ခင်ပွန်းက ထိုင်းနိုင်ငံမှာ အိမ်တစ်လုံးဝယ်ပေးလိုက်လို့ ဝမ်းသာပီတိ ဖြစ်နေတဲ့ မင်းသမီးမြတ်သူသူ

Celebrity Local News
ခင်ပွန်းက ထိုင်းနိုင်ငံမှာ အိမ်တစ်လုံးဝယ်ပေးလိုက်လို့ ဝမ်းသာပီတိ ဖြစ်နေတဲ့ မင်းသမီးမြတ်သူသူ

မင်းသမီးချောလေး မြတ်သူသူက အနုပညာနယ်ပယ်မှာ အကောင်းဆုံးကြိုးစားအားထုတ်မှုတွေကြောင့် အချိန်အတိုအတွင်း အောင်မြင်မှုတွေရရှိခဲ့ပြီဖြစ်ပါတယ်။ သူမဟာ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေထဲမှာ ကျရာဇာတ်ရုပ်ကို သဘာဝကျကျ ပီပြင်အောင် သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်ရဲ့ အားပေးချစ်ခင်မှုတွေရရှိခဲ့တာဖြစ်ပါတယ် ။ လက်ရှိမှာလည်း အနုပညာအလုပ်ကို အကောင်းဆုံးကြိုးစားလုပ်ဆောင်ပြီး ပရိသတ်ရဲ့ အချစ်တွေနဲ့ လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။

မြတ်သူသူ ဟာ အသက်ငယ်ရွယ်သူ တစ်ယောက်ဖြစ်ပေမယ့် ဘာသာတရားကိုလည်း ကိုင်းရှိုင်းသူဖြစ်ပြီး မိဘအပေါ်မှာလည်း သိတတ်လိမ္မာတဲ့ သူလေးပါ။ ဒါ့အပြင် မကြာခဏဆိုရင်လည်း အခြားလှူတန်းမှုတွေနဲ့အတူ ကြည်နူးစရာကောင်းမှုကုသိုလ်လေးတွေ ပြုလုပ်ခဲ့တာ တွေ့ ရပါတယ်။

အခုတစ်ခါမှာတော့ ခင်ပွန်းဖြစ်သူနဲ့ ထိုင်းနိုင်ငံကိုအလည်အပတ်သွားရောက်တုန်းက အကြောင်းကိုဝေမျှလာတာပဲဖြစ်ပါတယ်။
“တရက်တရက် စိတ်ချမ်းသာအောင် ကိုယ့်ဘဝလေးနဲ့ကိုယ်ပဲ ကြိုးစားနေမယ်တွေးပြီး လောဘတွေမကြီးတော့ထဲက ပိုကံကောင်းလာတယ်တော့
တကယ်ထင်မထားတာတွေချည်းပဲ အရမ်းပျော်နေမိပါပြီ
ကျေးဇူးတင်ပါတယ် အမျိုးသားလေးရေ Sai Htet Myat
တန်ဖိုးထားပြီးချစ်ပေးတဲ့အတိုင်းလည်း တန်ဖိုးရှိရှိနေသွားပါ့မယ်နော် ” ဆိုပြီး လူမှုကွန်ယက်မှာ ဝေမျှပေးလာတာပြဖြစ်ပါတယ်။

ရေးသားသူ –Let Pan News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။