ဇူကာဘတ်၊ ဘီလ်ဂိတ်နဲ့ ဘီယွန်ဆေးတို့ တက်ရောက်ခဲ့တဲ့ အိန္ဒိယ မင်္ဂလာပွဲအကြို အခမ်းအနား

Celebrity International News
ဇူကာဘတ်၊ ဘီလ်ဂိတ်နဲ့ ဘီယွန်ဆေးတို့ တက်ရောက်ခဲ့တဲ့ အိန္ဒိယ မင်္ဂလာပွဲအကြို အခမ်းအနား

အာရှတိုက်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် မူကက်ရှ်အမ်ဘာနီရဲ့ သား အာနန်ရဲ့ မင်္ဂလာပွဲအကြို အခမ်းအနားကို မက်ခ်ဇူကာဘတ်၊ ဘီလ်ဂိတ်၊ ဘီယွန်ဆေးတို့အပါအဝင် ကမ္ဘာတစ်လွှားက ထင်ပေါ်ကျော်ကြားသူတွေ တက်ရောက်ခဲ့ကြပါတယ်။ ဂူဂျာရက်ပြည်နယ်မှ အမ်ဘာနီရဲ့ စံအိမ်မှာ ၃ ရက်ကြာ ကျင်းပတဲ့ မင်္ဂလာပွဲအကြို အခမ်းအနားကို ဧည့်သည်တော် ၁၂၀၀ တက်ရောက်ခဲ့ကြပြီး ကမ္ဘာတလွှားမှ နာမည်ကျော် စားဖိုမှူးတွေက ဟင်းပွဲ ၅၀၀ ကျော် တည်ခင်းပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီပွဲဟာ အိန္ဒိယနိုင်ငံမှာ ဘီယွန်ဆေး ပထမဆုံးဖျော်ဖြေတဲ့ပွဲဖြစ်ပြီး အနုပညာကြေး ဒေါ်လာ ၇ သန်းပေးခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ တက်ရောက်လာတဲ့ ဧည့်သည်တော်တွေကို ခန်းမအနီးမှာ ဇိမ်ခံရွက်ဖျင်တဲတွေ ထိုးထားပေးပြီး မိတ်ကပ်နဲ့ ဆံသပညာရှင်တွေ ခေါ်ပေးထားသလို အဝတ်လျော်၊ မီးပူတိုက်ပေးတဲ့ ဝန်ဆောင်မှု၊ အိန္ဒိယဝတ်စုံတွေ ဆင်ယင်ပေးတဲ့ ဖက်ရှင်သမားတွေကိုပါ ခေါ်ပေးထားပါတယ်။
အိန္ဒိယအနုပညာရှင် မင်းသားတွေဖြစ်တဲ့ ရှာရွတ်ခန်ဆယ်လ်မန်ခန်း၊ ရမ်ချာရန်၊ အေမာခန်းတို့လည်း ဒီပွဲကို တက်ရောက်ခဲ့ကြပါတယ်။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

 https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။