တနင်္လာသားသမီးတို့အကြောင်းသိကောင်းစရာ

Astrology
တနင်္လာသားသမီးတို့အကြောင်းသိကောင်းစရာ

တနင်္လာတွေဟာ မိတ်ဆွေပေါများတယ် ။ လူချစ်လူခင်လည်း ပေါများတဲ့ နေ့နာမ်ပိုင်ရှင်တွေဖြစ်တယ် ။ ဒေါသထွက်တတ်ပေမဲ့ အပြင်မှာ ထုတ်ပီး အရမ်းမပွားပါဘူး ။ မိသားစုအပေါ်မှာဆိုရင်တော့ နဲနဲစိတ်မရှည်တတ်ဘူး ။

အစွဲအလန်းကြီးပါတယ် ။ တစ်ယောက်ဆိုတစ်ယောက်အပေါ်မှာဘဲ စွဲလမ်းနေတတ်တယ် ။
စကားပြောရင် ဆွဲဆောင်မှုရှိစွာနဲ့ပြောဆိုတတ်တာ တနင်္လာပါ ။ ခင်ရတဲ့အပေါင်းအသင်းနဲ့စကားပြောနေချိန်စိတ်ရှည်စွာနဲ့ စိတ်ဝင်တစားလက်ခံနားထောင်ပေးတတ်တယ် ။

ကိုယ်ကိုတိုင်လည်း ပျော်ရွှင်စွာနဲ့နေတတ်သလိုသူများကိုပျော်ရွှင်မှုတွေ တခါတရံဖန်တီးပေးတတ်တယ် ။

တနင်္လာတွေက သူငယ်ချင်းတွေ မိတ်ဆွေတွေကို မက်မောစွာနဲ့ခင်တွယ်တတ်တယ် ။ အလုပ်လုပ်တဲ့နေရာမှာလည်း စဉ်းစားတွေးခေါ်နိုင်စွမ်းရှိတယ် ။ စိတ်ကူးအမြင်ကျယ်တယ် ။ ဗူးဆို ဖရုံမသီးတတ်ဘူး ။ ဖြစ်ချင်တာကို အမြန်ဆုံးအကောင်အထည်ဖော်ရမှ ကျေနပ်တာတနင်္လာပါ ။

တခါတလေတော့ အလုပ်လုပ်တဲ့နေရာမှာ ဖြစ်ချင်တာနဲ့ ဖြစ်သွားတာနဲနဲလေးလွဲချော်နေတတ်တယ် ။တနင်္လာတွေဟာ ကိုယ့်ရဲ့ရှေ့မှာ စိတ်မကောင်းစရာတစ်ခုခုတွေ့မြင်ရရင် သနားတတ်တယ် ။တတ်နိုင်ရင် ကူညီလိုတဲ့စိတ် အပြည့်အဝရှိပါတယ် ။ သို့ပေမဲ့ ကိုယ်မကြိုက်တဲ့အရာဆိုရင်တော့စိတ်လက်ပြတ်သားတယ် ။

လူတစ်ယောက်ကိုခင်ရင်လည်း သံယောဇဉ်ရှိစွာနဲ့ ပေါင်းသင်းတတ်ကြပါတယ် ။ ကိုယ့်အပေါ်ကောင်းတဲ့လူဆိုရင် မမေ့တတ်စွာနဲ့လိုက်လျောညီထွေစွာခင်မင်တတ်တယ် ။

ချစ်ဖို့ကောင်းတဲ့ စိတ်ထားလေးတွေ ပိုင်ဆိုင်ထားကြတာတနင်္လာပါ ။တနင်္လာတွေဟာ လူတစ်ယောက်ရဲ့စိတ်ကို အတွင်းကျကျလေ့လာတတ်တယ် ။စကားပြောတဲ့နေရာမှာ ပွင့်လင်းမှုရှိတယ် ။ကိုယ်မကြိုက်သောအရာတွေကိုပြောချင်တဲ့စကားရှိရင် အားမနာတမ်း တိုက်ရိုက်ပြောတတ်တာတနင်္လာပါ ။

တနင်္လာတွေဟာမှန်နေရင် ဘာကိုမှဂရုမစိုက်ပဲနေသလောက် မှားနေရင်တော့ တောင်းပန်ဖို့လည်းဝန်မလေးတတ်ဘူး ။ အပေါင်းအသင်းတွေကြားမှာလည်း ယုံကြည်မှုအပြည့်အဝရှိရှိနဲ့ နေတတ်တာတနင်္လာပါ ။

တနင်္လာလေးတွေဟာ စိတ်ကူးယဉ်ဆန်တယ် ။
အားနေတဲ့ အချိန်တွေမှာ စာဖတ်တာတွေ ဗဟုတုသတွေကို လေ့လာရတာနှစ်သက်တဲ့နေ့နာမ်တွေပါ ။

တနင်္လာရဲ့အချစ်ရေးကတော့ ချစ်သူရဲ့ချော့တာလေးကိုနှစ်သက်ပေမဲ့ ကိုယ်ကလိုက်ပီး ချော့နေရတဲ့အနေအထား ။

ရေးသားသူ –သာထက်ဇော်(မကွေး)

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။