နာမည်ကြီး Manga “Dragon Ball”ဖန်တီးရှင် အာခီရာတိုရီယာမာ ကွယ်လွန်

Celebrity International News
နာမည်ကြီး Manga “Dragon Ball”ဖန်တီးရှင် အာခီရာတိုရီယာမာ ကွယ်လွန်

နာမည်ကြီး Manga “Dragon Ball” ဖန်တီးရှင် အာခီရာတိုရီယာမာဟာ အသက် ၆၈ နှစ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ သူ သေဆုံးသွားကြောင်းကို မတ်လ ၈ ရက်နေ့မှာ X အကောင့် (တွစ်တာ) Dragon Ball ကနေ ထုတ်ပြန်ခဲ့တာပါ။ အာခီရာ thayဆုံးခဲ့တာကတော့ မတ်လ ၁ ရက်နေ့ကဖြစ်ပြီး ဦးနှောက်မျက်နှာပြင်ပေါ် သွေးခဲခြင်း (Subdural hematoma) ရောဂါနဲ့ thayဆုံးခဲ့တာပါ။

ဈာပနအခမ်းအနားကို သူ့မိသားစု၊ ဆွေမျိုးတချို့နဲ့အတူ ပြုလုပ်ခဲ့တာပါ။ အာခီရာအတွက် အထိမ်းအမှတ်စုဝေးပွဲအစီအစဉ်တွေကိုတော့ မဆုံးဖြတ်ရသေးပေမဲ့ အချိန်မီထုတ်ပြန်ကြေညာသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အာခီရာ ဖန်တီးခဲ့တဲ့ manga “Dragon Ball” ကို ၁၉၈၄ ခုနှစ်ကတည်းက ထုတ်ဝေခဲ့တာပါ။ အာခီရာကို ၁၉၉၀ ပြည်နှစ်ဝန်းကျင်က ဗီဒီယိုဂိမ်းဖြစ်တဲ့ Chrono Trigger အတွက် ဒီဇိုင်နာတစ်ဦးအဖြစ်လည်း လူသိများပါတယ်။ အာခီရာမှာ ဖန်တီးနေတဲ့ လက်ရာများစွာရှိနေသေးပြီး သူ ကွယ်လွန်သွားတာကြောင့် ဒီပရောဂျက်တွေကို မပြီးပြတ်သေးဘဲ ဒီအတိုင်းထားမလားဆိုတာတော့ ဖော်ပြမထားပါဘူး။

ရေးသားသူ –Yoyarlay

မိုးနတ်မင်း သတင်းစုံ – Telegram Channel မှလည်း ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများအပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။ အသစ်အသစ်သော သတင်းတွေမလွတ်သွားရအောင် အောက်ပါ Link လေးကိုနှိပ်ပြီး အခုပဲ join ထားလိုက်ပါ။

https://t.me/moenatminmedia

မိုးနတ်မင်း ပရိသတ်ကြီးလည်း အခုသတင်းလေးကိုဖတ်ပြီး ထင်မြင်ချက်တွေကို ကွန်မန့်မှာရေးခဲ့ရင်း မိတ်ဆွေများသိအောင် သတင်းကို မျှဝေပေးခဲ့ပါဦး။