“ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့ရင်” ဇာတ်ကား Red Carpet Showပွဲတက်ရောက်ခဲ့တဲ့ စိုင်းစိုင်း နဲ့ ကစ်

Celebrity Local News
“ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့ရင်” ဇာတ်ကား Red Carpet Showပွဲတက်ရောက်ခဲ့တဲ့ စိုင်းစိုင်း နဲ့ ကစ်

စိုင်းစိုင်းခမ်းလှိုင်ဟာဆိုရင် မြန်မာပြည်ဂီတလောကမှာ ထိပ်ဆုံးမှာရပ်တည်နေတဲ့ အနုပညာရှင်တွေထဲကတယောက်ဖြစ်ပါတယ်။ သူ့ရဲ့တေးသီချင်းတွေက ပရိသတ်တွေကြား လူကြီးလူငယ်မရွေးကြိုက်နှစ်သက်ခဲ့ကြပြီး တခဲနက်အားပေးခဲ့ကြတာဖြစ်ပါတယ်။ ပရိသတ်က ဘစိုင်းလို့ချစ်စနိုးနဲ့ခေါ်ကြတဲ့ စိုင်းစိုင်းဟာဆိုရင် အသက်အရွယ်ရနေပြီဖြစ်ပေမဲ့ အရင်တုန်းကအတိုင်းမပြောင်းလဲသွားပဲ နုပျိုသွက်လက်နေဆဲဖြစ်ပါတယ်။အဆိုတင်မဟုတ်ပဲ သရုပ်ဆောင်လည်းရတဲ့ စိုင်းစိုင်းက ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ အဲ့ဒီဇာတ်ကားတွေထဲကမှ “ပိတောက်ကတဲ့ ဂီတ” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ပိုးမမှီသာနဲ့အတွဲညီညီသရုပ်ဆောင်ခဲ့တာကြောင့် အတော်လေးနာမည်ကြီးခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာတော့ အနုပညာလောကကနေလုံးဝပျောက်ကွယ်ပြီး ကိုယ်ပိုင်ဘဝမှာပဲ အေးအေးဆေးဆေးနေထိုင်နေတာပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ ပွဲတချို့ပြန်လည်တက်ရောက်လာပြီး ပရိတ်သတ်ကြီးရှေ့ကို ဘစိုင်းတယောက် ပြန်လည်ရောက်ရှိလာပြီပဲဖြစ်ပါတယ်။

ဇန်နဝါရီလ (၃၀) ရက်နေ့ ရန်ကုန်၊ သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့တဲ့ ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင် ရုပ်ရှင်ဇာတ်ကား Red Carpet Show ကို တက်ရောက်လာတဲ့ စိုင်းစိုင်းခမ်းလှိုင် နှင့် ဝတ်မှုံရွှေရည် တို့ရဲ့ ပုံရိပ်တွေပါ။

ဝတ်မှုန်ရွှေရည်ကလည်း ‘အင်းလေးဒေသ လှေပေါ်မှာ ရိုက်ကူးရတာက ကုန်းပေါ်မှာရိုက်ကူးရတာထက် ပိုပြီး ခက်ခဲပါတယ်၊ ဒီလိုဇာတ်ကားမျိုး နောက်ထပ်ရိုက်ဖို့ လွယ်ပါ့မလား မသိဘူး၊ မြလေးရှင် ဖြစ်အောင်တော့ ကြိုးစားခဲ့ပါတယ်’ လို့ပြောပြသွားခဲ့ပါတယ်။

ရေးသားသူ –Myanmar Celebrity News

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။