ပဲခူးရေဘေးကူညီကယ်ဆယ်ရေးအတွက် လှေတစ်စင်းလှူဒါန်းပေးခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့ဇနီးမောင်နှံ

Celebrity Local News
ပဲခူးရေဘေးကူညီကယ်ဆယ်ရေးအတွက် လှေတစ်စင်းလှူဒါန်းပေးခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့ဇနီးမောင်နှံ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ပဲခူးရေဘေးကူညီကယ်ဆယ်ရေးအတွက် လှေတစ်စင်းလှူဒါန်းပေးခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့ဇနီးမောင်နှံ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ပဲခူးရေဘေးကူညီကယ်ဆယ်ရေးအတွက် လှေတစ်စင်းလှူဒါန်းပေးခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့ဇနီးမောင်နှံ

ပရိသတ်ကြီးရေ… ကိုဘင်းနဲ့နှိုင်းယှဉ်မြင့်မိုရ်တို့ကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကား တွေမှာ ဇာတ်ပို့သရုပ်ဆောင်တွေအဖြစ် နှစ်ပေါင်းများ စွာကျင်လည်ခဲ့ကြသူတွေဖြစ်ပါတယ်။ သားလေးနှစ် ယောက်ကို မွေးဖွားထားပြီး သားနှစ်ယောက်အတွက် အလုပ်တွေကိုကြိုးစားနေကြတဲ့ကိုဘင်းနဲ့ နှိုင်းယှဉ်မြင့်မို ရ်ဟာ အခုဆိုရင် ငွေကြေးအဆင်ပြေလာခဲ့ပြီဖြစ်ပြီး တိုးတက်လာတဲ့ အခြေအနေတစ်ခုကို ရောက်ရှိလာခဲ့ပြီ ပဲဖြစ်ပါတယ်။

အဆင်ပြေလာတာနဲ့အမျှ ဘာသာရေးအတွက်ရော လိုအပ်နေတဲ့နေရာတွေအတွက်ရော အလှူအတန်းတွေ ပြုလုပ်ပေးနေတဲ့ ကိုဘင်းနဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့ ဇနီးမောင်နှံဟာ ဒီတစ်ခါမှာလည်း ရေကြီးနေတဲ့ ပဲခူးမြို့ အတွက် သူတို့တတ်နိုင်တဲ့အလှူလေးကို ပြုလုပ်ပေးလာ ပါတယ်။ ကိုဘင်းနဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့ ဇနီးမောင်နှံက ပဲ ခူးရေဘေး ကူညီကယ်ဆယ်ရေးအတွက် အရေးတကြီး လိုအပ်နေတဲ့ လှေတစ်စီးလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ကိုဘင်းနဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့လိုပဲ တတ်နိုင်တဲ့အလှူရှင် တွေက ပဲခူးမြို့အတွက် အလှူငွေနဲ့ အလှူပစ္စည်းတွေကို လှူဒါန်းပေးနေတာပဲဖြစ်ပါတယ်။ ပဲခူးမြို့ကြီးလည်း အမြန်ဆုံးရေကျပြီး မြို့သူမြို့သားအားလုံးလည်း ဘေး ကင်းကြပါစေနော်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။