သွားပိုးစားခြင်းအတွက် သဘာဝဆေးနည်း (၃) မျိုး

Health Knowledge
သွားပိုးစားခြင်းအတွက် သဘာဝဆေးနည်း (၃) မျိုး

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ သွားပိုးစားခြင်းအတွက် သဘာဝဆေးနည်း (၃) မျိုး ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

သွားပိုးစားခြင်းအတွက် သဘာဝဆေးနည်း (၃) မျိုး

သွားပိုးစားတဲ့ဒဏ်ခံဖူးတဲ့သူတွေတော့ သိကြမှာပါ။ဘာစားစားတဆစ်ဆစ်ကိုက်နေပြီး သက်တောင့်သက်သာတောင်မရှိတော့ပါဘူး။သွားထဲမှာအစာတွေကျန်ခြင်း၊အချိုရည်တွေနင်းကန်သောက်ခြင်း၊ခံတွင်းသန့်ရှင်းမှုမရှိခြင်း စတာတွေက သွားပိုးစားခြင်းရဲ့အဓိကအကြောင်းအရင်းတွေပါ။သွားပိုးစားတာကို သတိ ထားမိတာနဲ့ ကုသသင့်ပါတယ်။

ပေတေပြီးထားလေလော သွားအမြစ်ကြောတွေအထိပါထိသွားနိုင်တာမို့ဝေဒနာမပျင်းခင်ကုသလိုက်ပါ။ ကုသပါဆိုတာနဲ့ ဆရာဝန်ဆီပြေးမှမဟုတ်ပါဘူးနော်။သွားပိုးစားတာကို အခုပြောပြပေးမယ်သဘာဝနည်း (၃) မျိုးနဲ့ကုလို့ရတယ်နော်။

၁။ အုန်းဆီ

အုန်းဆီလက်ဖက်ရည်ဇွန်း (၁) ဇွန်းစာလောက်ကိ ပါးစပ်ထဲငုံပြီး ဟိုလိမ့်ဒီလိမ့်လုပ်ပေးပါ။ ပြီးရင်တော့ ထွေးထုတ်ပြီး ကြက်သီးနွေးရေနဲ့ ပလုတ်ကျင်းပေးပါ။ အဲ့ဒီ့နောက်တော့ ပုံမှန်အတိုင်း သွားတိုက်လိုက်ပါ။

တစ်နေ့ (၂) ကြိမ်လုပ်ပေးပါ။

၂။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူ (၂) မွှာကို အခွံခွာပြီး ငရုတ်ဆုံထဲထည့်ပါ။ ဆားလက်ဖက်ရည် (၁) ဇွန်းထပ်ထည့်ပြီး နှစ်ခုလုံံးကိုရောထောင်းပါ။ အနှစ်ရလာတဲ့အခါမှာတော့ ကိုက်တဲ့သွား (သို့) ပိုးစားတဲ့သွားအပေါ်နာရီဝက်လောက် အုံပေးပါ။

တစ်နေ့(၂) ကြိမ်ကို တစ်ပတ်လောက်ပုံမှန်လုပ်ပေးရင် သက်သာသွားပါလိမ့်မယ်။

၃။ သဘာဝသွားတိုက်ဆေး

ပန်းကန်လုံးလေးထဲမှာအုန်းဆီ စားပွဲတင်ဇွန်း (၂) ထည့်ပါ။ ပြီးရင်ဆားကြမ်း တစ်ဇွန်း၊မုန့်ဖုတ်ဆိုဒါ တစ်ဇွန်း ထပ်ထည့်ပြီး အားလုံးကိုရောမွှေပါ။ပြီးရင်တော့ ဖန်ဘူးတစ်ခုထဲထည့်ထားပြီးသွားပိုးစားတဲ့အခါသာမန်သွားတိုက်ဆေးမျိုးမသုံးပဲ အစားထိုးအသုံးပြုပေးပါ။

ဒီသဘာဝနည်း (၃) မျိုးကိုသိရပြီဆိုရင်တော့ သွားပိုးစားတဲ့အခါမျိုးမှာ အကျိုးရှိရှိအသုံးချလို့ရသလို အခြားသူတွေသိရအောင်လည်း မျှဝေပေးပါဦး။

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။