သူ့ကို စင်ကာပူ ခေါ်မသွားလို့ ဇနီးသည်က ခင်ပွန်းကို ဓားဖြင့် ထိုး

International News
သူ့ကို စင်ကာပူ ခေါ်မသွားလို့ ဇနီးသည်က ခင်ပွန်းကို ဓားဖြင့် ထိုး

ခင်ပွန်း အိပ်ပျော်နေတုန်း ဓားနဲ့ထိုးပြီး မျက်နှာကို ငရုတ်ရည်နဲ့ပက်ခဲ့တဲ့ အမျိုးသမီးကို အိန္ဒိယရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ ဇန်နဝါရီလ ၆ ရက်က ကာနာတာကာပြည်နယ် မြို့တော် ဘန်ဂလူရူမြို့မှာ အခုလို ဖြစ်ပွားခဲ့တာပါ။

ခင်ပွန်းဖြစ်သူက အသက် ၅၆ နှစ်၊ ဇနီးသည်က အသက် ၅၂ နှစ်အရွယ်ရှိပြီး သူတို့မှာ အသက် ၂၀ အရွယ် သားတစ်ဦး ရှိပါတယ်။ သူတို့ဇနီးမောင်နှံဟာ ၂၀၀၂ ခုနှစ်က လက်ထပ်ခဲ့ကြတာပါ။ ခင်ပွန်းဖြစ်သူဟာ ပြီးခဲ့တဲ့ ၂၅ နှစ်လုံးလုံး စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ခဲ့သူဖြစ်ပြီး တစ်နှစ် တစ်ခါတော့ အလည်ပြန်လာလေ့ ရှိပါတယ်။

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာတော့ သူတို့သားအမိက စင်ကာပူကို လိုက်သွားခဲ့ပြီး သားဖြစ်သူကို စင်ကာပူမှာ ကျောင်းထားဖို့ စီစဉ်ကြပါတယ်။ ဇန်နဝါရီလ ၅ ရက်နေ့မှာ သူတို့မိသားစု ၃ ယောက် အိန္ဒိယကို ပြန်လာခဲ့ကြပြီး နောက်တစ်ရက်မှာပဲ ခင်ပွန်းဖြစ်သူက သူတို့သားအဖ နှစ်ယောက်တည်း စင်ကာပူကို ပြန်သွားမယ်၊ မိန်းမက အိန္ဒိယမှာ နေခဲ့လို့ ပြောခဲ့ပါတယ်။

ခင်ပွန်းသည်ဟာ သူ့ဇနီးရဲ့ ခေတ်မမီတော့တဲ့ အိမ်ထောင်မှုစီမံခန့်ခွဲမှုတွေကို မနှစ်မြို့ရာကနေ စကားများခဲ့ကြပါတယ်။ အဲဒီနေ့ မွန်းလွဲပိုင်းမှာတော့ ခင်ပွန်းသည် အိပ်ပျော်နေတုန်း ဇနီးက ဓားနဲ့ထိုးခဲ့တာပါ။ သားအဖနှစ်ယောက်က သူ့ကို အခန်းပြင် တွန်းထုတ်ပြီး အခန်းတံခါးပိတ်ကာ ရဲတပ်ဖွဲ့ထံ ဖုန်းဆက်ခဲ့ကြတာပါ။

ဇနီးသည် ရဲ့ တိုက်ခိုက်မှုကြောင့် အဲဒီအမျိုးသားဟာ ဆေးရုံမှာ ၁၄ ချက် ချုပ်ခဲ့ရတဲ့အထိ ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။