ဆီးကျောက်တည်ခြင်းကို သက်သာသွားအောင် ဘယ်လိုလုပ်မလဲ

Health Knowledge
ဆီးကျောက်တည်ခြင်းကို သက်သာသွားအောင် ဘယ်လိုလုပ်မလဲ

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ ဆီးကျောက်တည်ခြင်းကို သက်သာသွားအောင် ဘယ်လိုလုပ်မလဲ ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

ဆီးကျောက်တည်ခြင်းကို သက်သာသွားအောင် ဘယ်လိုလုပ်မလဲ

ဆီးကျောက်တည်တဲ့ပြဿနာကိုလည်း နိုင်ငံတော်တော်များများမှာ တွေ့ရပါတယ်။ အိန္ဒိယမြောက်ပိုင်းမှာတော့ ပိုပြီးအဖြစ်များပါတယ်။ အမေရိကန်နိုင်ငံမှာတော့ လူ (၁၁) ဦးမှာ (၁) ဦးလောက်ပဲ ဒီပြဿနာကို ကြုံတွေ့ရပါတယ်။ ဆီးကျောက်တည်ခြင်းကို ဆေးသောက်ပြီး အစားအသောက်ဆင်ခြင်မယ်ဆိုရင် အလွယ်တကူပျောက်ကင်းနိုင်ပါတယ်။ ဆီးကျောက်တည်တာ အခြေအနေအရမ်းမဆိုးဘူးဆိုရင် အိမ်မှာပဲ ကာကွယ်ကုသလို့ရတဲ့နည်းလမ်းတချို့ရှိပါတယ်။ ဆီးကျောက်တည်တာ သက်သာပျောက်ကင်းသွားဖို့ ဘယ်လိုလုပ်ရမလဲဆိုရင်

ရေများများသောက်ပါ

သင်က ဆီးကျောက်တည်နေတယ်ဆိုရင် ဆရာဝန်က သင့်ကို ပထမဆုံးအကြံပေးမှာက ရေများများသောက်ဖို့ပါပဲ။ သင့်ဆီးထဲမှာ ဆားနဲ့သတ္တုဓာတ်တွေ စုပုံသွားတဲ့အခါမှာ ဆီးကျောက်တွေဖြစ်ပေါ်လာရပါတယ်။ ရေများများသောက်ပေးတာက ဆီးထဲမှာရှိနေတဲ့ အရာတွေကို လျော့ပါးသွားဖို့အတွက် အကူအညီပေးပါတယ်။ ဆီးကျောက်တည်တာ ဘယ်လိုအမျိုးအစားပဲဖြစ်ဖြစ် ရေများများသောက်ပေးတာက အကူအညီပေးနိုင်ပါလိမ့်မယ်။

သံပရို (သို့) သံပုရာရည်သောက်ပါ

သံပရိုရည်သောက်တာက ဆီးကျောက်တည်ခြင်းမဖြစ်အောင် ကာကွယ်တဲ့နေရာမှာ ကူညီပေးနိုင်ပါတယ်။ ဆီးလမ်းကြောင်းမှာ ဖြစ်တည်လာတဲ့ ဆားနဲ့သတ္တုဓာတ်တွေက ဆီးကျောက်တွေကို ဖြစ်ပေါ်လာစေပါတယ်။ သံပရိုသီးမှာ ပါဝင်တဲ့ ဆီထရစ်အက်ဆစ်က ဆီးကျောက်တည်တွေမဖြစ်လာနိုင်အောင် ကာကွယ်ပေးနိုင်ပါတယ်။ တစ်နေ့ကို သံပရိုရည် (၄) အောင်စနဲ့ ရေ (၂) လီတာ သောက်ပေးတာက ဆီးကျောက်တည်ခြင်းကို လျော့ပါးသွားစေနိုင်တယ်လို့ Journal of Urology မှာ ထုတ်ပြန်ထားတဲ့ လေ့လာချက်မှာ တွေ့ရှိခဲ့ရပါတယ်။

သလဲသီးဖျော်ရည်သောက်ပါ

သလဲသီးဖျော်ရည်ကို ဖက်ခွက်နာ၊ ပြည်တည်နာနဲ့ ဝမ်းလျှောခြင်းကို ကုသဖို့အတွက် မကြာခဏ အသုံးပြုလေ့ရှိပါတယ်။ သလဲဖျော်ရည်က အန်တီအောက်စီဒန့်ကြွယ်ဝတဲ့အတွက် ဆီးကျောက်တည်ခြင်းကို ကုသတဲ့နေရာမှာလည်း ထိရောက်မှုရှိပါတယ်။ အန်တီအောက်စီဒန့်ဓာတ်က ဆီးကျောက်တည်ခြင်းနဲ့ ဆက်စပ်နေတဲ့ Oxidative Stress တွေကို လျော့ချပေးပါတယ်။ Oxidative Stress ဟာ ကိုယ်ခန္ဓာက ဆဲလ်တွေမြန်ဆန်တဲ့နှုန်း နှင့် ကြီးရင့်လာတဲ့အခြေအနေကို ခေါ်ပါတယ်။ ဆီးကျောက်တည်တဲ့လူတွေက ရက် (၉၀) ကို Pomegranate extract (သလဲသီးနဲ့ထုတ်ထားတဲ့အားဆေး) ကို (၁၀၀) မီလီဂရမ်သောက်သုံးပေးတဲ့အခါ ဆီးထဲမှာ ဆီးကျောက်တည်ခြင်း ဖြစ်စေတဲ့အရာတွေကို လျော့ပါးသွားစေတဲ့အပြင် အဲဒီလူတွေရဲ့ Oxidative Stress ကိုလည်း လျော့ချပေးတယ်လို့ လေ့လာချက်က ဆိုပါတယ်။

ဆီးကျောက်တည်ခြင်းအတွက် ဒီနည်းလမ်းတွေက အဆင်ပြေပေမဲ့ ဘယ်လိုကုသရမလဲဆိုတာ သေချာသိချင်ရင် ဆရာဝန်နဲ့ပြကြည့် တာအကောင်းဆုံးပါပဲနော်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။