ဆီးပိုးဝင်ကျောက်ကပ်ရောင်၊ဝမ်းကိုက်၊သွေးဝမ်းဆီးပူညောင်းကျ၊မီးယပ်ဖြူဆင်းစတဲ့ရောဂါတွေအတွက်မီးကွင်းဂမုန်း

Health Knowledge
ဆီးပိုးဝင်ကျောက်ကပ်ရောင်၊ဝမ်းကိုက်၊သွေးဝမ်းဆီးပူညောင်းကျ၊မီးယပ်ဖြူဆင်းစတဲ့ရောဂါတွေအတွက်မီးကွင်းဂမုန်း

အရွက်ပြုတ်ရည်သည်ကင်ဆာကုသရာတွင်သာမက အဆစ်အမြစ်ရောင်ရမ်းခြင်းတွင်သောက်သုံးပေးသက်သာစေသည်။

အအေးမိနှာစေးနှာရည်ယို ချောင်းဆိုး တုပ်ကွေးရောဂါသက်သာစေရန်အရွက်ပြုတ်ရည်သောက်ပေးပါ။

အရွက်ပြုတ်ရည်သည် ကျောက်ကပ်အားကောင်းစေရုံသာမက ကျောက်ကပ်ရောင်ခြင်းဆီးပိုးဝင်ခြင်းတို့ကိုပါသက်သာစေသည်။

အမျိုးသားများဆီးပူညောင်းကျခြင်း၊အမျိုးသမီးများ သွေးမသန့်ခြင်း၊မီးယပ်ဖြူဆင်းခြင်း ဖြစ်ပါကအရွက်ပြုတ်ရည်သောက်ပါ။

သဘာဝအားဖြည့်ရည်အဖြစ်အရွက်ပြုတ်ရည်တွင်ရှောက်ရည်ထည့်သောက်လေ့ရှိသည်။

တိုင်းရင်းဆေးကျမ်းများအရ အရိုး အရွက် တို့ကိုထုထောင်း၍သုံးခွက်တစ်ခွက်တင်ကျိုချက်ပြီးရရှိသောအရည်ကို သကြားအနည်းငယ်ခတ်သောက်ပါကသွေးအန်ရောဂါပျောက်၏။တစ်ကြိမ်လျှင် ကြွေဇွန်းတစ်ဇွန်းခန့်တစ်နေ့သုံးကြိမ်သောက်ရ၏။

နားပြည်ယို ရောဂါများအတွက်အရွက်ကိုမီးကင်ပြီးနားတွင်းသို့အရည်ညှစ်ထည့်ပေး ခြင်းဖြင့်ပျောက်ကင်း၏။

အရွက်ကို သင့်ရုံသုပ်စားခြင်း၊တို့စားခြင်းတို့ဖြင့်ဝမ်းကိုက်ရောဂါပျောက်၏။

သွေးဝမ်းဆင်းလျှင်အရွက်ရည်ကိုညှစ်၍ကြွေဇွန်းတစ်ဇွန်းခန့်သောက်ပေးခြင်းဖြင့်ပျောက်ကင်း၏။

မီးလောင်အပူလောင်ခြင်းဖြစ်သော်မီးကွင်းဂမုန်းအရွက်နုကိုသကြားအနည်းငယ်ရောပြီး ထုထောင်းကြိတ်ခြေ၍လိမ်းပေးရ၏။

မီးကွင်းဂမုန်းကိုထောင်း၍ရသောအရည်နှင့်သကြားအနည်းငယ်ရောပြီးဇွန်းသေးတစ်ဇွန်းခန့်တစ်နေ့သုံးကြိမ်သောက်သော်သလိပ်ကပ်ချောင်းဆိုးရောဂါပျောက်၏။

အခြားအသုံးများ

နှာခေါင်းသွေးလျှံဖြစ်လာပါကမီးကွင်းဂမုန်းပင်ကိုရေစင်အောင်ဆေးကာထောင်း၍၎င်းအဖတ်ကိုနှာခေါင်းပေါ် အုံပေးပါကနှာခေါင်းသွေးတိတ်စေပါသည်။

ဆီးရောဂါအမျိုးမျိုးနှင့် ဆီးကျောက်ရောဂါများအတွက် မီးကွင်းဂမုန်းကို ရေ ၃ ခွက် ၁ ခွက်တင် ကျို၍ သကြားအနည်းငယ်နှင့် သောက်ပေးပါက ဆီးရောဂါအမွြိုးမွိုးကို သက်သာပျောက်ကင်းစေပါသည်။

သွေးကင်ဆာဖြစ်နေလျှင်မီးကွင်းဂမုန်း၏ပင်စည်နှင့်အရွက်တို့ကိုရေစင်အောင်ဆေးကာကြိတ်၍အရည်ညစ်ယူကာ၅မိနစ်ခန့်အပူပေး(ကျို၍)ခဏအအေးခံကာထမင်းစားဇွန်းဖြင့် မနက်တစ်ဇွန်း၊ညတစ်ဇွန်းသောက်နိုင်ပါသည်။တစ်ပတ်ကို ၃ ရက်ဖြင့်တစ်လလောက် သောက်ပါကကင်ဆာဆဲလ်များကိုလျှော့ချပေးစေနိုင်ပါသည်။

ဝမ်းကိုက်ပါကကြက်ဥနဲ့ကြော်စားလေ့ရှိသည်

ဦးရေပြားဗောက်ထပါကအရွက်ကိုကြိတ်ထောင်း၍ရသောအရည်ဖြင့်ခေါင်းလျှော်ပေးပါကဗောက်ပျောက်စေပါသည်

နှာခေါင်းသွေးလျှံပါကအရွက်ကိုကိုကြိတ်ထောင်းအုံပေးပါကသက်သာပျောက်ကင်းစေပါသည်။

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။