သီဟိုဠ်စေ့စားခြင်းက ရရှိနိုင်တဲ့အကျိုးကျေးဇူးများ

Health Knowledge

သီဟိုဠ်စေ့စားခြင်းက ရရှိနိုင်တဲ့အကျိုးကျေးဇူးများ


သီဟိုဠ်စေ့ဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓာတ်တွေ၊ ဗီတာမင်တွေကို ဖြည့်ပေးနိုင်တဲ့ အစားအစာပါ။ ဒီတော့ သီဟိုဠ်စေ့ဟာ သင့်ကျန်းမာရေးအတွက် ဘာတွေအထောက်အကူ ပြုသလဲဆိုတာလေး ပြောပြပေးလိုက်ပါတယ်။

၁။ ကင်ဆာကို ကာကွယ်ပေးနိုင်

သီဟိုဠ်စေ့မှာ ပါဝင်တဲ့ ဓာတ်တစ်မျိုးဟာ ကျူမာဆဲလ်တွေကို တိုက်ခိုက်ပစ်နိုင်ပြီး ထပ်မံပြန့်ပွားခြင်းကလည်း ကာကွယ်ပေးတာကြောင့် အူမကြီးကင်ဆာဖြစ်ပွားခြင်းကနေ ရာခိုင်နှုန်းနည်းသွားစေပါတယ်။

၂။နှလုံးအားကောင်းစေနိုင်

သီဟိုဠ်စေ့ဟာ အခြားအစေ့တွေနဲ့နှိုင်းယှဉ်ရင် အဆီအစိမ့်ပါဝင်မှုနှုန်း နည်းလွန်းပါတယ်။ သူက ကော်လက်စထရောလည်း မပါဝင်တာကြောင့် နှလုံးအားကောင်းစေပါတယ်။

၃။သွေးပေါင်တက်တာကိုလည်း ကာကွယ်ပေးနိုင်

သီဟိုဠ်စေ့မှာ မဂ္ဂနီဆီယမ်ဓာတ်ပါဝင်တာကြောင့် သွေးပေါင်တက်တတ်တဲ့သူတွေ စားသုံးပေးဖို့လည်း သင့်တော်ပါတယ်။

၄။ဆံပင်အရောင်ကိုလည်း ပိုမိုလှပစေနိုင်

သီဟိုဠ်စေ့မှာ ပါဝင်တဲ့ သတ္တုဓာတ်တွေကြောင့် သင့်ဆံပင်အရောင်ဟာ အရင်ထက် ပိုမိုတောက်ပြောင်လာပါလိမ့်မယ်။

၅။အရိုးတွေကို သန်မာစေနိုင်

အရိုးအတွက် ကယ်ဆီယမ်ဓာတ်လိုအပ်သလို သတ္တုဓာတ်လည်း လိုအပ်ပါတယ်။ အဲ့ဒီ သတ္တုဓာတ်တွေ အားလုံးကို သီဟိုဠ်စေ့က ရနိုင်ပါတယ်။

၆။ဝိတ်ကျစေနိုင်

အဆီတွေများတယ်လို့ ထင်ရနိုင်တဲ့ သီဟိုဠ်စေ့ဟာ တကယ်တော့ ကော်လက်စထရော ပါဝင်မှုမရှိပါဘူး။ ဒါ့အပြင် သူ့ကို တစ်ပတ်နှစ်ခါ စားပေးတဲ့သူဟာ မစားတဲ့သူထက် ဝိတ်ပိုကျတယ်လို့ ဆိုကြပါတယ်။

၇။အစာခြေမှုကို အားပေး

သီဟိုဠ်စေ့မှာ ပါဝင်တဲ့ ကလာပ်စည်းတွေမှာပါရှိတဲ့ အက်ဆစ်ဓာတ်ကြောင့် အစာခြေမှုလမ်းကြောင်းအတွက် အထူးကောင်းမွန်စေပါတယ်။

credit:မူရင်း

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။