မြန်မာနိုင်ငံတွင်သာမက ထိုင်းနိုင်ငံမှာပါ ကြော်ငြာတွေလက်မလည်အောင် ရိုက်ကူးနေရတဲ့ ဖြူဖြူထွေး

Celebrity Local News
မြန်မာနိုင်ငံတွင်သာမက ထိုင်းနိုင်ငံမှာပါ ကြော်ငြာတွေလက်မလည်အောင် ရိုက်ကူးနေရတဲ့ ဖြူဖြူထွေး

ဟာသမင်းသမီးလေးအဖြစ် အားလုံးကသိကြတဲ့ ဖြူဖြူထွေးကတော့ ဟန်ဆောင်မှုကင်းပြီး ဖော်ရွေလွန်းသူလေး ဖြစ်ပါတယ် ။ နာမည်လေးနဲ့လိုက်အောင် ဖြူစင်တဲ့စိတ်ထားကို ပိုင်ဆိုင်ထားတဲ့ ဖြူဖြူထွေးက အချိန်ခဏလေးအတွင်းမှာတင် ကြီးမားတဲ့အောင်မြင်မှုကို ရရှိခဲ့တာ ဖြစ်ပါတယ် ။ ဟာသဗီဒီယိုလေးတွေနဲ့ ပရိသတ်ရဲ့ အားပေးမှုကို စတင်ရရှိခဲ့တဲ့ ဖြူဖြူထွေးတစ်ယောက် အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေပါ ရိုက်ကူးနေရတာ ဖြစ်ပါတယ် ။

သူမရရှိတဲ့ အနုပညာကြေးလေးတွေကိုလည်း မကြာခဏ ဆိုသလို လိုအပ်သူတွေကိုခွဲဝေပြီး တတ်နိုင်သလာက် လှူဒါန်းလေ့ရှိရာ ပရိသတ်ရဲ့ ချစ်ခြင်းမေတ္တာကိုအပြည့် အဝရရှိထား သူလေး ပါ။သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း အမြဲဖော်ပြလေ့ရှိရာ အခုမှာလည်း မေမနဲ့အတူ ဟန်ပန်အပြည့်နဲ့ ဆော့ကစားထားတဲ့ tik tok ဗီဒီယိုလေးကို ဖော်ပြထားရာ ချစ်ဖိုကောင်းသလို ရယ်နေရတာကြောင့် ပရိသတ်ကိုပါ အပျော်တွေကူးစက်စေခဲ့တာဖြစ်ပါတယ်။

ယခုအခါမှာ မြန်မာနိုင်ငံအတွင်းမှာသာ မဟုတ်ပဲ ထိုင်းနိုင်ငံ အထိကို ကြော်ငြာတွေ လက်မလည်အောင် ရိုက်ကူးနေရတဲ့ ဖြူဖြူထွေးပဲဖြစ်ပါတယ် ကြော်ငြာရိုက်ကူးထားတဲ့ ပုံရိပ်တစ်ချိုးကို လည်း “တမူထူးခြားတဲ့ ဖြူနဲ့အတူ l’aura” ဆိုတဲ့စာသားလေးနဲ့ တင်ပေးလာတာပဲဖြစ်ပါတယ်

ရေးသားသူ -Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။