ဂါဇာမှာ အရပ်သားတွေကို အစ္စရေး ပိုကာကွယ်ပေးဖို့ အိုင်စီဂျေ အမိန့်ထုတ်

International News
ဂါဇာမှာ အရပ်သားတွေကို အစ္စရေး ပိုကာကွယ်ပေးဖို့ အိုင်စီဂျေ အမိန့်ထုတ်

အစ္စရေးအနေနဲ့ လူမျိုးတုန်းthetဖြတ်မှု ကွန်ဗင်းရှင်းအောက်က အချက်တွေကို ချိုးဖောက်မှု ရှိ မရှိ ဆိုတဲ့ပတ်သက်လို့ လုပ်ငန်းစဉ်ကို ICJ ဥက္ကဌ တရားသူကြီး ဂျုံး ဒေါ်နိုဟယူး ပြောကြား

ဂါဇာမှာ အရပ်သားတွေကို ပိုပြီး အကာအကွယ်ပေးဖို့ အစ္စရေးကို နိုင်ငံတကာ ရာဇဝတ် တရားရုံး အိုင်စီဂျေ က အမိန့်ထုတ်လိုက်ပေမဲ့ အစ္စရေးရဲ့ စစ်ဆင်ရေးတွေ ရပ်တန့်ဖို့တော့ မတောင်းဆိုခဲ့ပါဘူး။

ဂါဇာမှာ အစ္စရေးဟာ လူမျိုးတုံးthetဖြတ်မှုတွေ ကျူးလွန်နေတယ်လို့ တောင်အာဖရိက ကနေ အစ္စရေးကို အိုင်စီဂျေ မှာ တိုင်တန်း တရားစွဲခဲ့တာပါ။

ဒါကြောင့် ဒီအမှုကို အိုင်စီဂျက ကြားဖြတ် အစီအမံတရပ် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အိုင်စီဂျေ ဥက္ကဋ္ဌ တရားသူကြီး ဂျုံးဒေါ့နော့ဟျူးကတော့လက်ရှိ အခြေအနေမှာ အစ္စရေးဟာ လူမျိုးတုံး thetဖြတ်မှု ကွန်ဗန်းရှင်းအောက်ကအချက်တွေကို ချိုးဖောက်ခဲ့သလားဆိုတာ တရားရုံးအနေနဲ့ သေသေချာချာ စိစစ်လေ့လာဖို့ မလိုသေးဘဲ၊ တရားရုံးအနေနဲ့ ဒီအမှုအကြောင်းချင်းရာကို လေ့လာစမ်းစစ်တဲ့ အဆင့်ကျမှသာ ဘယ်လိုတွေ့ရှိလဲဆိုတာ သိရမှာဖြစ်ပါတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ ထိပ်တန်း တရားရုံး ဖြစ်တဲ့ အိုင်စီဂျေ အနေနဲ့ ဆုံးဖြတ်ချက် ချနိုင်ဖို့ လအတန်ကြာ အချိန်ယူရမှာ ဖြစ်ပါတယ်။

ဒီတရားစွဲမှုနဲ့ ပတ်သက်လို့ အစ္စရေးကတော့ ဒါတွေဟာ သူတို့အပေါ် မမှန်မကန် စွပ်စွဲ ပြောဆိုချက်လို့ ဆိုပါတယ်။

အိုင်စီဂျေ အနေနဲ့ကတော့ အမိန့်ချမှတ် နိုင်တာသာ ရှိပြီး သူတို့အမိန့်ကို လိုက်နာ အကောင်အထည် ဖော်ဖို့ အပြစ်ပေး အရေးယူနိုင်တဲ့ အနေအထားတော့ မရှိပါဘူး။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။