မှ7.10.2023ထိ တစ်ပတ်စာကံကြမ္မာဟောကိန်း

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ခုနစ်ရက်သားသမီးများအတွက် 1.10.2023မှ7.10.2023ထိ တစ်ပတ်စာကံကြမ္မာဟောကိန်း ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ခုနစ်ရက်သားသမီးများအတွက် 1.10.2023မှ7.10.2023ထိ တစ်ပတ်စာကံကြမ္မာဟောကိန်း

တနင်္ဂနွေသားသမီး

ရည်ရွယ်ချက်များ အောင်မြင်အောင်ဆောင်ရွက်နိုင်သော အနေအထားရှိသည်။ တစ်ပါးသူ အထောက်အကူယူခြင်းထက် ကိုယ်တိုင်ရှေ့တိုး၍ သွက်သွက်လက်လက် ဆောင်ရွက်သင့်သည်။ အချိန်ဆွဲခြင်း၊ တွေဝေဒွိဟဖြစ်ခြင်းမျိုး လုံးဝမပြုသင့်။ လက်ဦးမှုရလေ အောင်မြင်မှုအား ပိုကောင်းလေဖြစ်သည်။

ခက်ခဲသည့်ကိစ္စများကို ဦးတည်ဆောင်ရွက်ရန် ဝန်မလေးပါနှင့်။ လက်တွေ့ဆောင်ရွက်က အချက်ကျကျ ပိုင်ပိုင်နိုင်နိုင်နှင့် ကြုံသမျှ အနှောင့်အယှက်များ ကျော်လွှားနိုင်မည်။ စကားပိုပြောခြင်းများရှောင်ပါ။ စကားနည်းလေ ကောင်းလေဖြစ်သည်။

ဤကာလအတွင်း နှုတ်မူရေးရာကိုအခြေခံ၍ အနှောင့်အယှက်များကြုံရမည်။ ခရီးဝေးကိစ္စ၊ နိုင်ငံခြားကိစ္စများ ဆောင်ရွက်ရန် အခါသင့်၏။ ၅၂၈ ၊ ၁၅၀၀ မေတ္တာရေးကံ ၂ မျိုးစလုံးကောင်း၏။ ပျော်ရွှင်ချမ်းမြေ့စရာများ ပေါ်ပေါက်မည်။

ယတြာ – မိမိမိတ်ဆွေသူငယ်ချင်းတစ်ဦးကိုလက်ဆောင်ပစ္စည်းတစ်ခုခုပေးပါ။

တနင်္လာသားသမီး

လိုရာပြည့်စုံခြင်း၊ ကံမြင့်မားခြင်းရှိမည်။ ခက်ခဲသောပြဿနာများ ဖြေရှင်းနိုင်မည်။ ရင်းနှီးသူများနှင့် စကားများရတတ်သည်။ အရာရာတွင် တတ်အားသမျှ ကိုယ်တိုင်ကိုယ်ကျဆောင်ရွက်လေ တိုးတက်လေဖြစ်သည်။ သူတစ်ပါး အားကိုးမှီခိုခြင်းထက် ကိုယ်ပိုင်ဟန်နှင့်လုပ်မှ အကျိုးပေးသည်။ ကိုယ်ပိုင်ဉာဏ် ကိုယ်ပိုင်အစွမ်းအစကို အသုံးချပါ။ အပြောင်းအလဲများ စနစ်တကျ ဖန်တီးနိုင်စွမ်းရှိမည်။

ခရီးကိစ္စများ အောင်မြင်မည်။ သူတစ်ပါးအပေါ် စနစ်တကျသုံးသပ်ပြီးမှ ဆောင်ရွက်အဆင်ပြေမည်။ လူမျိုးကွဲအကျိုးပေးမည်။ ငွေကြေးအပေးအယူသတိရှိပါ။ ပျိုရွယ်သူများ အလွန်စန်းပွင့်မည်။ လူချစ်လူခင်ပေါမည်။ လုပ်ငန်းခွင်မှသူများကောင်းသောအပြောင်းအလဲနှင့် တိုးတက်မည်။ ငွေကြေးကိစ္စ၊ လုပ်ငန်းကိစ္စများတွင် အဆင်ပြေမည်။ ရပ်ဝေးတိုင်းတစ်ပါးမှ အတတ်ပညာများ ဆောင်ရွက်အကျိုးရှိမည်။ ပညာနှင့်လုပ်ငန်းလုပ်၍ အကျိုးရှိမည်။

ယတြာ – ချက်ပြုတ်ထားသော အစားအသောက်တစ်ခုအား မြောက်အရပ်မျက်နှာမူ၍ စားသုံးကာ လိုရာဆန္ဒပြုပါ။

အင်္ဂါသားသမီး

အလုံးစုံကောင်း၍ လိုရာပြည့်စုံမည်။ စိတ်ကူးရည်ရွယ်ထားသည်များ ရှေ့တိုး၍ ဆောင်ရွက်သင့်သော ကာလဖြစ်သည်။ ပင်ကိုသဘာဝတွင် တစ်ကိုယ်တော် အေးအေးဆေးဆေး လုပ်လိုသော်လည်း ဤကာလတွင် ပူးတွဲလုပ်လိုစိတ်များပေါ်မည်။ လုပ်ငန်းသစ်မှ ကောင်းသောအကျိုးရရှိမည်။

ယခုလအတွင်း စတင်လိုက်သည့် လုပ်ငန်းမှန်သမျှ ရှေ့ရေးအနေအထားနှင့် အောင်မြင်မှု၊ တိုးတက်မှုများ ရရှိစေမည်။ လုပ်ငန်းသစ်များ၊ နေရာသစ်များစတင်နိုင်မည်။ စိတ်ကူးသစ်များ လက်တွေ့အကောင်အထည်ဖော်နိုင်မည်။ ပြည်ပခရီးနှင့် ပတ်သက်ဆောင်ရွက်အကျိုးပေးမည်။ မိဘအကြီးအကဲ ကျန်းမာရေးချူချာမည်။

ယခင်တစ်ကြိမ်တစ်ခါမှ လုပ်ကိုင်ဖူးခြင်းမရှိသောလုပ်ငန်းများလုပ်ကိုင်၍ တိုးတက်မှုများရရှိမည်။ ကျန်းမာရေးကို မပေါ့အပ်။ စန်းပွင့်မှုအား အထူးကောင်းသည်။ ခရီးသွားရင်း စန်းပွင့်မည်။

ယတြာ – ကျောက်ခဲတစ်လုံးအား ရွှေရောင်စက္ကူနှင့် ပတ်၍တင်ကာ လိုရာဆုတောင်းပါ။

ဗုဒ္ဓဟူးသားသမီး

အလောတကြီးဆောင်ရွက်မှုများ မပြုသင့်။ ဖြည်းဖြည်းမှန်မှန် ဆောင်ရွက်သင့်သည်။ ဆောင်ရွက်ရန်ကိစ္စများကို တစ်ကြိမ်မက စဥ်းစားပြီးမှဆောင်ရွက်ပါ။ ပုံစံဟောင်း၊ မှုဟောင်းအတိုင်း ရိုးရိုးရှင်းရှင်းလုပ်လေ တိုးတက်လေဖြစ်သည်။

တွေးခေါ်မူ၊ ဆောင်ရွက်မူ၊ ဝတ်စားဆင်ယင်မူမှအစ ရိုးရိုးရှင်းရှင်းဆောင်ရွက်လေ ထူးခြားမူရရှိလေဖြစ်သည်။ ဤလအတွင်းဖြစ်ပေါ်လာတတ်သည့် အညံ့များသည် ကံကြောင့်မဟုတ်ဘဲ သတိလက်လွတ် ပေါ့ဆခြင်းကြောင့်သာဖြစ်သည်။
ခရီးသွား၍ကောင်းသည်။ ရပ်ဝေးခရီး၊ နိုင်ငံရပ်ခြားခရီးများလည်းအကျိုးပေးသည်။ မိဘကျန်းမာရေး ချူချာတတ်သည်။ ဂရုစိုက်ပါ။ ငွေဝင်မည်။ အလုပ်တိုးတက်မည်။ ညာခြေ၊ ညာလက်တွင် မတော်တဆထိခိုက်တတ်သည်။ လက်တွင် အကြောလွဲခြင်း၊ ပြတ်ရှခြင်းများဖြစ်တတ်သည်။

ယတြာ -နှင်းဆီပန်းရောင်၁ပွင့် ၊ အနီ ၁ ပွင့်ကို ပူးတွဲ၍ ဖန်ပန်းအိုးတွင် ထိုးကာ ဘုရားတင်၍ လိုသည်များကို ဆန္ဒပြုပါ။

ကြာသပတေးသားသမီး

ပြဿနာဟောင်းများ ဖြေရှင်းအဆင်ပြေမည်။ ကြားဝင်စကားရှုပ်သောသူများနှင့်ကြုံမည်။ ရန်အနှောင့်အယှက်များ ပြန်လည်ဖြေရှင်းရမည်။ စုပေါင်းတွဲဖက်ဆောင်ရွက်သောကိစ္စများမှ ထူးခြားသောအကျိုးဆက်ရမည်။ မိသားစုပြဿနာများကိုလိုက်လံဖြေရှင်းပေးနိုင်မည်။ ဦးတည်ချက်ပြောင်း၍ ဆောင်ရွက်လိုက်သော ကိစ္စများမှ ကောင်းသောအကျိုးဆက်များရရှိမည်။

မျက်နှာပွင့်လန်းမည်။ အရွယ်လွန်လူလွတ်များ စန်းကောင်းမည်။ အလှူအတန်းကိစ္စ၊ ဘာသာရေးကိစ္စများ ပါဝင်ပတ်သက်ရမည်။ ဝယ်ယူသောပစ္စည်းမှန်သမျှ စနစ်တကျစစ်ဆေးပြီးမှ လက်ခံပါ။ တာဝန်ယူခြင်းအာမခံခြင်းမပြုရ။

ယတြာ -သလင်းကျောက်ဖြင့်ပြုလုပ်ထားသော စုံတွဲရုပ်ဝယ်ယူပြီး အမြင့်တစ်နေရာတွင်ထားပါ။

သောကြာသားသမီး

ယှဥ်ပြိုင်သူအားလုံးအပေါ်အနိုင်ယူ၍ အလိုဆန္ဒပြည့်စုံမည်။ ရင်းနှီးသူများနှင့်စကားများရတတ်သည်။ ဆန့်ကျင်ဘက်ပြုသူများနှင့်တွေ့ရမည်။ လက်လွန်ထားသောငွေကြေးများ လက်ဝယ်ပြန်လည်ရရှိမည်။ ရပ်တန့်ထားသောလုပ်ငန်းများ ပြန်လည်ဆောင်ရွက်အောင်မြင်မည်။

အရပ်ဝေးနှင့်ဆက်စပ်လုပ်ကိုင်သောလုပ်ငန်းများမှ ထူးခြားသောတိုးတက်မှုများဖြစ်ပေါ်မည်။ စုပေါင်းလုပ်ငန်းအကျိုးပေးသည်။ အလှူမင်္ဂလာကိစ္စများ ပါဝင်ပတ်သက်ရမည်။ ဝင်ငွေတိုးပွားမည်။ အလုပ်တိုးတက်မည်။ ပညာအတတ်နှင့်ပတ်သက်သောကိစ္စများ အောင်မြင်မည်။

ယတြာ – စပယ်ပန်း၅ပွင့်ကိုအမြင့်တစ်နေရာတွင် တင်ထားပြီးလိုရာဆန္ဒပြုပါ။

စနေသားသမီး

အရေးကြီးသော ဆုံးဖြတ်ချက်များချမှတ်ခြင်း၊ အလုပ်အကြံအစည်သစ်များဆောင်ရွက်အောင်မြင်မည်။ မိမိနှင့်ဆက်စပ်နေသော ဝန်းကျင်အတွင်း မီးဖွားမှုကြုံကအထူး​ကောင်းသောနိမိတ်ဖြစ်သည်။ ကလေးသူငယ် တစ်ဦးပုံပါသော လက်ဆောင်ပစ္စည်းရက အထူးကောင်းသောနိမိတ်ဖြစ်သည်။ ထိုသို့ကြုံက အိမ်တွင် အဝါရောင်ပန်းပွင့်များဖြင့် ပန်းအိုးထိုးပါ။ မိသားစုတွင် အလုပ်စီးပွားတိုးတက်မည်။ အချစ်ရေး၊ မေတ္တာရေး စန်းပွင့်ခြင်းကြုံမည်။ အလုပ်အကိုင်ကံ၊ စီးပွားကံ တိုးတက်ခြင်းကြုံမည်။ အခက်အခဲများကို ပြေလည်အောင်ဖြေရှင်းနိုင်လိမ့်မည်။

ယတြာ -ကြယ်ပွင့်ပုံရင်ထိုး ဝယ်ယူသုံးစွဲပါ။

ရေးသားသူ –ဆရာမရွှေရုပ်လွှာအကြားအမြင် ဗေဒင်

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။