ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ ကြာသီး / ကြာစေ့

Health Knowledge
ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ ကြာသီး / ကြာစေ့

ကြာပန်းပွင့်လို့ ကြာသီးသီးရင် ခူးစားဖြစ်ကြလားရှင့်။ ကြာသီး/ ကြာစေ့ပေါ်ချိန်ဆိုရင် ခူးပြီးရောင်းတာတွေ့ရပါတယ်။ အဲလိုရောင်းရင်ကော ဝယ်စားဖြစ်ရဲ့လား။ ကြာသီးကို အပေါ်ကအခွံခွာပြီး အထဲကအစေ့ကို စားရတာဟာ ချိုစိမ့်လေးနဲ့ တမျိုးလေး အရသာရှိပါတယ်။

ကြာသီးမှာ Antioxidantတွေ ကြွယ်ဝစွာပါဝင်ပြီး ရောင်ရမ်းမှုကို သက်သာစေသလို အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်ပါတယ်။ သွေးတိုးရှိသူတွေလည်း သွေးကျစေဖို့ စားသုံးပေးနိုင်တဲ့ အသီးပါ။ ကြာသီး/ကြာစေ့ရဲ့ကျန်းမာရေး အကျိုးကျေးဇူးတွေကို ကြည့်လိုက်ရအောင်နော်။

အိပ်မပျော်ခြင်းကို ကုသပေးတယ်

အိပ်မပျော်တာ မကြာခဏဆိုသလိုနိုးတာဟာ အသက်ကြီးတဲ့သူတွေ၊ အလုပ်များ စိတ်ဖိစီးမှုများသူတွေမှာ ဖြစ်လေ့ရှိပြီး ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေ များစွာရှိစေပါတယ်။ ကြာသီးကိုစားပေးတာဟာ အိပ်မပျော်တာကိုကုသပေးပြီး ကောင်းမွန်စွာ အိပ်စက်အနားယူစေပါတယ်။

ဆီးချိုလူနာတွေအတွက်

ကယ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓါတ် ပါဝင်မှုများတာကြောင့် သွေးတွင်းသကြားဓါတ် ပါဝင်မှုကို လျှော့ကျစေပါတယ်။ အရသာရှိတဲ့ သရေစာအဖြစ် စားသုံးပေးနိုင်ပါတယ်။

အိုမင်းရင့်ရောက်မှုကို တားဆီးပေးခြင်း

ကြာစေ့/ကြာသီးဟာ အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်တဲ့ အင်ဇိုင်းဓါတ်တစ်မျိုး ပါဝင်ပြီး ပျက်ဆီးသွားတဲ့ ပရိုတင်းဓါတ်တွေကို ပြန်လည်ပြုပြင်ပေးပါတယ်။

ဝမ်းပျက်ခြင်းကိုကုသပေးခြင်း

အရသာရှိတဲ့ ကြာသီးဟာ ဝမ်းလျှောဝမ်းပျက်တာကို သက်သာစေပါတယ်။

သွေးဖိအားကျစေခြင်း

သွေးတိုးရှိတဲ့သူတွေ စားပေးလို့ရပါတယ်။

ဆီးဆိုင်ရာပြဿနာတွေကို ကုသပေးခြင်း

ဆီးလမ်းကြောင်းဆိုင်ရာပြဿနာတွေကို ကုသပေးနိုင်တဲ့အတွက် ကြာစေ့/ကြာသီးကို စားပေးနိုင်ပါတယ်။

သွားဖုံးရောဂါ

သွားဖုံးဆိုင်ရာ ပြဿနာတွေအတွက် ကြာစေ့/ကြာသီးကိုစားပေးနိုင်ပါတယ်။ ပုံမှန်စားပေးမယ်ဆိုရင် သွားဖုံးနဲ့ဆိုင်ရာ တခြားပြဿနာတွေကို ကုသပေးနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်

ပရိုတင်းဓါတ်ကြွယ်ဝစွာပါဝင်လို့ အာရုံကြောစနစ်နဲ့ ဦးနှောက်ဖွံ့ဖြိုးစေပါတယ်။ဒါ့ကြောင့် ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ သရေစားအဖြစ်စားပေးနိုင်ပါတယ်။

အသည်းကိုကျန်းမာစေခြင်း

အသည်းအဆီဖုံးတာတို့လို အသည်းနဲ့ဆိုင်တဲ့ ပြဿနာတွေကို တားဆီးပေးနိုင်ပါတယ်။

Credit-MyFood Myanmar

ရေးသားသူ –Shweu

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။