အကြိတ်အနယ်ဖြစ်နေတဲ့ ပါကစ္စတန်ရွေးကောက်ပွဲရလဒ်

International News
အကြိတ်အနယ်ဖြစ်နေတဲ့ ပါကစ္စတန်ရွေးကောက်ပွဲရလဒ်

ပါကစ္စတန် အထွေထွေ ရွေးကောက်ပွဲ ရလဒ်တွေ ထွက်လာတာ နှေးကွေးနေပေမဲ့ ထွက်လာတဲ့ စာရင်းတွေအရ အကျဉ်းကျနေတဲ့ ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းက ထောက်ခံတဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေက ရှေ့ကနေ ပြေးနေပါတယ်။

သူတို့ဘက်က လွှတ်တော် အမတ်နေရာ ၅၂ နေရာ နိုင်ထားပြီး စစ်တပ်က မျက်နှာသာ ပေးထားတဲ့သူလို့ သတ်မှတ်ကြတဲ့ ဝန်ကြီးချုပ်ဟောင်း နာဝပ်စ် ရှာရစ်ဖ် က ၄၂ နေရာ ရထားပါတယ်။

မစ္စတာခန်းကို ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ သတ်မှတ်ချက်နဲ့ မပြည့်စုံဘူးလို့ ဆိုပြီး ကန့်သတ်ခဲ့ပြီးတဲ့နောက် သူ့ပါတီ PTI ကအရွေးချယ်ခံမယ့်သူတွေဟာ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေ အဖြစ် ရွေးကောက်ပွဲ ဝင်ခဲ့ကြပါတယ်။

မစ္စတာ ခန်းရော မစ္စတာ ရှာရစ်ဖ်ရောက သူတို့နိုင်ပြီလို့ ကြေညာနေကြပါတယ်။

ရေးသားသူ –BBC Burmese

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။