အဖတ်မစားဘဲ အရည်တစ်မျိုးတည်းသောက်ပြီး နှစ် ၅၀ ကျော် ရှင်သန်ခဲ့တယ်ဆိုတဲ့ ဗီယက်နမ်အဘွားအို

International News
အဖတ်မစားဘဲ အရည်တစ်မျိုးတည်းသောက်ပြီး နှစ် ၅၀ ကျော် ရှင်သန်ခဲ့တယ်ဆိုတဲ့ ဗီယက်နမ်အဘွားအို

မင်္ဂလာပါ ပရိသတ်ကြီးရေ.. မိုးနတ်မင်း သတင်းစုံမှ ကြိုဆိုလိုက်ပါတယ်။ အခုတင်ဆက်ပေးမယ့် သတင်းလေးကတော့ အဖတ်မစားဘဲ အရည်တစ်မျိုးတည်းသောက်ပြီး နှစ် ၅၀ ကျော် ရှင်သန်ခဲ့တယ်ဆိုတဲ့ ဗီယက်နမ်အဘွားအို ဆိုတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

အဖတ်မစားဘဲ အရည်တစ်မျိုးတည်းသောက်ပြီး နှစ် ၅၀ ကျော် ရှင်သန်ခဲ့တယ်ဆိုတဲ့ ဗီယက်နမ်အဘွားအို

အသက် ၇၅ နှစ်အရွယ် ဗီယက်နမ်အဘွားအိုက နှစ် ၅၀ လုံးလုံး အစာမစားဘဲ အရည်ကိုသာ သောက်ပြီး ရှင်သန်ခဲ့တယ်လို့ ဆိုပါတယ်။ ဘွေသီလွိုင်လို့ အမည်ရတဲ့ အဘွားအိုဟာ အသက်အရွယ်နဲ့ မလိုက်အောင် အရွယ်တင် နုပျိုသူပါ။

၁၉၆၃ ခုနှစ်က ဗီယက်နမ်စစ်ပွဲကာလမှာ ဒဏ်ရာရနေတဲ့ စစ်သည်တွေကို ကုသပေးဖို့ ဘွေသီလွိုင်နဲ့ အမျိုးသမီးတစ်စု တောင်ပေါ်တက်နေတုန်း မိုးကြိုးပစ်ခံရလို့ ဘွေသီလွိုင် သတိလစ် သွားခဲ့ပါတယ်။ ဒီဖြစ်ရပ် ကြုံခဲ့ပြီးနောက် ရက်တော်တော်ကြာတဲ့အထိ ဘွေသီလွိုင်က အဖတ် မစားဘဲ အရည်ပဲ သောက်ခဲ့ပါတယ်။

အဲဒီနောက်မှာ မိသားစု၊ အပေါင်းအသင်းတွေက ဖျောင်းဖျလို့ သူ အစာပြန်စားခဲ့ပေမဲ့ သစ်သီးဝလံတွေပဲ အဓိက စားခဲ့တာပါ။ ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ အသက်ရှင်သန်ဖို့အတွက် အစား စားဖို့မလိုဘူးလို့ပဲ မှတ်ယူထားခဲ့ပါတယ်။ ၁၉၇၀ ပြည့်နှစ်ကစပြီး သူက အစာ စားတာကို ရှောင်ကျဉ်ခဲ့ပြီး ရေနဲ့ အချိုရည်တွေပဲ သောက်ခဲ့တာပါ။

ဘွေသီလွိုင်ဟာ အစာ မစားပေမဲ့ သားသမီးတွေအတွက် အစားအစာတွေတော့ ပုံမှန်ချက်ပြုတ်ပေးပါတယ်။ ဒါပေမဲ့ စားစရာတွေရဲ့ အနံ့ရတာနဲ့တင် စားချင်စိတ် မရှိဘူးလို့ သူက ဆိုပါတယ်။ ဘွေသီလွိုင်ဟာ အစာ မစားတဲ့ သူ့ရဲ့ရှောင်ကျဉ်မှုကြောင့် သူ့သားသမီးတွေကို ငယ်စဉ်တုန်းက နို့တိုက်ခဲ့ခြင်းမရှိဘဲ အိမ်နီးနားချင်း အမျိုးသမီးတွေကို အကူအညီတောင်းပြီး နို့တိုက်ခိုင်းပါတယ်။

သကြားဓာတ် ပါဝင်တဲ့ အချိုရည်တွေဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အားအင်ကို အချိန်တိုအတွင်း ဖြည့်ပေးနိုင်ပြီး အစာချေစနစ်အတွက်လည်း ကောင်းမွန်ပေမဲ့ အဝလွန်တာ၊ ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ အစရှိတဲ့ ကျန်းမာရေးပြဿနာတွေလည်း ဖြစ်စေနိုင်ခြေ ရှိတယ်လို့ ဒေါင်ဟွိုင်မြို့ ဗီယက်နမ်-ကျူးဘားချစ်ကြည်ရေးဆေးရုံရဲ့ အာဟာရဌာနမှ ဆရာဝန်တွေက ဆိုပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။