ပန်းခြံထဲ ရပ်ထားတဲ့ ကားအတွင်း thayဆုံးလျက်တွေ့ရှိခဲ့ရတဲ့ Parasite မင်းသားလီဆန်းဂျွန်း

Celebrity International News
ပန်းခြံထဲ ရပ်ထားတဲ့ ကားအတွင်း thayဆုံးလျက်တွေ့ရှိခဲ့ရတဲ့ Parasite မင်းသားလီဆန်းဂျွန်း

အော်စကာဆုရ ကိုရီးယားရုပ်ရှင် Parasite မှာ အိမ်ရှင်သူဌေးဇာတ်ကောင် Park Dong-ik နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင် Lee Sun-kyun အသက်၄၈နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဆိုးလ်မြို့၊ Waryong Park ထဲ ရပ်ထားတဲ့ ကားတစ်စီးအတွင်း အမျိုးသားတစ်ဦး သတိလစ်မေ့မျောနေတာ တွေ့ရှိခဲ့ရတယ်လို့ Seoul Seongbuk Police Station က သတင်းထုတ်ပြန်ခဲ့ပါတယ်။ thayကြောင်းကြံစည်မှုစာလို့ယူဆရတဲ့စာတစ်စောင်ကို ချန်ထားခဲ့ပြီးနောက် ခင်ပွန်းသည် အိမ်ကနေ ထွက်သွားခဲ့တယ်လို့ အမျိုးသမီးတစ်ဦးထံမှ အရေးပေါ်ဖုန်းဆက်မှုကို လက်ခံရရှိပြီးနောက် အဲဒီနေရာကို ရဲတပ်ဖွဲ့ဝင်တွေ ရောက်သွားခဲ့တာပါ။

အဲဒီနေ့မနက်ပိုင်းမှာတော့ အဲဒီအမျိုးသားက မင်းသားလီဆန်းဂျွန်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့က အတည်ပြုပေးခဲ့ပါတယ်။ ကားအတွင်း ကျောက်မီးသွေးမှုန့်လောင်စာခဲကို မီးရှို့ထားတဲ့အထောက်အထားတွေလည်း တွေ့ရှိခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
အော်စကာဆုရ Parasite ဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ မင်းသားလီဆန်းဂျွန်းဟာ အောက်တိုဘာလကစတင်ပြီး တရားမဝင်မူးယစ်ဆေးဝါးသုံးစွဲမှုစွဲချက်နဲ့ ရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးမှုကို ခံနေခဲ့ရတာပါ။ Lee Sun-kyun ဟာ လက်တလောမှာ မူးယစ်ဆေးဝါးမှုနဲ့အစစ်အဆေးခံနေရတာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့၊ ဂန်းနမ်ခရိုင်မှာရှိတဲ့ အဆင့်မြင့်ဘားတစ်ခုက အပျော်မယ်တစ်ယောက်ရဲ့နေအိမ်မှာ ဆေးခြောက်နဲ့ အခြားတရားမဝင်ဆေးဝါးတွေကိုသုံးစွဲခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ သုံးကြိမ်မြောက်အစစ်ဆေးခံနေခဲ့ရတာပါ။

Lee Sun-kyun ဘက်ကတော့ သူဟာ အပျော်မယ်ရဲ့ လှည့်စားမှုကိုခံရခြင်းသာဖြစ်ပြီး သူဘာကိုသုံးမိမှန်းတောင်မသိခဲ့ပါဘူးလို့ ငြင်းဆန်ထားပါတယ်။ ကနဦးထွက်ရှိလာတဲ့ ရဲဌာနရဲ့မူးယစ်ဆေး စစ်ဆေးချက်နဲ့ NFS ဓာတ်ခွဲခန်းစစ်ဆေးချက်မှာ မူးယစ်ဆေးကင်းရှင်းကြောင်းအဖြေထွက်ထားတဲ့ Lee Sun-kyun ဟာသူ့ရဲ့အပြစ်ကင်းမူကိုသက်သေပြဖို့အတွက် မုသားဖော်စက်နဲ့ စစ်ဆေးရန်အတွက် လွန်ခဲ့တဲ့ရက်တွေတုန်းကမှ စုံစမ်းရေးဌာနကို စာတင်တောင်းဆိုထားခဲ့ပါသေးတယ်။

Parasite ရုပ်ရှင်ဟာ အော်စကာဆုလေးဆုအထိရရှိခဲ့သလို Lee Sun-kyun ဟာလည်း Parasite ရုပ်ရှင်ကနေ Screen Guild Award ဆုတစ်ဆုကိုလည်း ရရှိထားပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။