ဂျပန်လေဆိပ်က လေယာဉ်တိုက်မှု ၅ ဦး thayဆုံး

International News
ဂျပန်လေဆိပ်က လေယာဉ်တိုက်မှု ၅ ဦး thayဆုံး

တိုကျိုက ဟနဲဒ လေဆိပ်မှာ ဂျပန် ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ဝင်တွေကို သယ်ယူ ပို့ဆောင်တဲ့ လေယာဉ်တစင်းနဲ့ ဂျပန်လေကြောင်းလိုင်းက ခရီးသည်တင် လေယာဉ်တစင်းတိုက်မိပြီး ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ဝင် ၅ ယောက် thayဆုံးသွားပါတယ်။

လေဆိပ်က လေယာဥ်ဆင်းလမ်းမှာ အရှိန် လျှော့ချထားလာနေတဲ့ ခရီးသည်တင် အဲယားဘတ်စ် A350 လေယာဥ်ကြီး မီးလောင်နေတာကို ရုပ်မြင်သံကြားတွေမှာ တွေ့ခဲ့ရပါတယ်။

ခရီးသည်တင်လေယာဥ်ပေါ်က ခရီးသည်တွေနဲ့ လေယာဥ်အမှုထမ်းတွေ စုစုပေါင်း လူ ၃၀၈ ယောက် ကို လေယာဉ်ကြီးတခုလုံး မီးလုံးကြီးနဲ့ ဖုံးမသွားခင်မှာ ကယ်တင် နိုင်ခဲ့ကြပါတယ်။

ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ကို တင်ထားတဲ့ လေယာဉ်ပေါ်မှာ နီအီဂတ ဘက်က ငလျင် ဒဏ်အတွက် အရေးပေါ် အကူအညီပေးဖို့ ပစ္စည်းတွေကို တင်ဆောင်ထားကြောင်း သိရပါတယ်။

အဲဒီ လေယာဉ်က ကမ်းရိုးတန်းစောင့် တပ်ဖွဲ့ဝင် တယောက် thayဘေးကလွတ်ခဲ့ပေမဲ့ ဒဏ်ရာအကြီးအမား ရထားပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။